Wednesday, August 21, 2013

အက်ဆစ် အဖွဲ့ ရဲ့ စည်းလုံး ညီညွတ်မှု မှတ်တမ်း



အက်ဆစ်၊ သီအိုရီ စတဲ့ ဟစ်ဟော့ပ် လူငယ်တွေ ရဲ့ စည်းလုံး ညီညွတ်မှု နဲ့ စတင် ခဲ့တဲ့ ဟစ်ဟော့ပ် ဂီတ ဟာ အခုဆိုရင် အရည်အချင်းယှဉ်ပြိုင်မှုများ
ရှိ နေပေမယ့်အရေးကြုံလာပြီဆို
ရင်ပြဿနာတွေကို စည်းစည်း လုံးလုံးနဲ့ဖြေရှင်းတတ်ကြပါ
တယ်။ 

၁၉၉၇၊၁၉၉၈လောက်က စတင် ပြီး အနဂ္ဂ၊ဟိန်းဇော်၊ရန်ရန်ချန်း၊ ဇေယျာသော် ဆိုတဲ့ လူငယ် လေး ယောက်နဲ့ဖွဲ့စည်း ခဲ့တဲ့ Acid အဖွဲ့ရဲ့စည်းလုံး ညီညွတ်မှု နဲ့ အောင် မြင်မှု သမိုင်း မှတ်တမ်းကို Acid အဖွဲ့ဝင်အနဂ္ဂက...

" ခေါင်းတစ်လုံး ပဲရှိရှိ၊ နှစ်လုံး ပဲ ရှိရှိ၊သုံးလုံးပဲ ရှိရှိ အတွေးအခေါ် တစ်ခုပဲဖြစ်ဖြစ်၊ဦးဆောင် တာတစ်ခုပဲဖြစ်ဖြစ် တစ် ယောက်တည်း လုပ်နေရင်တော့မအောင် မြင်လောက်ဘူး လို့ပဲ ကျွန်တော် ထင်တယ်။ Team Work ဆိုတာ ကတော့ တစ်ယောက်နဲ့ တစ် ယောက် အပြန် အလှန်ကြည့် ရှုပေး ရတဲ့ပုံစံပါ။




ဖြတ်သန်းလာ ခဲ့ရတဲ့ အတွေ့အကြုံ အရဆို အဖွဲ့ နဲ့ လုပ်တာက စိတ်ရှည်ရမယ်။သည်းခံရမယ်။ အဖွဲ့ ဆိုတဲ့ စကား အတိုင်း အဖွဲ့မှာလူ ပေါင်းစုံပါ တယ်။ စလုပ်တဲ့အချိန် ၉၇၊၉၈ လောက် ရန်ကုန် တစ်မြို့လုံးနီးပါး မှာသွားလာတဲ့ လူငယ်တွေ တစ်ယောက် မကျန်ပေါင်းသင်းကြ တဲ့ ပုံစံမျိုး ကျွန်တော်တို့နေထိုင် ကြတယ်။ 



အကုန်လုံး မပေါင်းနိုင်ပေမယ့် ဒီရပ် ကွက်မှာ လူအစုံ နဲ့ သိတဲ့ လူတစ်ယောက် ပေါင်းမယ် ၊နောက်ရပ်ကွက်မှာ အဲလိုတစ် ယောက်နဲ့ ဆိုတော့ ဗခငိ ရဲ့ရှေ့ကို ရောက် သွား စေတဲ့ အကြောင်း အရင်းမှာ အဲဒါတွေ လည်းပါတယ်။ တစ် ယောက်နဲ့တစ် ယောက် စည်းလုံး မှုရအောင် နေခဲ့ကြတယ်" လို့ပြောပါတယ်။

Acid အဖွဲ့ဝင်လေး ယောက်မှာ ဟိန်းဇော်မရှိတော့တဲ့နောက်ပိုင်း အနုပညာ လုပ်ငန်း တွေ မှာအားတစ်ခုလျော့နည်းသွားတဲ့အကြောင်းကို အနဂ္ဂက

" အမှန်အတိုင်းပြောရရင် အားလျော့ပါတယ်။ ကျွန်တော်နဲ့၊ ဟိန်းဇော်နဲ့၊ ရန်ရန်ချန်းနဲ့က အမြဲတမ်းအတူတူရှိကြတဲ့ သူတွေပေါ့။ ဇေယျာသော်နဲ့က Acid မထွက်ခင်ရှေ့ပိုင်း၊ ထွက်ပြီး နောက်ပိုင်း ၂နှစ်လောက်မှာ အများကြီး အဆက်အသွယ်ရှိခဲ့တယ်။



ပြီးတော့ ဇေယျာသော်က မန္တလေးရောက်သွားတယ်။ ဟိန်းဇော် တစ်ယောက်က အခုရှိမယ် ဆိုရင် ဟိန်းဇော် ကို နားလည် ယုံကြည် တဲ့ ကလေးတွေရှိတယ်။ သီချင်း လုပ်တော့မယ်ဆိုရင် Senior တွေ က နောက်တက် လာမယ့် Junior တွေနဲ့ သီချင်း ပုံစံ တူချင်မှ တူတော့မယ်။

Old Skool ဆန်ချင်ဆန်မယ်။ ပိုပြီးသစ်လွင်ချင်သစ်လွင်နေမယ်။ အခု Hip Hop Society တစ်ခု၊ Community တစ်ခုကိုသေသေ ချာ ချာလေးတည်ဆောက်ထား တဲ့ အချိန်မှာ ဂျေမီတို့၊ ကျွန် တော်တို့၊ရဲလင်းအောင်တို့၊ ရသ တို့၊ကိုကြီးကျော်တို့ အကုန်လုံးနဲ့ M.H.A ပေါ့။ M.H.A ဆိုတာ အသင်းအဖွဲ့မဟုတ်ဘူး။ 


ဆိုးအတူ ကောင်းအတူပြဿ      နာတွေ ကိုဖြေရှင်းဖို့အ တွက် စီစဉ်ကြတာ ဆိုတော့ ဟိန်းဇော် သာရှိ ရင်ကျွန်တော်တို့ အတွက်အများကြီး အထောက်အကူပြုမှာပါ" လို့ ပြောပါတယ်။ Acid အဖွဲ့ဝင်တစ်ယောက် ဖြစ်သူ ရန်ရန်ချန်း ရဲ့စကားသံ က

" အဲဒီ အချိန်တုန်း က တကယ့် ကိုသွေးလည်းကြွနေတယ် ဆိုတော့တကယ့်ကို စုစုစည်း စည်း လုပ်ဖြစ်ကြတယ်။ "အားလုံး စုစည်းနေဘာမှမဖြစ်" တို့လို ခံ စားချက်တွေရေးလိုက်ကြတယ်။ အဲဒီသီချင်းကို G.Family က ပြန်ဆို တာကြားရတဲ့ အတွက် သူတို့အဲဒီလို စုစုစည်း စည်းဖြစ်နေ တာကို မြင်တော့ ကိုယ်တွေ ငယ်ငယ် တုန်းက ဘဝကိုသွားပြန် သတိရမိပါတယ်" လို့  ပြောပါတယ်။


မျိုးမောင်

 Popular Journal
                              
Myanmar Online News မှ မျှဝေဖေါ်ပြသည်

No comments:

Post a Comment