Thursday, July 25, 2013

ကိုယ်ကျင့် တ၇ား မကောင်း သူများ နိုင်ငံေ၇း မလုပ်၇ [ ၂ ]

ကိုယ်ကျင့် တရား မကောင်း သူများ နိုင်ငံရေး မလုပ်ရ (၂)

ကိုယ်ကျင့် တရား မကောင်းသူများ နိုင်ငံရေး မလုပ်ရ ဆိုတဲ့ ဆောင်းပါးကို ကျွန်မရေးသားပြီး facebook မှာ တင်ပါတယ်။ အဲ့ဒီဆောင်းပါး ကို ကြိုက်တဲ့သူ ၊ မကြိုက်တဲ့ သူ နှစ်မျိုးစလုံးရဲ့ comment တွေကို ကျွန်မ လေးလေးစားစား ဖတ်ပါတယ်။
အများစုက ကိုယ်ကျင့်တရားဆိုတာကို နားလည်ကြတာ တွေ့ရတဲ့အတွက် ၀မ်းသာ၊ ဂုဏ်ယူ ရပါတယ်။ အနည်းစုကတော့ ကိုယ်ကျင့်တရားဆိုတာကို သေသေချာချာ နားလည်ပုံ မရတာ လည်း တွေ့ရပါတယ်။


 
ကျွန်မ ဘ၀မှာ မိဘ၊ ဆရာသမားတွေဆီကနေ ရရှိခဲ့တဲ့ စိတ်ဓာတ်အမွေနဲ့ သင်ယူရတာတွေ အပြင် စာပေနဲ့ မိတ်ဆွေတွေဆီကနေ ရရှိခဲ့တဲ့ သင်ယူခြင်းတွေနဲ့ အတွေးအမြင်တွေကို မျှဝေပေးချင်တဲ့ စိတ်နဲ့ ဒီ ဆောင်းပါးကို ရေးတာပါ။
ကျွန်မတို့ တိုင်းပြည်မှာ ကိုယ်ကျင့်တရားဆိုတာကို ၅ ပါးသီလနဲ့ အလွယ်တကူ တိုင်းတာ လို့ရနိုင်ပါတယ်။ သူ့အသက်သတ်ခြင်း၊ သူတစ်ပါး သားမယားပြစ်မှားခြင်း၊ သူတစ်ပါး ပစ္စည်းခိုးယူခြင်း၊ မမှန်ကန်သော စကားကို ပြောဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း စတာတွေ ကတော့ လူတိုင်းလူတိုင်း မလုပ်သင့်မလုပ်ထိုက်တာတွေကို လုံခြုံအောင် စောင့် ထိန်းကြရမဲ့ တရားတွေပဲဖြစ်ပါတယ်။ 
အထူးသဖြင့် အများစုက ငါးပါးသီလ ထဲက တစ်ပါးပါးကို ချိုးဖောက်ကြတာတွေ့ရပေမဲ့ သီလ ၅ ပါး စလုံး လုံခြုံတဲ့ သူတွေကိုလည်း တွေ့မြင်ရပါတယ်။

အများသူငှာတွေထဲမှာ သီလ မလုံခြင်းဟာ ပြည်သူအများစုကို မသက်ရောက်နိုင်ပေမဲ့ နိုင်ငံကို ဦးဆောင်မဲ့ သူတွေ၊ နိုင်ငံရေးသမားတွေ၊ အစိုးရ၀န်ထမ်းပိုင်းက ဆုံးဖြတ်ချက်ချပေးနိုင်တဲ့ အကြီး တန်း အရာရှိကြီးတွေ၊ လူငယ်တွေအားကျတတ်တဲ့ ထင်ပေါ်ကျော်ကြားသူတွေ စတဲ့ တစ်စုံ တစ်ခုသော အတိုင်းအတာထိ ရောက်ရှိပြီး သူတွေကတော့ စံပြကိုယ် ကျင့် တရားကောင်း မွန်ကြဖို့ လိုအပ်ပါတယ်။
အများပြည်သူ ကို လွှမ်းမိုးနိုင်တဲ့ သူတွေဖြစ်တဲ့အတွက် သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ စံချိန်စံညွှန်းဟာ အရေးကြီးတယ်လို့ ကျွန်မကတော့ လက်ခံယူဆပါတယ်။
`သမာဓိရှိခြင်း`ဆိုတဲ့ အရည်အသွေးဟာ လူတစ်ယောက်မှာ အဓိက လိုအပ်တဲ့ ခေါင်းဆောင် မှု အရည်အသွေး  လက္ခဏာ တစ်ခုဖြစ်ပြီး အဲ့ဒီ အရည်အသွေးကို ပိုင်ဆိုင်ဖို့ အတွက် ကောင်း မွန် တဲ့ ကိုယ်ကျင့်တရားရှိရမှာ ဖြစ်ပါတယ်။ 

နယ်ပယ် အသီးသီးက ခေါင်းဆောင်နေရာ မှာ ရောက်နေတဲ့ သူတွေ ရဲ့ အရည် အသွေးကို တိုင်းတာ ရာမှာ ကျွန်မ ကတော့ ပညာ တတ်ခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း တို့ထက် သူ့ရဲ့ ကိုယ်ကျင့် တရားကို အလေးထားပြီး တိုင်းတာလေ့ရှိပါတယ်။ သီလ ဘယ်လောက်လုံသလဲ ဆိုတာ အရေးကြီးပါတယ်။
နောက်တစ်ချက် ကတော့ သူ့ဘ၀ မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေ အရပ်ရပ်ကို သူ ဘယ် လိုကိုင်တွယ် ဖြေရှင်းခဲ့သလဲဆိုတာကို ကြည့်ရင် သူ့မှာ ဘယ်လိုကိုယ်ကျင့် တရား ရှိမလဲဆိုတာကို သိနိုင်ပါတယ်။
ပြဿ        နာအခက် အခဲတွေက လူတစ်ယောက် ရဲ့ ကိုယ်ကျင့်တရားကို ပုံသွင်းမပေးနိုင်ပါဘူး။ ဒါပေမဲ့သူ့ရဲ့အကျင့်စာရိတ္တ အမှန်ပေါ်ထွက်လာ တတ်ပါတယ်။  လောကဓံ အဆိုးအကောင်း တိုင်း မှာ ရွေးချယ် စရာ လမ်းနှစ် သွယ်တော့ အမြဲရှိနေတတ်ပါတယ်။ 

ကိုယ်ကျင့် တရားကို ထိပါး ခံပြီး ဆောင်ရွက် ရတဲ့ လမ်းကြောင်း နဲ့၊ ကိုယ်ကျင့် တရားကို အထိ ပါး မခံဘဲ ကြံ့ကြံ့ခံပြီး ဖြတ်သန်း ရတဲ့ လမ်းကြောင်း ဆိုပြီး ရွေးချယ်စရာ လမ်းနှစ်သွယ် အမြဲရှိနေတာပါ။
အများစု ကတော့ လွယ်ကူပေါ့ပါးပြီး ကိုယ်ကျင့် တရားကို အထိပါးခံ ဖြတ်သန်းရတဲ့ လမ်းကိုရွေးလေ့ရှိတာ တွေ့ရပါတယ်။ ကိုယ်ကျင့် တရားကို အထိပါး မခံနိုင်တဲ့ ကိုယ်ကျင့်  သိက္ခာကို မထိခိုက် ရအောင် ထိန်းသိမ်းဆောင်ရွက် သွားရတဲ့ လမ်းကြောင်း ကတော့ အခက် အခဲတွေပြည့်နှက်နေတဲ့ လမ်းကြောင်းပါ။ 

အဲ့ဒီ လမ်းကြောင်း ကို ရွေးချယ် တဲ့ သူတွေ ကတော့  အနည်းစု ဖြစ်ကြပေမဲ့ တကယ့်ကို ကိုယ်ရည် ကိုယ်သွေး ပိုပြီး အားကောင်း လာတာလည်း တွေ့ရပါတယ်။

ဥပမာ အနေနဲ့ အိမ်ထောင်ရေးပြဿ      နာဖြစ်ခြင်း ဟာ လောကဓံ ရဲ့ အဆိုးပိုင်းမှာ ပါဝင်မယ် ဆိုရင် အဲ့ဒီ အိမ်ထောင်ရေး ပြဿ      နာကို ဖြေရှင်း ရာမှာ ဘယ်လိုနည်းလမ်း မျိုးနဲ့ ဖြေရှင်းမလဲ။ ဒီလို ပြဿ      နာမျိုးမှာ ကိုယ့်ရဲ့ စိတ် ခံစားချက် ကို အဓိက ဦးစားပေးပြီး ဖြေ ရှင်းကြသူတွေ ကတော့ အိမ်ထောင်ရေးနဲ့ မိသားစုအပေါ် သစ္စာဖောက်လေ့ရှိတာ အမြဲတွေ့ရပါတယ်။
 
ဒီလို အိမ်ထောင်ရေးပြဿ        နာရှိတဲ့ အိမ်ထောင်သည် အမျိုးသားတွေ ကို ရွေးချယ် လက်ခံတဲ့ အမျိုးသမီးတွေ ကတော့ သူတစ်ပါး ပစ္စည်း အချောင် လိုချင်တဲ့ သဘော တရားနဲ့ သူတပါး မိသား စု ဖျက်လို ဖျက်စီးရှိတဲ့ အကျင့် စရိုက်ရှိတဲ့ သူတွေပါပဲ။
အဲ့ဒီလို ယောင်္ကျား၊ မိန်းမတွေ ဘယ်လောက်တော်တော်၊ ဘယ်လောက် ပညာတတ်တတ် သူ့မှာ ယုံကြည်လောက် တဲ့ သစ္စာ ရှိမှု မရှိတော့ပါဘူး။  

မိသားစု အသိုင်း အ၀ိုင်း သေးသေးလေး အပေါ် မှာတောင် သစ္စာ မရှိနိုင်တဲ့ သူမျိုး ကို အဖွဲ့ အစည်းတစ်ခု အပေါ် မှာရောအဲ့ဒီထက် ပိုမြင့်တဲ့ တိုင်းပြည်အပေါ်မှာရော သစ္စာရှိပါ့မယ်လို့ ဘယ်လိုယုံကြည်ရပါ့မလဲ။
ကျွန်မ တို့ရဲ့ အစွမ်းအစ နဲ့ ဥာဏ်ရည် ဥာဏ်သွေး (IQ) ကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကျွန်မ တို့ရဲ့ အကျင့် စရိုက်နဲ့ ကိုယ်ကျင့် တရားကိုတော့ ကျွန်မတို့ အားလုံး ရွေးချယ် ခွင့်ရှိကြတာ ချည်းပါပဲ။
ဥပမာ ကျွန်မတို့ ဟာ လောကဓံ နဲ့ ထိပ်တိုက် တိုးပြီး သိပ် ကျပ်တည်း ခက်ခဲ လာတဲ့အခါမှာ  ကြံ့ကြံ့ခံပြီး  ၊ ရှောင်ပြေးမလား ဆိုတာ စဉ်းစားကြရပါတယ်။

နောက် ပစ္စည်း တစ်ခု အခြေအနေ တစ်ခု ကို ရရှိဖို့ဆိုရင်လည်း စဉ်းစားရပါတယ်။ အဲ့ဒါကို ရရှိဖို့ အားသွန် ခွန်စိုက်ကြိုးစား မလား၊ သက်သက် သာသာနဲ့ အချောင် ရဖို့ ကြိုးစားမလား။
ကျွန်မတို့ နေ့စဉ် ဘ၀မှာ ဖြတ်သန်း ရတဲ့ နေ့ရက်တိုင်း နေ့ရက် တိုင်းမှာ ရွေးချယ် စရာတွေ ချည်း ပါပဲ။ 

အဲ့ဒီလို ဖြတ်သန်းရွေးချယ် ရင်းနဲ့ ကိုယ့်ရဲ့ ကိုယ်ကျင့် တရားက ရှင်သန်ကြီးထွား လာကြ တာပါ။ ကြိုးစား ရုန်းကန် ကြတဲ့ လူတွေက ဘ၀မှာ အောင်မြင် မှုတွေ မြင့်မြင့်မားမား ရရှိကြ ပါတယ်။

ဒါပေမဲ့ မြင့်မားတဲ့ အောင်မြင်မှု ကနေ ပြုတ်ကျ  သွားကြတာလည်း တွေ့မြင်ရပါတယ်။ ဘာကြောင့်လဲ ဆိုတာကို သေသေ ချာချာ လေ့လာ သုံးသပ်ကြည့်မယ် ဆိုရင် သူတို့ဟာ စိတ်ဖိ စီးမှုဒဏ်တွေ ကျော်လွှားဖို့ အတွက် ခိုင်မာတဲ့ ကိုယ်ကျင့်တရားတွေ မရှိတာကြောင့် ဆို တာ တွေ့ ရပါတယ်။
 
အများစု ကတော့ အောင်မြင်မှု အတွက် မာန် ၀င်ခြင်း၊ စိတ်ကြီး ၀င်ခြင်း၊ ယုံကြည်မှု လွန်ကဲခြင်း တို့အပြင် အိမ်ထောင်ရေး ဖောက်ပြန်ခြင်း ဆိုတဲ့ ပျက်စီးခြင်း တရားထဲက တစ်ပါး မက ကျူးလွန်ကြတာကို တွေ့ရပါတယ်။
အဲ့ဒါကြောင့် တိုင်းပြည် ကို ဦးဆောင် မဲ့ သူတွေ၊ ပြည်သူလူထု ကို ကိုယ်စားပြုမဲ့ သူတွေ၊ လွှတ်တော်တွင်း က အုပ်ချုပ်ခွင့်၊ ဥပဒေ ရေးဆွဲမဲ့ သူတွေမှာ ကိုယ်ကျင့် တရား မကောင်းတဲ့ သူတွေ မရောက်ဖို့ အရေးကြီးတယ်လို့ ကျွန်မ ကတော့ နားလည် လက်ခံထားပါတယ်။
ခေါင်းဆောင် မှုနဲ့ ပတ်သက်ရင် အမြဲတမ်း အလေးထား ဂရုပြု ရမဲ့ အချက်တွေ ထဲမှာ လူ့ ကျင့်ဝတ်၊ ကိုယ်ကျင့် တရားက အရေးကြီး ဆုံးဖြစ်ပါတယ်။ ခေါင်းဆောင် တစ်ယောက်ဟာ အမှား နဲ့ အမှန် နှစ်ရပ်ကြား အမှန်ဘက် က ပြတ်ပြတ် သားသား ရပ်တည်ရုံ မက ပါဘူး။ 

အမှား မကင်းတဲ့ (အမှားတွေ ရောနှောပါဝင်နေတဲ့) အခြေ အနေတွေ နဲ့ လည်း ကင်းကင်း ရှင်းရှင်းဖြစ်ရမယ် လို့ လက်ခံပါတယ်။ အရင် ကမှားခဲ့ဖူး တာပဲ နောက် မမှားအောင်ပြင် ဆင် မှာပေါ့ ဆိုတဲ့ ဆင်ခြေမျိုး က ခေါင်းဆောင်တွေ မှာ မရှိသင့် တဲ့ ဆင်ခြေမျိုးပါ။ 

လုပ်ငန်းတွေ အသင်း အဖွဲ့တွေက စပြီး နောက်ဆုံး တိုင်းပြည် ခေါင်းဆောင်ပိုင်း အထိ ကိုယ် ကျင့် တရားကောင်းဖို့ က အဓိက အကျဆုံးပါ။ တကယ်ကောင်းမွန်တဲ့ ကိုယ်ကျင့် တရား ကို ကျမတို့ တိုင်းပြည် အတွက် ပြုစုပျိုးထောင်ကြမယ် ဆိုရင် နိုင်ငံ ခေါင်းဆောင် ပိုင်းက စပြီး ပြုစု ပျိုးထောင် ရမှာလို့ကျွန်မ ကတော့ ယူဆပါတယ်။
ခေါင်းဆောင်တွေ ကိုယ်ကျင့် တရားကောင်း မှ နောက်လိုက်တွေ လည်း ကိုယ်ကျင့် တရားကောင်းနိုင် မှာပါ။ အဲ့ဒီ လို နဲ့ တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ စံပြ ကိုယ်ကျင့် တရား ကိုကြည့်ရင်း  အများစုက အားကျ စံနမူနာ ယူပြီး  ပြောင်းလဲဖို့ကြိုးစား သွားနိုင်ကြ မှာဖြစ် ပါတယ်။ 
 
အဲဒါကြောင့် ကိုယ်ကျင့် တရား မကောင်း သူများ နိုင်ငံရေး မလုပ်ကြ ပါနဲ့လို့ မေတ္တာရပ် ခံ ပါတယ်။


မိတ်ဆွေများ အားလုံး ကို လေးစား ချစ်ခင် လျက်ပါ။

Post By မေသင်္ကြန်ဟိန် {မြစ်မခ}                        

မြစ်မခ သတင်း အယ်ဒီတာ့ အာဘော်..........

No comments:

Post a Comment