Sunday, July 28, 2013

Blog ဖန်တီး လို့ စီးပွားေ၇း လုပ်မယ်


အမှန်တော့ ဒီဆောင်းပါးကို ရေးဖို့တောင် စိတ်ကူးမရှိခဲ့ပါဘူး။ ဘာလို့လဲဆို ကိုယ့်အိုင်ဒီယာကို အသုံးချလို့ သူများတွေ အမြတ်ထုတ်သွားလေမလားလို့ ဥစ္စာ ခြောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အဲ့ဒါကမှသာ တကယ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့၊ မှားယွင်းတဲ့ ခံယူချက် ဖြစ်ပါတယ်။

လူတိုင်းတတ်မှ၊ သိမှ လူတိုင်းဖွံ့ဖြိုးမယ်။ တိုးတက်မယ်၊ အဆင်ပြေမယ်။ လူတိုင်း အဆင်ပြေမှ တိုင်းပြည် အဆင်ပြေမယ်။ အားလုံး အတွက် မျှဝေတာ အကောင်းဆုံးပါပဲ။ ယခု မောင်အောင် ခမ်း မှ တတ်သိ သလောက် Blog ကနေ စီးပွားရှာနည်း တွေကို တင်ဆက်ပေးပါမယ်။ လူတိုင်း လုပ်နိုင်လို့ အကျိုးရှိမယ်လို့ မျော်လင့်ပါတယ်။

Blog ဆိုတာ

ကြီးကြီးကျယ်ကျယ် ရှင်းပြစရာတောင် လိုမယ်မထင်ပါဘူး။ မြန်မာပြည်မှာ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက နာမည်ကြီး ဘလော့ဂါများ ရှိခဲ့ပါတယ်။ သို့ပေမယ့် စီးပွားမရှာခဲ့ ပါဘူး။ စာရေးသူ မသိတာ လည်း ဖြစ်ပါ လိမ့်မယ်။ 
 Blog ဆိုတာ သာမန် ဝဘ်ဆိုဒ် တစ်ခုလိုပါပဲ။ သို့ပေမယ့် မတူညီ တာ တစ်ခုက သူက အကြမ်း နည်းနည်း ဆန်ပါတယ်။ မှတ်စု သဘောမျိုးရေး မှတ်ပြီး လူတိုင်း လာဖတ်စေ ဆိုပြီး ချပြတဲ့ သဘောနည်းနည်း သက်ရောက်ပါ တယ်။ ဒီလိုနဲ့ ရေးချင်ရာရေး၊ တင်ချင်ရာတင်လုပ်ကြရင်း Blog ဆိုတာ ကမ္ဘာ့ လည်ပတ် ချင်စရာ အကောင်းဆုံး ဆိုဒ် တစ်ခုထဲ စာရင်းဝင်လာပါတယ်။

Blog ဆိုတာ Google က အလကား သက်သက် ဝန်ဆောင်မှုပေးတဲ့ www.blogger.com ဖြစ်ပြီး ကိုယ်ဖန်တီး လိုက်တဲ့ Blog တိုင်းဟာ ယင်း Blog အုပ်စုထဲမှာ ပါဝင်ပါတယ်။ အားသာချက်ကတော့ ပိုက်ဆံ ပေးစရာ မလိုပဲ အခမဲ့ပြုလုပ်ရခြင်းဖြစ်ပြီး လူတိုင်းရေးနိုင်လို့ ဖြစ်ပါတယ်။ ဒီတော့ အရင်းအနှီးမရှိပဲ စီးပွားလုပ်နိုင်တဲ့ နေရာလို့တောင် ဆိုနိုင်ပါတယ်။

Blog တစ်ခုဖန်တီးဖို့မခက်ပါဘူး။ www.blogger.com ကိုဝင် Create Free Blog ကိုနှိပ်ပြီး သူပေးတဲ့ အဆင့်အတိုင်း Step by Step သွားရင် Blog တစ်ခုအလွယ်တကူ ရပါတယ်။ ဒီလိုနဲ့ ဟိုပေါင်း

အင်္ဂါစုံရမယ်

အရေးအကြီးဆုံး အချက်ပါပဲ။ စီးပွားတော့ ရှာချင်သပ ကိုယ် ဖန်တီးထားတဲ့ Blog က အင်္ဂါမစုံ ရင် အလကားပါပဲ။ အင်္ဂါစုံဆိုလို့ အခြားမဟုတ်ပါဘူး။ ကြည့်ပျော်ရှုပျော် အခြေအနေမဟုတ်ပဲ တကယ့်ကို အကျိုးကျေးဇူး များစွာဖြစ်ထွန်းစေတဲ့၊ Visitor များအတွက် အကျိုးထူးမယ့် Blog တော့ ဖြစ် ရပါမယ်။ သတင်းအချက်အလက်လား၊ နည်းပညာလား၊ တေးဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ သတင်း၊ သုတ၊ ရသ၊ စာပေ အစရှိသဖြင့် ကိုယ်သန်ရာလိုင်း တစ်ခုခုတော့ ရှိရ မယ်လေ။ အားလုံးကို ရေးနိုင်သပဆိုရင် လည်း ရေးနိုင်ပါ တယ်။

Update ဖြစ်နေရမယ်


အချို့ က စိတ်ကူးရှိတုန်း Blog ကောက်ထောင်လိုက်ပါတယ်။ နောက်တော့ Update မလုပ်ဖြစ် တဲ့ရက်က များတော့ စီးပွားလုပ်ဖို့ဆို ဝေလာဝေး။ ကိုယ်ရေးချင်ရာရေးပြီး စိတ်ပါမှ Post တင် မယ်ဆိုရင် ယင်း Blog မှာ သရဲခြောက်မှာ သေချာပါတယ်။ ဒီတော့ ကိုယ့် Blog ကို နေတိုင်း လူကြည့်ဖို့ ဆိုတာမှာ အရေးကြီးဆုံးက Up to Date ဖြစ်နေဖို့ပါပဲ။

ဆွဲဆောင်မှု ရှိရမယ်

တစ်ကယ်တန်း ခေါင်းစဉ်တပ်ရရင် ထူးထူးခြားခြား ပေးစွမ်းနိုင်စွမ်း ရှိရမယ် ဆိုတာမျိုးပါ။ ထူးထူး ဆန်းဆန်း ဆိုလို့ မဟုတ်က ဟုတ်က ပုံတွေ တင်ပြီးတော့ ဆွဲဆောင် တာမျိုးကို ဆိုတာလည်း မဟုတ်ပါဘူး။ ကိုယ်ဖန်တီးတင်ဆက် ပေးတဲ့ အကြောင်းအရာက လာလည်သူ၊ လာဖတ်သူ၊ ကြည့်သူများအတွက် အကျိုးကျေးဇူး များရပါမယ်။ 
သတင်း ရလိုက် တာမျိုး၊ ဗဟုသုတ ရလိုက်တာမျိုး၊ အနုပညာ ခံစား ချက်လေး ပေးနိုင်လိုက် တာမျိုး တို့ဆိုရင် ယင်း Blog က လူစိတ် မဝင်မစားပဲ မနေပါဘူး။ ဒီလိုနဲ့ Site ရဲ့  လူဝင် ကြည့်နှုန်း (Traffic) က တက်သ ထက် တက်နေတော့ မှာ ဖြစ်ပါတယ်။ 
 ဒီနေရာမှာ ဘလော့ရေးသား သူရဲ့  စကေးက အရမ်း အဓိက ကျသွားပါတယ်။ လူကြည့် မများ တဲ့ Blog ဆိုရင်လည်း ဘယ်သူမှ စိတ်မဝင်စား ပါဘူး။ ဒီ Traffic ဇယားကိုကြည့် လို့ နိုင်ငံ တကာ မှာ စီးပွားရေး လုပ်နေကြတာဖြစ်ပါတယ်။

စီးပွား ရှာတော့မယ်

ဒီမှာ အရမ်း အရေးကြီးတဲ့ အစိတ် အပိုင်းကိုရောက်သွားပါပြီ။
ဆောင်းပါး ရဲ့  ရည်ရွယ်ချက်က ခုမှ ရောက်ပါတယ်။ ဘယ်လို စီးပွားရှာကြမလဲ။ ကိုယ်တွေ ဘယ်လိုရှာမလဲ ဆိုတာ ထက် နိုင်ငံ တကာမှာ ဘယ်လိုရှာသလဲဆိုတာကို အရင်လေ့လာရပါတယ်။ စာရေးသူ လေ့လာ မိ သလောက် ကတော့ ဒီလိုရှိပါ တယ်။

Paid Review

သတင်းတစ်ပုဒ် သို့မဟုတ် ကုန်ပစ္စည်းတစ်ခုကို အချက်ကျကျရေး သားတင်ဆက်ပေးတာမျိုးပါ။ Paid review နဲ့ ကမ္ဘာမှာအောင်မြင်နေတဲ့ Blog တွေအများကြီးပါပဲ။ ဥပမာ - www.pocket-lint.com , www.engadget.com , www.phonearena.com

အထက်ပါ ဥပမာ.... တွေက နည်းပညာ ပစ္စည်းပဲ ရှိပါသေးတယ်။ အခြားသော လူသုံးကုန် အဝတ်အထည်၊ စားသောက်ကုန်၊ မော်တော်ယာဉ်၊ နေအိမ်သုံး၊ ရုံးသုံး ပစ္စည်းပစ္စယ စုံစုံ လင်လင်တို့၊ အခြားသော အီလက်ထရောနစ် ပစ္စည်းတွေကို နေ့စဉ် Paid Review ပုံစံနဲ့ တင်ဆက်ပေးနေ တဲ့ ဆိုဒ်တွေ တစ်ပုံ မှ တစ်ပုံကြီးပါပဲ။ 
သူတို့ရဲ့  တစ်လ တာ ပျှမ်းမျှ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သိန်းနဲ့တောင် ချီတယ်လို့ ကြားဖူး ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း လှုပ်ရှားနေရာ ကနေ အစုအလိုက် အဖွဲ့ လိုက်တွေ ဖြစ်သွားကြပြီး ကုမ္မဏီကြီးတွေ ဖြစ်လာပါတော့တယ်။

ဥပမာ - ဒီဖုန်းက ဘယ်လိုဘယ်လို သုံးလို့ကောင်းတယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ဘယ်ဆိုင် မှာ သွားဝယ်လို့ ရပါတယ်။ ကွိစ ကွစနဲ့ တစ်ခုလုံး ဖတ်ပြီး အော်. ဒါဟာ ကြော်ငြာ ပါလားလို့ သိရတယ်လေ။ ဒါလည်း ကောင်းပါ တယ်။ 
ကိုယ့်အတွက် လည်း ဗဟုသုတ ရတယ်လေ။ ပြီးတော့ ဒီလိုရေး ထားတော့ ရေးထား တဲ့ ပေး ထားတဲ့ လိပ်စာ မှာပဲ ဝယ်ချင်စိတ်တွေပေါက် သွားတာပေါ။ ဒါကလည်း ရေးသားတဲ့ skill က ပို အခရာ ကျသွား ပါတယ်။ ရေးတတ်လေလေ စိတ်ဝင်စားလေလေ၊ ပိုကြော်ငြာလေလေပါပဲ။

ဘယ် စားသောက်ဆိုင် ကတော့ ဘယ်လို ဟင်းလျာတွေရတယ်။ ချိုတယ်၊ ငံတယ်၊ ပေါ့တယ်၊ ခါးတယ် အစရှိ သဖြင့်ကလည်း စားသောက်ဆိုင် မိတ်ဆက်ကြော်ငြာ သဘောပါပဲ။ ဒါလည်း Review ကဏ္ဍထဲကို ဝင်သွားပါတယ်။ ဒီ အတွက် နိုင်ငံတကာ မှာ ကောက်ခံတဲ့ဈေးနှုန်းက အစားစားရှိပါတယ်။ ဈေးအကြီးဆုံး အနေနဲ့ Paid review တစ်ပုဒ်ကို အမေရိကန်ဒေါ်လာ ၁ သောင်း ဝန်းကျင်တောင် ရှိတယ်လို့ ဖတ်ဖူး၊ သိဖူးပါတယ်။

Banner

Banner တွေ လည်း Blog တွေမှာ တင်ပါတယ်။ သို့ပေမယ့် Paid Review ကို စီးပွားရေး လုပ်ငန်းရှင်တွေ ပိုကြိုက်ကြ ပါတယ်။ Banner ဆိုတာ အခြား မဟုတ်ပါဘူး။ Blog ဆိုဒ် မှာ ကြော်ငြာ စရာ နေရာလေး တစ်ခုမျှသာ ဖြစ် ပါတယ်။ ယင်းကြော်ငြာနေရာမှာ လာကြော်ငြာမယ့် ကုမ္မဏီတွေ က သူတို့ကြိုက်ရာ ပုံဖြစ်ဖြစ်၊ Link ဖြစ်ဖြစ် လာတင်ပါမယ်။ 
တင်ထားတဲ့နေရာ ကနေ လာလည်သူ က မှားနှိပ် မိရင် သူတို့ဆိုဒ် ကို တန်းရောက်ပါလေရော။ ဒါကလည်း ကြော်ငြာနည်း တစ်မျိုးပါပဲ။ သို့ပေမယ့် တစ်ခု ရှိတာက Blog တွေမှာ Banner လုပ်ရ မလွယ်ပါဘူး။ အလကားပေးထား တဲ့ ဆိုဒ် ကိုတောင် Banner နဲ့ စီးပွားရေး လုပ်စားစေ ဖို့ လောက်ထိ Google က သဘော မကောင်းပါဘူး။ 
ဒီတော့ လုပ်ချင်သပ ဆိုရင် Free Blog ကနေ Paid ဗားရှင်း ပြောင်းရုံ ပါပဲ။ ဒါဆိုရင် ကိုယ်လို သလို ဖန်တီးလို့ ရပါပြီ။ ကိုယ်တတ်နိုင် သလောက် ကြော်ငြာ စရာ အကွက်လေးတွေ ဖန်တီးနိုင် ပါတယ်။ ဒါတွေ လုပ်ဖို့ အတွက် Google မှ တိုက်ရိုက်ဝယ်ယူ တဲ့ Service သော် လည်းကောင်း၊ ကြားခံ Service Provider မှသော်လည်းကောင်း ကိုယ် အဆင်ပြေ သလို ပြု လုပ်နိုင်ပါတယ်။
 နိုင်ငံခြား မှာနေတဲ့ သူ ဒီနေရာ မှာ တစ်ခုကောင်း ပါတယ်။ နိုင်ငံခြား မှာနေ မှ ရယ်ကို မဆို လိုပါဘူး။ နိုင်ငံတကာ က သုံးနေတဲ့ အွန်လိုင်း ငွေလွဲ စနစ် အကောင့်၊ ကဒ် ရှိသူများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ 
ယင်း ကဒ်များ နဲ့ Google ကို ငွေချေ လို့ ကိုယ်လို သလို ဖန်တီးလို့ ရတဲ့ စနစ်လည်း ရှိပါသေး တယ်။ Google ရဲ့  Blog ပေးရခြင်း ရည်ရွယ်ချက် ကလည်း ဒါပါပဲ။ ကော် မရှင်ကြေးဖြတ်လို့ သူတို့ လည်း ပိုက်ဆံရစေ လို သဘောနဲ့ Blog တွေ အလကား ပေးခြင်း ဖြစ် ပါတယ်။ မြန်မာပြည် မှာ တစ်နေ့ ဒါတွေ ဖြစ်လာတော့မှာပါ။

အခြားသော နည်းလမ်းများ

အထက်ပါ နှစ်ခု ကတော့ ပင်မ နည်းလမ်း ပါပဲ။ မြန်မာပြည်ရဲ့  လက်ရှိအနေ အထားမှာဆိုရ င် ကို ပြောတာပါ။ ပုံတွေ မှာ Link စာကြောင်းတွေပေါ်နေပြီး ကြော်ငြာဆိုဒ် ဝင်တာမျိုး၊ စာဖတ်နေ ရင်း စာအောက် မှာ Link လေးတွေ မြင်နေရတာမျိုး ကလည်း ဆိုဒ်ကြော်ငြာနည်း တစ်မျိုးပါပဲ။
 အချို့ ကျပြန်တော့ ကိုယ်က Blog တစ်ခုထောင်ပြီး ကုမ္မဏီကြီး တစ်ခုနဲ့ ပါတနာ ဖွဲ့ပစ်ပါတယ်။ ဘယ် ကုမ္မဏီမှ လက်မခံတော့ ပါဘူး။ ယင်း ကုမ္မဏီ က ထွက်နေတဲ့ ကုန်ပစ္စည်း အားလုံးကို ထွက်လျှင် ထွက်ချည်း Blog မှာ ကြားညှပ်ပြီး ကြော်ငြာပေးတာမျိုး တို့ လုပ်ပါတယ်။ Review တွေ တင်ပေးပါတယ်။ သတင်း အချက် အလက်တွေ တင်ပေးပါတယ်။

အချို့ ကျပြန်တော့ လည်း အပြောင်းပြန်ပါ။ အင်တာနက် မှာ နာမည်ကြီးနေတဲ့ စာရေးဆရာ သို့မဟုတ် ဘလောဂ်ဂါ သို့မဟုတ် Blog ဆိုဒ် တစ်ခုကို Fully Sponsor ပေးတဲ့ သဘောနဲ့ တရား ဝင်ကြေညာ ပါတယ်။ ဒါကလည်း ကြော်ငြာနည်း တစ်မျိုးပါပဲ။ 
ဒီလိုနဲ့ ကမ္ဘာမှာ Blog ကို အခြေခံလို့ ငွေ အလွဲ အပြောင်းက နှစ်စဉ် ဒေါ်လာ သိန်းသန်း မက ရှိပါတယ်။ အွန်လိုင်း စီးပွားရေး စနစ်မှာ Blog ကို အခြေခံတဲ့ စီးပွားရေးက ဖွံ့ဖြိုးပြီး နိုင်ငံ များ မှာ တော်တော်လေး တွင်ကျယ် ပါတယ်။ အချို့  ကျတော့ blogspot.com ပါနေတာ ကို လူမရှိန် ဘူးလို့ ထင်ကြပါတယ်။ အဲဒါက အဓိက မဟုတ်ပါဘူး။ 
သို့ပေမယ့် .blogspot.com ဖြစ်နေတာ ကို .com ဖြစ် ဖို့ Upgrade လုပ်နိုင်ပါတယ်။ ဘယ်လောက်မှ မကုန်ကျပါဘူး။ စာရေးသူရဲ့  Blog ဆိုရင် သောင်းဂဏန်း ပဲ ကုန်ကျပါတယ်။  မြန်မာပြည်မှာ ဒီထက် အဆပေါင်းများစွာ ကောင်းတဲ့၊ သာတဲ့ Blog တွေ အများကြီး ရှိပါတယ်။ 
 ယင်း Blog တွေ က ဘယ်လို Theme တွေရွေးတယ်။ ဘယ်လိုရေးသား တင်ဆက်တယ်။ ဘယ်လို ဖန်တီးတယ် ဆိုတာ ကို လေ့လာ လို့ ကိုယ်တိုင် ဖန်တီး နိုင်မယ် လို့ ယူဆပါတယ်။

အင်တာနက်လိုင်း ကောင်းမှသာ 
 မြန်မာပြည် ရဲ့  လက်ရှိ အင်တာနက်လိုင်း က ဖွံ့ဖြိုးပြီးနိုင်ငံ များနဲ့ ယှဉ် ရင် တော်တော်လေး နှေးကွေးနေ ပါသေး တယ်။ ဒီတော့ ဒီလိုင်းပေါ် ကို အခြေခံ လို့ ဖြစ်တည် လာရမယ့် စီးပွားရေး လုပ်ငန်းတွေက ထင်သလောက် ခရီးမရောက်နေရခြင်း ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ 
ဒီ အင်တာနက် လိုင်း တစ်ခု ကောင်းရင် ကမ္ဘာ့ စီးပွားရေး လုပ်ငန်းကြီးများ၊ စီးပွားရေး ကွန်ရက် ကြီးများ နဲ့ အချိတ် အဆက်မိပြီး ပြည်တွင်း အွန်လိုင်း စီးပွားရေး ကွန်ရက်ကို အာရုံထားသူ များ လာပါမယ်။ တီဗီမှာ၊ ဘေလ်ဘုတ် မှာ၊ ပြင်ပမှာ စီးပွားရေး လုပ်ငန်းကြီးများ ပရိုမိုးရှင်းလုပ်ဖို့၊ မာကက်တင်း ဆင်းဖို့၊ ကြော်ငြာဖို့ အတွက် ဈေး အင်မတန်ကြီးနေချိန် အင်တာနက် မှာ ကျ ဈေး သက်သက်သာသာ နဲ့လုပ်လို့ ရပါတယ်။

အလွယ်ကူ ဆုံး ဥပမာ ပေးရရင် အလှကုန် ပစ္စည်းတစ်ခု သာ Blog တွေ၊ ဆိုဒ်တွေ၊ Facebook တွေပေါ် မှာ ကြော်ငြာရင် သူ့အတွက် များစွာ အကျိုး ထူးပါတယ်။ ဘာလို့လဲဆို အင်တာနက်မှာ ကျ လူငယ်တွေ ပိုများလို့ ဖြစ် ပါတယ်။ လူငယ်တင် မကပဲ လူလတ်ပိုင်း၊ လူကြီး ပိုင်းတွေ အထိ တွင်ကျယ် လာပြီမို့ ဘယ်ဟာဖြစ်ဖြစ် ပရိုမိုးရှင်းလုပ်မယ်။ ဈေးကွက်နယ်ချဲ့ မယ် ဆိုရင် အင်တာနက် ဆိုတာ မရှိမဖြစ်လိုအပ်လာပါတယ်။

Blog ဆိုတဲ့ ယင်းအထဲ မှာ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီတော့ အင်တာနက်လိုင်း က နိုင်ငံတကာ ကလိုပဲ ခလုပ် တစ်ချက်နှိပ် ရုံနဲ့ ကောင်းနေပြီ ဆိုရင် ပြည်တွင်းမှာလည်း ကြိမ်းသေ ဖြစ်ထွန်းလာမယ့် စီးပွားရေး ဈေးကွက်တစ်ခု ဖြစ်ပါ တယ်။ ယခု အနေအထား မှာ လည်း လုပ်နိုင်ပါတယ်။ လုပ်လည်းလုပ်နေကြပါ တယ်။
 မြန်မာပြည် အခြေစိုက်ရော၊ နိုင်ငံတကာ အခြေစိုက်ရော မြန်မာပြည် အကျိုးပြု ဆိုဒ်တွေ၊ Blog တွေ ကိုယ်စီ ရှိနေကြပြီး တတ်နိုင် သလောက် ခရီးသွားနေကြ ပါတယ်။ သို့ပေမယ့် ဒါကို အခြေခံလို့ လုပ်နိုင်မယ့် စီးပွားရေး လုပ်ငန်းက ထင်သလောက် ခရီးမရောက်သေးပါဘူး။

သို့ပေမယ့် တကယ်ပဲ Blog ကို အခြေခံလို့ စီးပွားရေး လုပ်ဖို့ စိတ်ကူးရှိတယ်။ ခံယူချက် ရှိတယ် ဆိုရင် ခုကတည်း က စထား သင့်ပါတယ်။ ကိုယ် တတ်နိုင်တဲ့ ဖက်က ကြိုးစားရင်း စီးပွားရေး စနစ် တစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့ နေရာလေး တစ်ခုဖြစ်လာရင် ဒါတွေဟာ အိပ်မက် မဟုတ်တော့ ပါဘူး။ 
လူတိုင်း အင်တာနက် ကို အခြေခံလို့ အရင်းအနှီး နည်းနည်း နဲ့ သူဌေးဖြစ်နိုင်ပါတယ်။ သို့ပေမယ့် လွယ်လွယ် နဲ့တော့ မရပါဘူး။ လွယ်လွယ် မရပေမယ့် မခက်ခဲ တဲ့ Blog လေးကို ဖန်တီး လို့ စာဖတ်သူ တို့ အစပျိုးနိုင်ပါကြောင်း ဆန္ဒပြုလိုက် ရပါတယ်။

 
အောင်ခမ်း (ရိုးရာလေး)      
Blogger တစ်ယောက်ဖြစ်၇န် နည်းပညာကို အသေးစိတ်နီးပါး လမ်းညွှန်ပေးထားတဲ့ 
thesupernaturalmyanmar.blogspot.com မှာ စိတ်ပါဝင်စား၇င် ၀င်ေ၇ာက်လေ့လာ အကြံဥာဏ် တောင်းယူနိုင်ပါတယ်....     
                                              

1 comment:

  1. i intresting ur page, can u explain me how to use & let me know ur gmail ,pl.. my gmailis msoe2139@gmail.com

    ReplyDelete