Saturday, July 20, 2013

ဝါဆို လပြည့်နေ့ အကြောင်း သိကောင်းစ၇ာ..........


ဝါဆိုလပြည့် ဆိုတာ မြန်မာတွေ အတွက် အရေးပါလှတဲ့ နေ့ လေး တစ်နေ့  ပါ။ ကျေးဇူးတော် ရှင် ဂေါတမမြတ်စွာ ဘုရား တရားဦးဟောကြား ခဲ့သော ဓမ္မစင်္ကြာ တရားကြောင့် ဗုဒ္ဓ အလင်းရောင်တွေ ထိန်လင်း ခဲ့ပါသည်။ 
 ဓမ္မစင်္ကြာ အခါတော်နေ့ ဟာ သစ္စာလေးပါးနဲ့  အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ ထူးနေ့မြတ် ဖြစ်ပါသည် ။

ဝါဆိုလပြည့်နေ့ ရာဇ၀င်

ဟိုးရှေးရှေးတုန်းက... မြတ်စွာ ဘုရားလက်ထက် မှာ ရဟန်းသင်္ဃာ အများစုသည် မိုးတွင်း ကာလ မှာ စိုက်ပျိုးထားသည့် စပါးခင်းများ ထဲကို ဖြတ်သန်းလေ့ ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ 
 
 အဲဒီ အကြောင်းကို ရွာသူရွာသား များက မြတ်စွာဘုရား ကို တိုင်ကြားကြ ပါသည် ။ မြတ်စွာ ဘုရား သည် စပါးပင် စိုက်တဲ့ အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိ တိုင်အောင်.. ရဟန်း သင်္ဃာများကို မိမိ သီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာ ကိုမှ ညအိပ် ညေ နသွား ခွင့်မရှိ ပဲ နဲ့ မိမိကျောင်းမှာပဲ သီတင်းသုံး ကာ တရား အားထုတ်ဖို့  အချိန်သုံးလ သတ်မှတ်ခဲ့ ပါသည်။ 
ထို ကာလ ကို ၀ါတွင်း သုံးလလို့  ခေါ်ပါသည်။ အဲဒါကြောင့် မို့ ဒီ ၀ါတွင်း သုံးလ အတွင်းမှာ ရဟန်း သင်္ဃာများဟာ ဘယ်မှဝေးဝေး လံလံ မသွား ပဲနဲ့  ကိုယ့်ကျောင်းမှာပဲ တရားဒေသနာ များကို သင်ချ အားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်း သတ်မှတ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်း

ဝါဆို သင်္ကန်း- ဆိုတာ ၀ါတွင်း ကာလ(မိုးကာလ)၌ မိမိ တို့ကျောင်း အသီးသီးတွင် သီတင်းသုံးနေထိုင် သည့် သံဃာတော်များ အား လှူဒါန်းသည့် သင်္ကန်းလို့ ပြောနိုင်မယ် ထင်ပါသည်။ 
ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များ မှာ ၀ါဆိုသင်္ကန်း ကို   ၀ဿာ    ၀ါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိ အင်္ဂလိပ် အဘိဓာန် မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ 
တိပိဋက ပါဠိအဘိဓာန်က ၀ဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) - မိုးကာလ၌ မိမိတို့ကျောင်း တွင် နေလေ့ ရှိသော ရဟန်းတို့ အား ပေးလှူ အပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။

ဝါမဆိုမီ ကာလမှာ ၀ါဆို သင်္ကန်း ကို ကပ်လှူလေ့ရှိသည်။ ၀ါတွင်း ကာလမှာ အရင်ကထက် ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့ သံဃာတော်တွေကို ၀ါဆို သင်္ကန်း ဆိုပြီး ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ က လှူဒါန်းကြပါသည်။
                   Myawady News မှ ထပ်ဆင့်မျှဝေသည်...

No comments:

Post a Comment