Saturday, July 20, 2013

န.စ.က ဖျက်သိမ်းမှု ဒဲ၇စ်မစ်ချဲလ် ကြိုဆို..........


IMG 7153

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် မှ သမ္မတ ဦးသိန်းစိန်၏ နယ်စပ်ဒေသ လူဝန်မှု စစ်ဆေးရေး ကွပ်ကဲမှု ဋ္ဌာနချုပ်(န.စ.က)ဖျ က်သိမ်းခြင်း အပေါ် ကြိုဆို လိုက်သည်ဟု ဇူလိုင်လ(၁၇)ရက်နေ့က ပြောကြားလိုက်သည်။

“ ရခိုင်နယ်စပ် လုံခြုံရေး န.စ.က ကို သမ္မတ ဦးသိန်းစိန် ဖျက်သိမ်း လိုက်တဲ့ သတင်းကို ကြိုဆို ပါတယ်။န.စ.က က လူ့အခွင့် အရေးချိုးဖောက် တဲ့ သတင်းတွေ ကို အကြိမ်ကြိမ် ကြားသိခဲ့ ရပါတယ်။ 

 ဒီသတင်းတွေ ဟာ ငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ရခိုင်ပြည်နယ်ဆောက်တည်ရေး ကို အနှောင့် အရှက်ဖြစ်စေပါတယ်။ အမေရိကန်နိုင်ငံ မှ ရခိုင်ပြည် နယ်ရဲ့ အခြေအနေ ကို ကြားသိနေ ရပါတယ်။

 
 ထိရောက် တဲ့ အရေးပေါ် အခြေအနေ စီမံချက် ရှိဖို့၊ လူသားခြင်း စာနာမှု အကူ အညီတွေ ပေးနိုင် ဖို့၊ လွတ်လပ် စွာ လှုပ်ရှား သွားလာနိုင်ဖို့၊ အာမခံ ရှိဖို့ နဲ့ အခြေခံ အခွင့် အရေးတွေ ကို ရရှိနိုင်ဖို့ လိုပါတယ်”ဟု ဒဲရစ်မစ်ချယ်မှ ပြောကြားလိုက်ခြင်းဖြစ်သည်။
 
န.စ.ကကို ဖျက်သိမ်း လိုက်ပြီး ရခိုင်ပြည်နယ် ၌ အားကိုး အားထားပြုနိုင်ပြီး အာမခံနိုင်သည့် လုံခြုံရေး အဖွဲ့ အစည်း တစ်ခုကို တည်ဆောက်ကာ အကြမ်းဖက်မှု များရန်မှ ကာကွယ်နိုင်ပြီး ရခိုင် လူ့အဖွဲ့အစည်း အား ပိုမို လုံခြုံပြီး စိတ်ချရသည့်  အခြေအနေမျိုး တည်ဆောက်နိုင် လိမ်ဟု မျှော်လင့်ကြောင်း ကိုလည်း ၄င်းက ဆိုသည်။
နယ်စပ်ဒေသ လူဝန်မှု စစ်ဆေးရေး ကွပ်ကဲမှု ဋ္ဌာနချုပ်အား ဖျက်သိမ်းကြောင်း ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မှ လက်မှတ်ရေးထိုး ၍ ဇွန်လ(၁၂)ရက်နေ့ က နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ခဲ့သော် လည်း မည်သည့် အတွက်ကြောင့် ဖျက်သိမ်းရခြင်း ကိုမူ မသိရချေ။

 “နစက ကို ဖျက်တာ လက်ခံတယ်၊ ထောက်ခံတယ်”ဟု ရခိုင် တိုင်းရင်းသား ဖွံ့ဖြိုးတိုးတတ်ရေး ပါတီမှ ဒေါက်တာ အေးမောင် က ပြောကြားထားကြောင်းနှင့် အသစ်ပြန် လည် ဖွဲ့စည်း သင့် သည် ဟု အကြံပြုထားကြောင်း သတင်း ထုတ်ပြန်ချက်များအရ သိရသည်။ 
မြန်မာနိုင်ငံ အတွင်းသို့ တဘက်နိုင်ငံ များမှ ခိုးဝင် မှုများမှာ နစခအဖွဲ့နှင့် ပတ်သက်မှု များ ရှိခြင်းကြောင့် ယ ခုကဲ့သို့ ဖျက်သိမ်း ရခြင်းဖြစ်နိုင်သည်ဟု ရခိုင်ဒေသခံ လူငယ် တစ်ဦးက သုံးသပ်သည်။
နစက အဖွဲ့၌ လ.၀.က၊ ရဲတပ်ဖွဲ့၊ တပ်ရင်းတပ်ဖွဲ့ များနှင့် တပ်မတော်ထောက်လှမ်းရေး၊ အကောက်ခွန် အဖွဲ့ ဟူ၍ အဖွဲ့(၅) ခုပါဝင်ကြောင်း သိရှိ ရပြီး ဋ္ဌာနချုပ် မှာ ရခိုင်ပြည်နယ် ကျီးကန်ပြင်ကျေးရွာ ၌ အခြေစိုက် သည်ဟု သိရသည်။
                               

 မြစ်မခ မှကူးယူဖေါ်ပြသည်.


No comments:

Post a Comment