Tuesday, July 16, 2013

ပိန်ချင်၇င် သ၇က်သီး အခွံ စားပါ.


ပိန်ချင်ရင် သရက်သီး အခွံစားပါ


အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ 

ဩစတြေးလျ သုတေသီ များ တွေ့ရှိ ခဲ့ကြတာ ကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတု ပစ္စည်း အချို့သည် အဆီ ကလာပ်စည်း ဖြစ်ပေါ်ခြင်းကို ကာကွယ် တားဆီးနိုင်တယ် လို့ပဲ ဖြစ် ပါတယ်။

သရက်သီး အခွံ ထဲမှာပါတဲ့ ဓာတု ပစ္စည်းများ ဟာ ခန္ဓာကိုယ် အတွင်း အဆီ ကလာပ် စည်း ဖြစ်ပေါ်နေသော လုပ်ငန်း စဉ် ဖြစ်သည့် Adipogenesis ကို နှိမ်နင်း ပေးတယ်လို့ ဆိုပါတယ်။ 


အပူပိုင်း သစ်သီး များ ထဲက တစ်မျိုးဖြစ်တဲ့ သရက်သီး များ ထဲမှာ အမျိုးမျိုး ကွဲပြား ခြားနားသော အပင် ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင် များ ပါဝင်လျက်ရှိ ပါတယ်။

သရက်သီး ထဲမှာ အပင်ထွက် ဓာတု ပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုး ဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများ မှာပါ ရေပန်းစား တဲ့ အသီး တစ်မျိုးဖြစ်ပါတယ်။ 

သရက်သီး အခွံ စားခြင်းကြောင့် ဖြစ်နိုင် တဲ့ ဘေးထွက် ဆိုးကျိုးတစ်ခု ကတော့ အဆီ ကလာပ်စည်း များ ဖြစ်ပေါ် အဆီ ကလာပ်စည်း များက ပို၍ကြီးလာပြီး အဲဒီလို ကလာပ်စည်း  အမျိုး အစား(၂) ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။ 

ဓာတ်ခွဲခန်း အတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ ဆိုပါတယ်။


credit to Myanmar Pharmaceuticals
 မြ၀တီသတင်းမှ ကူးယူဖေါ်ပြသည်.

No comments:

Post a Comment