Sunday, July 7, 2013

နည်းပညာ က အမြင် အာ၇ုံကို ဖန်တီး ခဲ့ခြင်း........




၂၄ နှစ် အရွယ်လူငယ် တစ်ဦးဟာ ရထားပြူတင်းပေါက် ကနေ အပြင် ကိုကြည့်ရင်း............
"ဖေဖေ ကြည့်စမ်း ပါအုန်း သစ်ပင်တွေ နောက်ပြန်ပြေးနေကြတယ် ။"


သူ့ အဖေကတော့ သူ့သားကို ပြုံးပြီးကြည့်နေပေမဲ့ သူတို့နား မှာ ထိုင်နေတဲ့ လူငယ်စုံတွဲ ကတော့ ၂၄ နှစ် အရွယ် လူသား တဦးရဲ့ ကလေးကလား အပြုအမှုတွေကို သနားသဖွယ် ပုံစံမျိုးနဲ့ ကြည့်နေကြတယ် ။ 


ရုတ်တရက်ပဲ ၂၄ နှစ် အရွယ် လူငယ်လေးက "ဖေဖေ ကြည့်ပါ အုန်း တိမ်တွေက ကျွန်တော်တို့ နဲ့ အတူပြေးနေကြတယ်"

အနီးမှာ ထိုင်နေတဲ့ လူငယ် စုံတွဲဟာ ပြောချင်စိတ်ကို မအောင့်နိုင်တော့ပဲ အဖေလုပ် သူကိုပြော လိုက်တယ် ။
 

"ဘာကြောင့် အန်ကယ်ရဲ့ သားကို ကျွမ်းကျင် ဆရာဝန်ကောင်း နဲ့ မပြတာလည်း"
အဖေ လုပ်သူက လူငယ် စုံတွဲကို ပြုံးပြီး ပြန်ပြောလိုက်တာက
 

"ဆရာဝန်ကောင်းနဲ့ ပြပါတယ် ၊ အခုပဲ ကျွန်တော်တို့ ဆေးရုံက ပြန်လာကြတာ ၊ ကျွန်တော့ သားက မွေးရာပါ မျက်မမြင် တယောက်ပါ ။ ဒီနေ့ပဲ မျက်စိအစားထိုး ကုသတာအောင်မြင်လို့ သူ့ အမြင်အာရုံကို ရတာ"

လူတစ်ယောက် ရဲ့ အကြောင်း ကို သင် မသိခင် ကောက်ချက် မချပါနဲ့ အမှန်တရားက သင့်ကို အံ့အားသင့်စေလိမ့်မယ် ။




နည်းပညာက အမြင်အာရုံကို မျက်မမြင်တွေ အတွက် ဖန်တီးနိုင်ခဲ့ပါပြီ ။
ဒါဟာ စိတ်ကူးတွေ က ပုံဖော်ယူတဲ့ သိပ္ပံ ပညာရဲ့ ရိုးရှင်းတဲ့ အောင်မြင်မှုသာမက မကြာခင်မှာ စိတ်ကူးယဉ် အိပ်မက်တွေလည်း အကောင်အထည်ပေါ်လာတော့မှာပါ။


အခုလောက်ဆို အချို.လူတွေ (bionic eye) နဲ့ စာတွေဖတ်ကောင်းဖတ်နေလောက်ပါပြီ ။
အချိန်ရရင် အောက်ကလင့်မှာ ဖတ်ကြည့်စေချင်ပါတယ် ။


 မျက်ကြည်လွှာ ကနေ ဦးနှောက် ကို သတင်းပို့မှု ချို.ယွင်းတဲ့ ရောဂါ ခံစားနေရတဲ့ ကြွက်ကို သိပ္ပံ ပညာ အကူအညီနဲ့ အမြင်အာရုံ ရအောင် ကုသနိုင်ခဲ့ပါပြီ ။

 


http://www.bloomberg.com မှတိုက်ရှိက်ကြည့်လိုပါက ဤနေရာမှသွားပါ။

Bionic Eye? သေးငယ်တဲ့ မိုက်ခရို ချစ်ပ် ကို အသုံးပြုပြီး မျက်မမြင်တစ်ဦး ရဲ့ အမြင် အာရုံ တွေကို ကုသနိုင်ခဲ့ပြီ ။


Microchip Implants Restore Some Vision To Men Blinded By Retinitis Pigmentosa


http://www.huffingtonpost.com/2012/05/03/bionic-eye-microchip-implant-vision-blind_n_1475960.html
First implantation of prototype bion eye with 24 electrodes

http://www.sciencedaily.com/releases/2012/08/120831065003.htm

The past, present, and future of bionic eyes
http://www.extremetech.com/extreme/142411-the-past-present-and-future-of-bionic-eyes

(Technologies restoring sight to the blind ဆောင်းပါးအား ဘာသာပြန်ဆိုသည် )

ရဲသူရိန်မင်း
Ref>>> Myanmar News Update
Admin>>> အမျိုးကောင်းသား

Myawady News မှကူးယူဖေါ်ပြသည်....


No comments:

Post a Comment