Tuesday, July 23, 2013

မြန်မာပြည် မှ လူငယ်တိုင်း အတွက် ဖြစ်သည်........




ခေါင်းစဉ် က ဖတ်လိုက် ကတည်းကို တကယ့် အကြီးကြီးပါပဲ။ သို့ပေမယ့် ရည်ရွယ်ချက်က ရိုးရိုး ရှင်းရှင်းပဲ ရှိပါတယ်။ ဒါကတော့ - မြန်မာပြည်မှာ Facebook၊ အင်တာနက် ဝဘ်ဆိုဒ် အပြင် အခြားသော ဆိုရှယ် မီဒီယာဆိုဒ် အသုံးပြုနေသော ဘယ်သူမ ဆို ကိုယ်ပိုင် ဝင်ငွေရှိသော စီးပွားရေး လုပ်ငန်း ပိုင်ဆိုင် လာစေဖို့ ဖြစ်ပါတယ်။

ထပ်ရှင်း ရမယ် ထင်ပါတယ်။ ဒီလိုပါ ---

နိုင်ငံခြားမှာ လူကြီး၊ လူငယ်မရွေး အွန်လိုင်း ချိတ်ဆက်မှု နဲ့ အခြေခံလို့ စီးပွားရေးတွေ တွင်တွင် ကျယ်ကျယ် လုပ်နေပါတယ်။ မီဒီယာ အနေနဲ့ရေ၊ ကုန်သွယ်မှု အနေနဲ့ရော၊ ပညာရေး အနေ နဲ့ရော အစရှိ သဖြင့် ဘက်ပေါင်းစုံသော ကဏ္ဍန်များမှာ ကိုယ်နိုင် တဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်နေကြ ပါတယ်။ ကြားဖူးမှာပါ။ 



Google မှာ Register လုပ်ပြီး ကိုယ် တတ်နိုင်တဲ့ technical အပိုင်းသော် လည်းကောင်း၊ Content အပိုင်းသော် လည်းကောင်း၊ Research အပိုင်းသော် လည်းကောင်း၊ ဘက်ပေါင်းစုံ မှာ ဖြည့်ဆည်းပေးပြီး အသက် ငယ်ငယ်နဲ့ ဝင်ငွေ များနေသူများ၇ှိပါတယ်။ 

ကိုယ် တတ်သလောက် မှတ်သလောက် နဲ့ မိုဘိုင်း App ဆွဲပြီး အွန်လိုင်း Store ပေါ် တင် လိုက်တာ နဲ့ သူ့ အွန်လိုင်း အကောင့် မှာ ငွေတွေ တစ်ပုံကြီး ဝင်သွားတာတို့၊ Theme ရောင်းပြီး မီလျံနာ ဖြစ်သွား တာတို့ ဇာတ်လမ်းတွေ၊ ဇာတ်လမ်းတွေ ပြောလို့တောင် မကုန်၊ ရှာလို့တောင် မကုန် တကယ်ရှိနေ ပါတယ်။ ဖြစ်လည်း ဖြစ်နေပါတယ်။

ယခု မြန်မာပြည် မှာ အရည်အချင်း ရှိတဲ့ လူငယ်တွေ  တစ်ပုံကြီး ပါ။ ဟိုနေ့ (ဖေဖော်ဝါရီ ၂ ရက်နေ့) က ဆွေးနွေးပွဲ တက်လိုက် တာနဲ့ အားတက် ရပါတယ်။ လာတဲ့ သူတွေက-- ဆော့ဖ်ဝဲ ဒီပလိုပါ၊ ဟာ့ဒ်ဝဲ အင်ဂျင်နီယာ၊ BE (IT) ကျောင်းဆင်း၊ ဆောက်လုပ်ရေး အင်ဂျင်နီယာ၊ မာကဲတင်း မန်နေဂျာ၊ 


နည်းပညာ သတင်းမီဒီယာ၊ Mobile application ရေးဆွဲသူ၊ Java ပရော်ဖက်ရှင်နယ်၊ အွန်လိုင်း မားကက်တင်း၊ စင်္ကာပူပြန် အိုင်တီကျောင်းသား၊ US ပြန် အိုင်တီ ကျောင်းသား အစရှိ သဖြင့် အခြားသော နယ်ပယ် များမှလည်း ပါဝင်ပြီး စုစုပေါင်း ၄၀ ကျော်လောက် တက် ပါတယ်။

အားလုံးမှာ ကိုယ်စီ ပညာ အရည်အချင်း များ ရှိနေပါတယ်။ တကယ်လည်း လုပ်နေသူတွေ ပါပါ တယ်။ ဒီ အွန်လိုင်း အခြေခံ၊ ဆိုရှယ် မီဒီယာ အခြေခံ စီးပွားရေး ဘယ်လို လုပ်ရမယ် ဆိုတာကို လမ်းစ ဖွင့်ပေးမယ့် သူလိုနေပါတယ်။ အိုင်ဒီယာ ကူညီပေးမယ့် သူ လိုနေပါတယ်။ ဒါကြောင့် ကျွန်တော် မောင်အောင်ခမ်း နဲ့ ကို ဖရက်ဒီ တို့ ဦးဆောင်ပြီး ဒီ လူငယ်တွေကို ....

- လက်တွဲခေါ်မယ်၊

-strategy  ပေးမယ်။
- မားကက် ကို ဘယ်လို approach လုပ်မယ်။
- စီးပွားရေး လမ်း ပွင့်သည် ဖြစ်စေ၊ မပွင့် သည်ဖြစ်စေ လက်ရှိ အနေအထား မှာ ဘယ်လို ရပ်တည်လို့ ရမယ့် Online Business တွေ တည်ထောင်မယ်။
- ဘယ်လို ကြိုးစား ဖန်တီးမယ်။

ဒါကို အခြေခံ လို့ ဘယ်လို တိုင်းပြည် အကျိုးပြုမယ့် အွန်လိုင်း အခြေခံ စီးပွားရေး စနစ် တစ်ခု ပေါ်ပေါက်လာအောင် ဘယ်လို တိုင်ပင် လုပ်ဆောင်သွားကြမယ်။

 အစရှိသဖြင့် ပြောမကုန်အောင် ရည်ရွယ်ချက်ပေါင်း များစွာ၊ နည်းလမ်းပေါင်း များစွာနဲ့ လက်တွဲ ခေါ်သွား မှာ ဖြစ်ပါတယ်။

ဒါတွေ အားလုံး လုပ်ဖို့ ကျွန်တော် နဲ့ ကိုဖရက်ဒီ က လက်တွဲခေါ်မှာပါ။ ဒါဆို စာရေးသူ ကျွန်တော် အောင်ခမ်း နဲ့ ဖရက်ဒီ တို့က ဘယ်လို၊ ဘာတွေ လုပ်နေလည်းလို့ မေးချင်စရာ ရှိပါတယ်။

ဖရက်ဒီ ဆိုတာ---

 Funny World (ဟာသ ကမ္ဘာ) (https://www.facebook.com/keepsmile.funnyworld) ဆိုတဲ့ Facebook စာမျက်နှာ ကို တည်ထောင်ပြီး၊ အခြားသော Website များ၊ Facebook page များ ကိုလည်း content အပိုင်းမှာ တာဝန် ယူပေးနေပါတယ်။ 


Web Designer တစ်ဦး လည်း ဖြစ်ပြီး Myanmar Youth Forum မှာ လည်း အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ တာဝန်ယူ လုပ်ရှားပေးနေသူ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် ဝန်းကျင်သာ ရှိသေးပေမယ့် လူငယ် တိုးတက်ရေး အတွက် အစွမ်းကုန် ကြိုးစားနေသူ ဖြစ်ပါတယ်။

ကျွန်တော် အောင်ခမ်း ဆိုတာ  --

International news for myanmar (https://www.facebook.com/Internationalnewsformyanmar) (www.innewsmyanmar.com) ဆိုတဲ့ အွန်လိုင်း မီဒီယာ ဝဘ်ဆိုဒ် ကို တစ်ဦးတည်း ရေးသား တည်ထောင်နေပြီး အခြားသော အွန်လိုင်း၊ ပုံနှိပ် - မော်တော်ယာဉ်၊ အိုင်တီ၊ နှင့် အထွေထွေ သတင်း မီဒီယာ တို့မှာ အယ်ဒီတာ ရာထူး၊ 


Team Leader ရာထူး၊ Business Consultant အစ ရှိသဖြင် အွန်လိုင်းနဲ့ ဆက်စပ် သတင်း အချက် အလက်နဲ့ နည်းပညာ ဆိုင်ရာ၊ မီဒီယာဆိုင်ရာ လုပ်ငန်းများ ကို လက်တွဲ ဦးဆောင် လုပ်ကိုင် လျက် ရှိပါတယ်။ အသက် ၂၁ နှစ်သာ ရှိသေးပေမယ့် ကိုယ်ပိုင် အွန်လိုင်းမီဒီယာ လုပ်ငန်း အား ပုံမှန် လည်ပတ်နိုင်မည့် အရင်းအနှီး တစ်ခု ရရှိကာ ကြိုးစား လုပ်ကိုင်နေပြီ ဖြစ် ပါတယ်။

ဆိုလိုရင်း က ကျွန်တော်တို့ နှစ်ဦး ဟာ အသက် ငယ်ပေမယ့် တတ်သိ သလောက် လူငယ် အချင်းချင်း ပြန်လည် မျှဝေနိုင်၊ လက်တွဲခေါ်ဆိုနိုင်ရင် အကျိုးဖြစ်ထွန်း မှု အင်မတန်များပြား မယ်လို့ ယုံကြည်ပါတယ်။

 အသိ မိတ်ဆွေ စာရေးဆရာကြီး တစ်ဦး က ဒီလို အားပေး စကား ဆိုပါတယ်။ " ဒီခေတ်မှာ လူကြီး က လူငယ်တွေ ကို ဆုံးမတာ၊ သင်ပြတာ၊ လက်တွဲခေါ်တာ တော်ရုံ နဲ့ နားဝင်ခဲတယ်။ လူငယ်ချင်း ကျတော့ ပွင့်လင်းတယ်၊ ထင်သာမြင်သာ ရှိတယ်။ ပိုထိရောက်တယ်" လို့ ဖြစ် ပါတယ်။

ကျွန်တော်တို့ က ဆရာတွေ မဟုတ်ပါဘူး။ ဆရာ လည်း မလုပ်ပါဘူး။ သို့သော် လက်ရှိ အွန်လိုင်း မီဒီယာ ကို အခြေခံ လို့ စီးပွားရေး တစ်ခုဖြစ်လာ ဖို့ တွင်တွင်ကျယ်ကျယ် ကြိုးပန်းနေ သူ ဖြစ်ပါတယ်။ ခရီးလည်း ရောက်သင့် သလောက် ရောက်နေပါတယ်။ ဒါကြောင့် ကျွန်တော် တို့ ရောက်နေတဲ့ ခရီး အတိုင်း ကျွန်တော်တို့ လို လူငယ်တိုင်း ခရီးရောက်စေဖို့ ဆန္ဒ အပြည့် အဝ ရှိပါတယ်။ တကယ် ဘာ အကျိုးအမြတ်မှ မယူပါဘူး။

အကျိုးအမြတ်တော့ ရပါတယ်။ ဒါဟာ တိုင်းပြည် အတွက်ပါ။ ဒီလို သာ လက်တွဲခေါ်သွားနိုင် မယ် ဆိုရင် မြန်မာပြည် မှာ -

၁။ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း တိုးတက် လာမယ်။

၂။ အွန်လိုင်း အခြေခံ စီးပွားရေး စနစ်တစ်ခု လုံးကို ဦးမဆောင်နိုင်တောင် အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်လာစေမယ်။

၃။ တိုင်းပြည် အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံသူ များ ပိုမို ဖွံ့ဖြိုးတိုးတက် လာမယ်။

၎။ ပြည်တွင်း ထုတ်ကုန် စီးပွားရေး လုပ်ငန်းစုများ အတွက် အားကိုး အားထား ပြုရတဲ့ အွန်လိုင်း Business ကွန်ရက်ကြီး တစ်ခု ဖြစ်ပေါ်လာမယ်။

၅။ မြန်မာပြည်မှာ လူတိုင်း ပညာတတ်ဖြစ်လာစေရမယ်။

၆။ လူငယ် မှန်ရင် နိုင်ငံတကာနှင့် အဆင့် မှီသော အင်တာနက် အခြေခံ ဗဟုသုတနဲ့ နည်းပညာ များကို ခေတ်နဲ့ အမှီလိုက်နေနိုင်ရမယ်။

၇။ လူငယ်များ မိမိ လိုက်စားနေသော ပညာရပ် ကို သေချာ သိရှိနားလည်ပြီး အခြားသော နယ်ပယ် အသီးသီး ကိုလည်း နားလည် သဘောပေါက်လာစေရမယ်။

၈။ တိုင်းပြည် အတွက် အနာဂတ် မှာ အားကိုး အားထား ပြုရမယ့် ဦးဆောင် သူများ ပေါ်ပေါက် လာစေရမယ်။

အစရှိ သဖြင့် ပြောမကုန်သော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ ဘာချပြမှာလဲ။

ဟုတ်ကဲ့ ဒါဟာ အရေးကြီးဆုံးပါ။

၁။ ဆိုရှယ်မီဒီယာ ကို အခြေခံ လို့ ဗဟုသုတ မျှဝေမယ်။

၂။ လက်ရှိ လုပ်ကိုင်နေသော နယ်ပယ် မှာ မိမိ သိသလောက် ပြန်ချပြမယ်။ သင်ကြားပေးမယ်။

၃။ နည်းလမ်းပေးမယ်။

၎။ ကွန်ရက် တစ်ခုဖြစ်လာအောင် ဖန်တီးပေးမယ်။ ချိတ်ဆက်ပေးမယ်။

၅။ လုပ်ငန်းစမယ်။

၆။ လုပ်ငန်းကို အမြဲမပြတ်စောင့်ကြည်ပေးမယ်။ ကူညီပေးမယ်။

ဒါတွေ လုပ်ဖို့ အတွက် လက်ရှိ ကိုယ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အလုပ်ကို မပျက်စေ ရပါဘူး။ အွန်လိုင်း အခြေခံတဲ့ Business ၊Education တို့ ဆိုတာ အလုပ်ချိန်ပြင်ပ ကိုယ် အား လပ်တဲ့ အချိန် မှာတောင် လုပ်ကိုင်နိုင်တဲ့ အရာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ဆွေးနွေးပွဲမှာ Team ဖွဲ့ပြီးသွားပါပြီ။ MM Social Sky လို့  အမည်ပေးထားပါတယ်။ ယင်း MM Social Sky မှာ အဖွဲ့ဝင် ၃၀ ကျော် ရှိပါတယ်။ ယင်း ၃၀ ကျော်ကို ပထမဦးဆုံး လက်တွဲခေါ်သွားမှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ အခြားသော လူငယ်များ ကိုလည်း လက်တွဲခေါ်ဖို့ Plan များ ရှိပါတယ်။


 ဒီ Training ပြီးဆုံးပြီး တတ်မြောက် သွားတဲ့ လူငယ် ၃၀ ကျော်က ဦးဆောင်လို့ နောက်ထပ် လူငယ်များကို လက်တွဲခေါ်ပါမယ်။ ၃၀ မှ ၃၀၀ ၊ ၃၀၀ မှ ၃၀၀၀ ၊ ၃၀၀၀ မှ ၃၀၀၀၀၊ ၃၀၀၀၀ မှ ၃၀၀၀၀၀ အစရှိသဖြင့် အရေအတွက် များ တိုးသထက် တိုးလို့ လူငယ်ထု အတွက် အကျိုးပြုသော ကွန်ရက် တစ်ခု ဖြစ်ပေါ်လာစေ မှာ ဖြစ်ပါတယ်။

ဒီအတွက် လူငယ်တွေ ဘာမှ စိုက်ထုတ်စရာ မလိုပါဘူး။ အချိန်နဲ့ စိတ် တစ်ခုသာ ရင်းနှီးမြှုပ်နှံ ရမှာ ဖြစ်ပါတယ်။ အခြားသော ငွေကြေးကောက်ခံခြင်း၊ အကျိုး အမြတ်ယူခြင်း လုံးဝ (လုံးဝ) လုပ်ဖို့ မဟုတ်ပါ   မြန်မာပြည် ရဲ့  အွန်လိုင်း အခြေခံ စီးပွားရေး စနစ် တစ်ခုပေါ်ပေါက်ရန်၊ 


လူငယ်တိုင်း အလုပ်အကိုင် အခွင့်အလမ်းဖွံ့ဖြိုးတက်ရန်၊ နိုင်ငံက အားကိုးအားထားပြုရသော စွမ်းဆောင်ရှင် လူငယ်ထု များ ပေါ်ပေါက်လာစေရန် အစရှိသဖြင့် ပြော မကုန်အောင် သော ကောင်း ကျိုးရည်ရွယ်ချက် များဖြင့်သာ ဖြစ်ပါတယ်။

ဘားကမ့် ရန်ကုန် မှာလည်း ဒါနဲ့ ပက်သက်လို့ ဆွေးနွေးပွဲ ပြုလုပ်ပြီး နောက် ထပ်ဆွေးနွေး ပွဲကိုလည်း ပြုလုပ်ခဲ့ပြီး စိတ်ပါဝင်စား၍ လုပ်ကိုင် လိုသော လူငယ် အချို့ လည်း ပေါ်ပေါက် လာပါတယ်။ စုစုပေါင်း ၃၀ ကျော်ရှိပြီး MM Social Sky အမည်နဲ့ Training စတော့မှာ ဖြစ် ပါတယ်။ 


Training ဆိုလို့ ကြီးကြီးမားမား မဟုတ်ပါဘူး။ တတ်သိသလောက် မျှဝေလို့ ကိုယ်တိုင်လုပ်ကိုင်၊ လုပ်ငန်းဖြစ်လာသည်အထိ ကူညီဆောင်ရွက်ပေးမှာ ဖြစ် ပါတယ်။ နောက်ထပ် လူငယ်တွေ ကိုလည်း လက်တွဲခေါ်မှာပါ။ ယခု Training ပြီးတဲ့ လူငယ် ၃၀ မှ နောက်ထပ် လူငယ်များကို တစ်ဆင့်ပြီး တစ်ဆင့်လက်တွဲခေါ်သွားပါမယ်။ 

၃၀ မှ ၃၀၀၊ ၃၀၀ မှ ၃၀၀၀၊ ၃၀၀၀ မှ ၃၀၀၀ အစရှိသဖြင့် မြန်မာပြည်ရှိ လူငယ်တိုင်း ပါဝင်နိုင်သော ကွန်ရက်တစ်ခု ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ MM Social Sky ဆိုတာ တိုင်းပြည်အတွက် အကျိုးပြုသော လူငယ်အဖွဲ့အစည်း တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ပါဝင်စားသော လူငယ်များကို ပါဝင်နိုင်ရန် ဖိတ်ခေါ်ပါတယ်။ အပြင်မှာ ကျွန်တော်တို့ထက် ကျွမ်းကျင်သော လူငယ်များရှိပါတယ်။ လူကြီးများ ရှိပါတယ်။ ပညာရှင်များ ရှိပါတယ်။ ပရော်ဖက်ရှင်များ ရှိပါတယ်။ လာခဲ့ပါ။ ဖိတ်ခေါ်ပါတယ်။ အိုင်ဒီယာပေးပါ။ အကြံပေးပါ။ နည်းလမ်းပေးပါ။ မြန်မာပြည် လူငယ်များ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်စေရန် ကူညီနိုင်မယ့် နည်းလမ်းများရှိမယ် အားလုံးကို ဖိတ်ခေါ်ပါတယ်။

အောင်ခမ်း (MM Social Sky)

MM Social Sky တွင် အဖွဲ့ဝင်လိုသော လူငယ်များ ဆက်သွယ်နိုင် ပါတယ်။ နောက် ထပ် ဆွေးနွေး ပွဲ၊ Workshop များ ကိုလည်း ပြုလုပ် သွားဦးမှာ ဖြစ်ပါတယ်။ မန္တလေး၊ တောင်ကြီး နဲ့ အခြားမြို့ ကြီး၊ မြို့ ငယ်များကိုလည်း သွားရောက် ဦးမှာ ဖြစ်ပါတယ်။


အောင်ခမ်း (MM Social Sky) 

International News for Myanmar မှ ကူးယူမျှဝေသည်

No comments:

Post a Comment