Sunday, July 14, 2013

အကြား အမြင်ရ အိုင်းစတိုင်း နှင့် အနာဂတ် ကမ္ဘာ



အဲလ်ဘတ် အိုင်းစတိုင်း ပြောခဲ့ဖူးတဲ့ စကား တစ်ခွန်းက ဒီလိုပါ..

"ကျနော် ကတော့ နည်းပညာ ဟာ လူသား တို့ရဲ့  အသုံးဝင်မှု ထက် ပိုကျော်လွန် သွားမှာ စိုးရိမ် တယ်။ ကမ္ဘာ မှာ လူပျော့ လူညံ့ မျိုးဆက်တွေ ပဲ ဖြစ်တည် လာ လိမ့်မယ်"


တစ်ကယ် မှန်ကန် လာပါတယ်။ လူသားတွေဟာ နည်းပညာကို တီထွင်တယ် ဆိုပေမယ့် ယင်း နည်းပညာအပေါ် မှီခိုတဲ့ လူသား အရေအတွက်က ပိုများ လာလေတော့ တစ်ကယ်ပဲ idiot တွေများလာ ပါတယ်။

 တွေးခေါ်နိုင်မှု စွမ်းအား၊ ဖန်တီးနိုင်မှု စွမ်းအား၊ လုပ်ကိုင်နိုင်မှု စွမ်းအား၊ ကြိုးစားနိုင်မှု စွမ်းအား ဟာ  အနာဂတ် လူငယ်တွေမှာ နည်းပါးလာနိုင်တယ်လို့ အိုင်းစတိုင်း က ကြိုတင် ခန့်မှန်း ခဲ့ခြင်း ဖြစ် ပါတယ်။ 

ဘယ်ရောက်ရောက် နည်းပညာ ပစ္စည်းများနဲ့ သာ စီးမျှောနေတဲ့ ခေတ် ကို တစ်ကယ်ရောက် လာပါပြီ။ မြန်မာပြည်မှာလည်း ဖြစ်လာပါပြီ။

ကမ္ဘာမှာ စွန့်ဦး တီထွင်သူတွေ များစွာပေါ်ပေါက်လာခြင်းနဲ့ အတူ ပညာအရည် အချင်းနိမ့်သော၊ လုပ်ရည်ကိုင်ရည် နိမ့်ကျသော လူငယ်များ အရေ အတွက်လည်း တိုးပွားလာပါတယ်။ 

ယင်းကဲ့သို့လည်း ကံ အကြောင်း ဖန်နေ ပါတယ်။ စွန့်ဦး တီထွင် ဖန်တီးသူ အရေအတွက် ထက် idiot အရေ အတွက် ပိုများ လာမယ့် ကမ္ဘာကြီးဟာ ဘယ်လို ဖြစ်လာမလဲ ဆိုတာ  အိုင်စတိုင်းပြော တဲ့ စကားထဲ မှာ အဖြေရှာတွေ့နိုင်ပါတယ်။



ရိုးရာလေး 
 မြ၀တီ သတင်း မှ ကူးယူဖေါ်ပြသည်...

 

No comments:

Post a Comment