Sunday, July 14, 2013

Edison..၏...ခွင့်လွှတ်ခြင်း ဆို၇ာဝယ်.........



အက်ဒီဆင် အတွက်တော့ လျှပ်စစ် မီးသီး ကို တီထွင် ရတာ မလွယ်လှပါဘူး။
အကြိမ်ပေါင်း များစွာ စမ်းသပ်ရာ ကနေ ပထမဆုံး သူရဲ့ မီးလုံးလေးဟာ လင်းလာခဲ့တာပါ..
 

အဲ့ဒီ အတွက် သူတင် မကဘူး သူနဲ့ အတူတူ သုတေသန လုပ်နေတဲ့ သူ့ရဲ့ လက်ထောက် လည်း အောင်မြင်ပျော်ရွှင်မှု ကို ရင်ခုန်စွာ နဲ့ ခံစားရတာပေါ့။

အက်ဒီဆင် က တီထွင်အောင်မြင် လို့ပြီးသွားတဲ့
မီးသီးကို တစ်ခြား စမ်းသပ်ခန်း ထဲ သူ့ရဲ့ တပည့် လက်ထောက် ကို ဂရုတစ်စိုက် သယ်လာခိုင်း လိုက်တယ်။ အဲဒီ စမ်းသပ်ခန်းကို အသွား မှာ လှေခါးလေး တစ်ခုကို တက်ရတယ်။



တပည့်က သေချာ ဂရုစိုက်စွာ တစ်လှမ်းချင်း လှေခါးပေါ်တက်တယ် ။ လက်ထဲ က မီးသီးလေး ကိုရင် တထိတ်ထိတ် နဲ့ သယ်တယ်။ 

ဂရုစိုက်လေ စိတ်တွေက ပိုလှုပ်ရှားပြီး လှေခါးပေါ်ရောက် ခါနီး မှာလှေခါး ကနေ ခြေချော်ပြီး မီးသီး ကျကွဲ သွားတယ်။  

အချိန်ပေါင်းများစွာ အကုန်ခံပြီး ပင်ပန်းစွာ တီထွင်ခဲ့တဲ့ မီးလုံးလေး ကျကွဲ သွားပေမဲ့ အက်ဒီဆင် က သူ့ လက်ထောက် ကို အပြစ် မတင်ခဲ့ဘူး။

“ဒီထက်ကောင်းတဲ့ မီးလုံး ထပ်လုပ်ဖို့ အခွင့် အရေး ရတာပေါ့ကွာ..။ ” လို့ပဲပြောခဲ့တယ်.။

သူ့လက်ထောက် ကတော့ ဒီ မီးလုံးလေး ကျကွဲ သွားတာကို ခံစားနေရပြီး မအိပ်နိုင် ၊ မစားနိုင် ဖြစ်နေခဲ့တယ်။ ။ သူ့ဆရာ အက်ဒီဆင် ဆူပူ အပြစ် တင်ပြီး စိတ်ကွက် မှာ ကြောက်နေခဲ့တယ်။ 


ဒါပေမဲ့ ..အက်ဒီဆင်က အပြစ်မတင်ခဲ့ဘူး..။ နောက်ထပ် ပိုကောင်းမယ့် မီးသီးတစ်လုံး အတွက်သာ အတူ ကြိုး စားကြဖို့ အားပေးခဲ့တယ်.. 

 နောက်ရက် အနည်းငယ် အကြာမှာ နောက်ထပ် မီးလုံးလေး တစ်လုံးကို ထပ်တီထွင်နိုင် ခဲ့ တယ်..တီထွင် လို့ ရလာတဲ့ မီးသီး ကို သူ့ရဲ့တပည့် ကိုပဲ ပြန်ယူခိုင်းတယ်။

ဒီ တစ်ခါတော့ တပည့် ကချောမောစွာ သယ်ဆောင်နိုင်ခ
ဲ့တယ်။

ဒါကိုဘေးကနေ ကြည့်နေ တဲ့ အက်ဒီဆင် ရဲ့ မိတ်ဆွေ တစ်ယောက် က အက်ဒီဆင် ကို …“ ခွင့်လွတ်ရင် ရပြီလေ..။ ဘာဖြစ်လို့ နောက်တစ်ခါ ထပ်သယ်ခိုင်း တာလဲ။
 



ထပ်ပြီး ကျကွဲသွားရင် ဘယ်လို လုပ်မလဲ ..။ ” ဆိုပြီး အက်ဒီဆင်ကို အပြစ်တင်တယ်…ဒီတော့ အက်ဒီဆင် က သူ့ သူငယ်ချင်းကို စေ့စေ့ကြည့်ရင်း ပြုံးပြီးပြောတယ်.။

“ ခွင့်လွတ်တယ် ဆိုတာ ပါးစပ် ကပဲပြောလို့ ရတာ မဟုတ်ဘူး။ နောက်တစ်ကြိမ် ထပ်ကြိုးစားဖို့ အခွင့် အရေးပေး ရတာ..။” တဲ့..

တစ်စုံ တစ်ယောက်က သူငယ်ချင်း အပေါ် အမှား လုပ်မိရင်.. သူငယ်ချင်း ဘက်ကလည်း ခွင့်လွှတ်နိုင်ခဲ့ မယ် ဆိုရင်… နှုတ်ကပဲ ခွင့်လွှတ်ပါတယ်လို့ ပြောမယ့်အစား… အက်ဒီဆင့် လို .. သူ့အပေါ် နောက် တစ်ကြိမ် အခွင့် အရေးပေးကြည့်လိုက် တာက သူငယ်ချင်းရဲ့ စိတ်ဓါတ်ပြည့်ဝ မှုကို ပိုပြီး..လှစ်ဟပြနိုင်ပါ လိမ့် မယ်.လို့ ထင်ပါတယ် ။
 


အားလုံးပဲ..ပြည့်ဝသော စိတ်ထားများဖြင့် ခွင့်လွှတ်နိုင်ကြပါစေ..


Credit - .ပိုးဟပ်ဖြူ. { Heart Canteen }
ေ၇းမိေ၇း၇ာလေးများ မှ ကူးယူဖေါ်ပြသည်....

No comments:

Post a Comment