Wednesday, July 17, 2013

ဝါဆို သင်္ကန်း လှု၇ခြင်း အကျိုး

Photo: ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး =================== ၁ - အသက်ရှည်ခြင်း၊ ၂ - အဆင်းလှခြင်း၊ ၃ - ချမ်းသာကြီးခြင်း၊ ၄ - ခွန်အားဗလနှင့် ပြည့်စုံခြင်း၊ ၅- ဈာန် မဂ် ဖိုလ်တရားများကို ရနိုင်ခြင်း၊ ၆- ပစ္စုပ္ပန်သံသရာတို့၌အကျိုးများခြင်းကြောင့်ကထိန်သင်္ကန်း နှင့်အတူတကွ အခြံအရံဖြစ်ကုန်သော ဆွမ်းခဲဖွယ် ဘောဇဉ် ချိုချဉ်သြဇာ အရ သာ တို့ကို ဆက်ကပ်လှူဒါန်းရခြင်း၊ ၇ - သီလဆောက်တည်ရခြင်း၊ ၈ - တရားနာရခြင်း ၉ - အလှူခံပုဂ္ဂိုလ်၊ အလှူဝတ္ထုနှင့် ပတ်သက်၍ သမထ ဝိပဿနာ ပွားများရခြင်း။  ----------------------- '' အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .  '' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''  '' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။  ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -  '' ရွှေသို့အဆင်း၊ မြူကြေးကင်၍  ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊  မကသိန်းဖိုး၊ ပုဆိုးရလေ၊  ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊  ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''  ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။  ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်Óဏ် ဖိုလ်Óဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။  -------------------- ဇောတိက  အင်းလေးမီဒီယာ

၁ - အသက်ရှည်ခြင်း၊
၂ - အဆင်းလှခြင်း၊
၃ - ချမ်းသာကြီးခြင်း၊
၎ - ခွန်အားဗလနှင့် ပြည့်စုံခြင်း၊
၅- ဈာန် မဂ် ဖိုလ်တရားများကို ရနိုင်ခြင်း၊
၆- ပစ္စုပ္ပန် သံသရာ တို့၌ အကျိုးများခြင်းကြောင့် ကထိန် သင်္ကန်း နှင့် အတူတကွ အခြံအရံဖြစ် ကုန်သော ဆွမ်းခဲဖွယ် ဘောဇဉ် ချိုချဉ် သြဇာ အရ သာ တို့ကို ဆက်ကပ် လှူဒါန်းရခြင်း၊

 

 
၇ - သီလဆောက်တည်ရခြင်း၊
၈ - တရားနာရခြင်း
၉ - အလှူခံပုဂ္ဂိုလ်၊ အလှူဝတ္ထုနှင့် ပတ်သက်၍ သမထ ဝိပဿနာ ပွားများရခြင်း။


'' အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤ ဝါဆို သင်္ကန်းကို လှူဒါန်း ရသဖြင့် . . .

'' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''

'' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော် များအရ သင်္ကန်း၏ အဓိက အကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန် ရမည်ဖြစ်ပေသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည် ရစဉ်ဝယ် -

'' ရွှေသို့အဆင်း၊ မြူကြေးကင်း၍

ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊

မကသိန်းဖိုး၊ ပုဆိုးရလေ၊

ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊

ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''

ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။

ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤ ဝါဆိုသင်္ကန်း အလှူ  သည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်Óဏ် ဖိုလ်Óဏ် မြတ်နိဗ္ဗာန် ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်းလှူဒါန်း ခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသွေ ရပေမည်။


ဇာတိက
From...အင်းလေးမီဒီယာ



                                             နောက်ဆုံး၇ သတင်းများ မှ ကူးယူဖေါ်ပြသည်..........

No comments:

Post a Comment