Thursday, July 25, 2013

ကျေးလက် အထိ မိုဘိုင်း ကွန်၇က် ပျံ့နှံ့ စေ၇န်..........


ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်း များ ကို အော်ပရေတာ များက လုပ်ကိုင်ပြီး နောက် ပိုင်းတွင် ကျေးလက်ဒေသ များအထိ မိုဘိုင်း ကွန်၇က် ပျံ့နှံ့စေ ရန်နှင့် အိုင်စီတီ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မိုဘိုင်း အော်ပရေတာ များ၏ငွေကြေးဖြင့် ရန်ပုံငွေ ထားရှိခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။


ယင်းသို့ မိုဘိုင်းအော် ပရေတာ များငွေကြေးဖြင့် ရန်ပုံငွေ ထားရှိခြင်း (Universal Service Fund) လုပ်ကိုင်ရန် ဆက်သွယ်ရေး ဥပဒေမူကြမ်း တွင် ထည့်သွင်း လိုက်ခြင်းဖြစ် ပြီး အော် ပရေတာ များ အနေဖြင့် ဆက်သွယ်ရေး ၀န်ဆောင် မှုများ လုပ်ဆောင်ရာတွင် ဆက်သွယ်ရေး ကွန်ရက် မရောက်ရှိနိုင် သည့် ကျေးလက်ဒေသများ တွင် မိုဘိုင်း တာဝါ တိုင် များ တည်ဆောက်ခြင်းနှင့် အိုင်စီတီဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။

ယင်းသို့ ထည့်သွင်းခြင်း မှာ ဆက်သွယ်ရေး ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော်တွင် သွားရောက်ဆွေးနွေးသည့် အချိန်၌ ထည့်သွင်း လိုက်ခြင်းဖြစ်သည် ဟု ပြည်သူ့လွှတ်တော်တွင် သွားရောက်ဆွေးနွေး ခဲ့သူ ကွန်ပျူတာ အသင်းချုပ် အလုပ် အမှုဆောင် ဦးဇော်မင်းဦး က မဇ္ဈိမသို့ ပြောသည်။




ဦးဇော်မင်းဦး က “အိုင်စီတီဖွံ့ဖြိုးတိုးတက်မှု အတွက် ရန်ပုံငွေတွေ ထားရမယ်။ အဲဒီ ရန်ပုံငွေတွေ ကို Communication Development  (ဆက်သွယ်ရေး ဖွံ့ဖြိုးမှု) နိမ့်ကျတဲ့နေ ရာတွေ မှာသုံးဖို့နဲ့ လိုအပ်ရင် အိုင်စီတီ ဧရိယာတွေမှာ သုံးဖို့ ဆွေးနွေးတယ်” ဟု ပြောသည်။

အဆိုပါ ရန်ပုံငွေ များကို ဆက်သွယ်ရေး ၀န်ကြီးဌာနက ထိန်းသိမ်းကာ လိုအပ်သည့် ဆက်သွယ်ရေး ဖွံ့ဖြိုးမှု လုပ်ငန်းစဉ် များကို လုပ်ကိုင်ဆောင် ရွက်သွား မည်ဖြစ်သည် ဟု ဥပဒေတွင် ပါရှိပြီး ကောက်ခံ ရမည့် ရာခိုင်နှုန်း ပမာဏကို ဆက်သွယ်ရေး နည်းဥပဒေတွင် ထပ်မံ ထည့်သွင်း ဖွယ်ရှိကြောင်း ၎င်းကပြော သည်။

ဦးဇ်ာမင်းဦး က “ဥပဒေ အရတော့ ၀န်ကြီးဌာန ကို လုပ်ပိုင်ခွင့်ပေးထား တယ်။  Fund ကောက် ဖို့၊ ထိန်းသိမ်းဖို့က Regulator (ညွှန်ကြားမှုဦးစီးဌာန) ကကောက်ပြီး ထိန်းသိမ်းပေး မယ်” ဟု ပြောသည်။

ဆက်သွယ်ရေးအော်ပရေတာ များ အနေဖြင့်မူ ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါဝင်သည့် အချက် များကို လိုက်နာ ဆောင်ရွက် သွားရ မည်ဖြစ်သည် ဟုလည်း ဆက်သွယ်ရေး သင်တန်းကျောင်း အုပ် ဦးကျော်စိုးက ပြောသည်။

၎င်းက “အဲဒါကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထိန်းချုပ်ပြီးလုပ်မှာ။ ကျွန်တော် တို့ အော်ပရေတာတွေ အနေနဲ့ ဆက်သွယ်ရေး ဥပဒေမှာ ပါတဲ့ အချက်တွေကို လိုက် နာပြီး ဆောင် ရွက်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

မိုဘိုင်းအော်ပရေတာ များ အနေဖြင့် ဆက်သွယ်ရေး ၀န်ဆောင်မှုပေးရာ တွင် လူဦးရေ ထူ ထပ်သော မြို့ကြီး များတွင် ဆက်သွယ်ရေး ကွန်ရက်ကောင်းစေရန် လုပ်ပေးရုံ သာမက ကျေး လက်ဒေသ ရှိ ပြည်သူ လူထု များ ပါ မိုဘိုင်း ကွန်ရက် ကောင်းမွန် စွာ အသုံးပြုနိုင် ရန် လုပ်ဆောင်ပေး သင့်ကြောင်း ပြည်တွင်း အိုင်စီတီ ပညာရှင် များက သုံးသပ်သည်။

Red link ကုမ္ပဏီ ၏ ဈေးကွက် မန်နေဂျာ ဦးမျိုးမြင့်ညွန့် က “ဒေသ အကုန်လုံး ဆက်သွယ်ရေး ကွန်ရက် မဖွံ့ဖြိုးရင် အဆင် မပြေဘူးပေါ့။ ဒါပေမဲ့ ရွေးချယ် ထားတဲ့ အော်ပရေတာတွေ ကိုလည်း ဘယ်နှစ် အတွင်း ဘယ်ဧရိယာ ကို နက်ခ်ဝပ် ဘယ်လောက်ရောက်အောင် လုပ်ရမယ် ဆိုတာ ရှိတယ်။ တချို့ ဧရိယာတွေ ကတော့ ကျန်ကောင်း ကျန်နေဦး မှာပေါ့” ဟု သုံးသပ်ပြော ကြား သည်။
                                               


ချိုကို |  
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၄ ရက် ၂၀၁၃ 
မဇ္ဈိမ သတင်း မှ မျှဝေဖေါ်ပြသည် 



No comments:

Post a Comment