Friday, August 16, 2013

 အမျိုးသမီး များကြား စီးဝ င်လာသည့် ယမကာ ယဉ်ကျေးမှု





မူးယစ် ရီဝေ လာပါက အဖော်ယောက်ျားလေး ကို ကုန်းပိုးခိုင်းစေ လိုခြင်းနှင့် ငို၍ကောင်းသောကြောင့် ဘီယာနှင့် ဆိုဂျူး အရက်များ သောက်သုံးကြသည်ဟု ဆိုသည့် ကိုရီးယားလှိုင်း ၏ ရိုက်ခတ်မှု သည် မြန်မာ မိန်းကလေးငယ် တချို့အတွက် ဖက်ရှင်ကျသည့် လူငယ်သဘာဝ တစ်ခု ဖြစ်လာခဲ့ပါပြီ။

အမျိုးသား များနှင့် ရင်ပေါင်တန်း မည့် တန်းတူ ညီမျှ အခွင့်အရေး ဟူသော အသုံးအနှုန်းကို တွင်ကျယ်စွာပြောဆိုလာကြပြီး နောက်ပိုင်းတွင် ယမကာသောက်သုံးခြင်း သည်လည်း အမျိုးသမီး များ ကိုယ်ပိုင် အခွင့်အရေးတစ်ရပ် ဟု လက်ခံယူဆလာကြသည်။

ရန်ကုန်မြို့တော် တွင် ၁၉ လမ်း ကဲ့သို့ အရက်ဆိုင်တန်း များ၌ အမျိုးသား တို့ကြား ၀ိုင်း ဖွဲ့သောက် သုံးနေသည့် အမျိုးသမီးများ အပြင် မိန်းကလေးများ အုပ်စုဖွဲ့ သောက် သုံးနေကြ သည့် မြင်ကွင်းများ ကိုလည်း နေ့စဉ်မြင်တွေ့ရမည် ဖြစ်သည်။ 


ဘီယာဆိုင် ကြီးများ၊ နိုက်ကလပ်များ၊ ပါတီ ပွဲများမှာ လည်း အမျိုးသမီးငယ် များ ဘီယာ၊ အရက်သောက်သုံး လာကြသည်ကို တွေ့မြင်နိုင်ကြပါသည်။


အမျိုးသမီးတို့ အနေဖြင့် အရက် အလွန်အကျွံ သောက်သုံး မိပါက နီးစပ်သူ အမျိုသားများနှင့် မှားယွင်းမှု များ ဖြစ်ပေါ် တတ်သည့် သာဓက အချို့လည်း ရှိခဲ့ပြီး အများစု ကတော့ အပျော် သဘောဖြင့် သရုပ် မပျက် သောက်သုံးကြသည် က များသည်။


“မူးနေတဲ့ မိန်းကလေး တစ်ယောက်ကို အခွင့်အရေး ယူတဲ့ ယောက်ျားက လူစဉ် မမီဘူး ထင် ပါတယ်။ မူးနေတဲ့ မိန်းကလေးမှာ အပြစ် မရှိဘူး ထင်ပါတယ်။ အမြတ်ထုတ်တဲ့ သူသာ အပြစ် ရှိပါတယ်။ လူ့အသိုင်း အ၀ိုင်းက တကယ် အပြစ်ရှိတဲ့သူကို မြင်တတ်ဖို့လိုပါတယ်”ဟု Yangon Film School မှ မန်နေဂျာ ကိုသက်ဦးမောင် က ၎င်း၏ အမြင်ကိုပြောသည်။

အမျိုးသမီး များက အမျိုးသားတို့နှင့် ရင်ပေါင်တန်း ၍ အရက်သေစာ သောက်သုံးလာကြခြင်း၏ အဓိက အကြောင်းရင်းများ ထဲတွင် ကိုရီးယား ဇာတ်လမ်းတွဲ များက ထိပ်ဆုံးမှ ပါဝင်လျက် ရှိ သည်။


 မြန်မာ့ ယဉ်ကျေးမှုဓလေ့ စရိုက် အတွင်း ကူးစက် ၀င်ရောက်လာ သည့် ကိုရီးယားယဉ်ကျေးမှု ဓလေ့ စရိုက်များ က အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး စွဲလမ်းလာစေခဲ့ပြီး အနောက်တိုင်း ရုပ်ရှင်များ တွင် ပါဝင်သည့် ဓလေ့စရိုက် များကိုလည်း နှစ်သက် တတ်လာကြသည်။
 

 

ဘိန်းစွဲ သကဲ့သို့ စွဲလမ်း လာကြသည့် ကိုရီးယား ဖက်ရှင်များ၊ ကိုရီးယား အစားအသောက် များ က လူငယ်ထု အကြား ပျံ့နှံ့မှု ပိုမို များပြားကာ ဘီယာ၊ အရက်နှင့် ဆိုဂျုးသောက် သုံးခြင်း၊ မူးယစ် လာပါက ငိုကြွေးခြင်း၊ ယောက်ျားလေး ကို ကုန်းပိုး ခိုင်းခြင်း စသည်တို့ကိုလည်း လုပ်ဆောင်လာကြသည်။ 


 ညဥ့်နက်မှ မူးပြီး အိမ်ပြန်လာသည့် ဇာတ်ဝင် ခန်းများ၊ အိမ်ထောင်ရေးဖောက်ပြန်သည့် ဇာတ်ရှုပ်များ ကလည်း ကိုရီးယားဇာတ်ကားတိုင်း လိုလိုတွင် ပါဝင်လျက်ရှိနေသည်။

ယခင် က အရက်ဆိုင်၊ ဘီယာဆိုင်များရှေ့မှ ဖြတ်လျှောက်လျှင်ပင် ခေါင်းငုံ့ကာ ခပ်သွက် သွက်လျှောက်လှမ်း ကြသည့် မြန်မာ မိန်းကလေးများက ယခုအခါ ဘီယာဆိုင် များအတွင်း ၀င်ထိုင်နေကြပါပြီ။ ယောက်ျားလေး အပေါင်းအသင်းများနှင့် ဘီယာဆိုင် လိုက်ထိုင်ရင်း တစ်ခွက် တစ်ဖလား စမ်းသောက်ကြည့်ရာ မှ အရက်သောက်သုံးခြင်းကို စတင်ခဲ့ကြလေသည်။



အသက် ၂၄ နှ စ်အရွယ် သတင်းထောက် အမျိုးသမီးတစ်ဦးကတော့ သူမ ဘီယာသောက်ဖြစ်ခြင်း ကို အောက်ပါ အတိုင်း ပြောကြားသည်။

“ကိုရီးယား ကားကြောင့် သောက်တာ လည်း မဟုတ်ဘူး။ ကြိုက်လို့သောက်တာ။ သူများ မိန်းကလေးတွေ သောက်တာ လည်း ဘယ်လိုမှ မမြင်ဘူး။ အရမ်း သရုပ်မပျက်ရင် ပြီးတာပဲ။ ဒီမှာ က မိန်းမတွေက သောက်ပြီ ဆို ငိုလိုက်၊ ရယ်လိုက် နဲ့”

အသက် (၂၉)နှစ် အရွယ် ကိုနစ်ကီ ကလည်း “တချို့မိ န်းကလေးတွေက အပျော်အပါး သဘော မျိုးနဲ့ သောက်ကြတာေ တွ့ရတယ်။ ဥပမာ- ၁၉ လမ်းလို  နေရာမျိုးကို ကြည့်လေ။ ဘာပွဲ ညာပွဲ မရှိ ဘဲ နဲ့ကို သောက်နေကြတာ။ သင်္ကြန်မှာဆိုလည်း အရက်ဘီယာသောက်တာ မဆန်းတဲ့ ပုံစံနဲ့ သောက်ကြတာ”ဟု ဆိုသည်။


ကုမ္ပဏီ ၀န်ထမ်း အမျိုးသမီး များက ပါတီပွဲများ၊ ညစာစားပွဲများတွင် လူမှုရေးအရ ၀ိုင်နှင့်ဘီယာ အနည်းငယ်သောက်သုံးသည့် ဓလေ့ ရှိလာကြပြီး တချို့ အမျိုးသမီး များက ဖက်ရှ င်သဘော မျိုး သောက်သုံး လာကြကာ အမျိုးသမီးငယ်များကတော့ သူငယ်ချင်းအပေါင်းအသင်းများနှင့် သွားလာရင်း သောက်ဖြစ်လာခြင်းဖြစ်သည်။

“သူငယ်ချင်းတွေ နဲ့သွားရင်း မြည်းစမ်းသောက်ကြည့် ရာက သောက်တတ် လာတာပဲ။ သောက် ကြည့် လိုက်တော့ လည်း ကြိုက်တယ်။ အရင်ခေတ်တွေ တုန်း ကလို အရက်တစ်ခွက် ၀င်ပြီး မိန်းကလေးတွေ အသိစိတ် ပျောက်ကုန်တယ် ဆိုတာမျိုး မဖြစ်တော့ဘူး။ တော်ရုံတန်ရုံ ကိုယ့် ကိုယ်ကိုယ် ထိန်းနိုင်တယ်”ဟု အသက် (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပြသည်။

မြို့နယ်ပေါင်း ၅၀ ကျော် မှ အသက်(၁၈)နှစ်မှ (၆၄)နှစ် အရွယ် လူပေါင်းခုနစ်ထောင်ကျော် ကို ကျပန်းရွေးချယ် ၍ သုတေသန တစ်ခု ပြုလုပ် ခဲ့ရာ၌ အမျိုးသား ၁၀၀ တွင် ၄၅ ဦးက အရက်သောက်သုံးပြီး အမျိုးသမီး ၁၀၀ တွင် လေးဦး(လေးရာခိုင်နှုန်း)က အရက်သောက် သုံးကြောင်း တွေ့ရှိရသည်။


“နှစ်ယောက် မှာ တစ်ယောက်လောက် သောက်နေတယ် ဆိုတော့ ဒါတော်တော် အရေးကြီး တဲ့ ပြဿ       နာပဲ”ဟု ဒေါက်တာကိုကိုဇော် က ပြောသည်။

“ဒီလေးရာခိုင်နှုန်း ဆိုတာက မြို့ပြရော၊ တောရော အသက်ကြီးငယ် အားလုံးနဲ့ အရက်လုံးဝ မသောက်တဲ့သူတွေကိုပါ ပြုလုပ်ထားတဲ့ သုတေသနပါ။ တကယ်ကို အရက်သောက်နိုင်တဲ့ အများဆုံးအခြေအနေရှိတဲ့ အသက်အပိုင်းအခြားကိုပဲ လေ့လာရင် ဒီထက် အဆပေါင်းများစွာ များနိုင်မယ်”ဟု ၎င်းကဆိုသည်။

အမျိုးသမီးများ ထဲတွင် အသက်(၃၃)နှစ် မှ (၄၅)နှစ်အထိသည် အများဆုံးသောက်သုံး သည့် အသက် အရွယ်ပင် ဖြစ်သည်။ တိုင်းနှင့်ပြည်နယ်များ ကို လေ့လာသည့် အခါ ကယားပြည်နယ် သည် အမျိုးသမီးများ အရက်သောက်သုံးမှု အများဆုံးပြည်နယ်ဖြစ်ပြီး သုတေသနပြုလုပ်ချက်အရ တစ်နှစ်အတွင်း အရက်သောက်သုံးမှု မှာ အမျိုးသမီး ၁၀၀ တွင် ၃၈ ဦးရှိကြောင်း တွေ့ရှိရ သည်။

 

အမျိုးသမီးများ အရက်သောက်သုံးမှု ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်သည်။ 

အသက်မပြည့်သေးသည့် ကလေးများ အရက်သောက်သုံးမှုနှင့်ပတ်သက်၍ Strategic First စီးပွားရေး သင်တန်းကျောင်းမှ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း ရှစ်ကျောင်း ၌ တက်ရောက်နေသော ၈ တန်းမှ ၁၀ တန်းအထိ ကျောင်းသူ ၁၀၀ ကျော်အား မေးမြန်း ခဲ့သည်။ 

အဆိုပါမေးမြန်းမှု ကို ရန်ကုန်မြို့ ရှိ နာမည်ကြီးကျောင်း များ အပါအ၀င် ဆင်ခြေဖုံး ရှိ ကျောင်း များကိုပါ ရွေးချယ်မေးမြန်း ထားခြင်းဖြစ်သည်။

ကျောင်းသူ ၁၀၀ ကျော်တွင် မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည့် ကျောင်းသူ တိုင်းက ဘီယာနှင့် ဆိုဂျုး သောက်ဖူး ကြ ကြာင်း Strategic First သင်တန်းကျောင်း မှ ကျောင်းအုပ် ဦးအောင်မျိုးချစ် က ပြောပြသည်။

“ယောက်ျားလေးတွေက ကောင်မလေးကိစ္စနဲ့ သောက်တယ်။ ကောင်မလေးတွေကတော့

 သောက်ပြီးရင် ငိုလို့ကောင်းလို့၊ ကောင်လေးကို ကုန်းပိုးခိုင်းချင် လို့ သောက်တာ လို့ ဖြေကြ တယ်။ ဆရာမတွေ ကိုမေးတာ ကျောင်းမှာ လည်း ၀ိုင် ပုလင်းတွေ ယူယူလာ လို့ ရုံးခန်းကို ပို့လိုက် ရတယ် ဆိုတာတွေလည်း ရှိနေတယ်”ဟု သူကဆိုသည်။

အမျိုးသမီးငယ်များကို အဓိကရည်ရွယ်သည့် ဘီယာသောက်ပြိုင်ပွဲကဲ့သို့ ပြိုင်ပွဲများလည်း တချို့ ပါတီ ပွဲများတွင် ထည့်သွင်းကျင်းပလာပြီး အရက်သောက်ဖူး မှ ခေတ်မီသည် ဆို သည့် ပြောင်း လဲမှုများ လည်း လူအများကြားရှိလာပြီ ဖြစ်သည်။


“အဓိက က ကြိုက်လို့ လို့ ထင်ပါတယ်။ ပုံမှန် အားဖြင့် မြန်မာ မိန်းကလေးတွေ စကားတိုး တိုးပြောပြီး ခပ်မှန်မှန်နေထိုင်လေ့ ရှိပေမယ့် သောက်ပြီးတဲ့ အခါ လွတ်လပ်မှု တစ်မျိုးဖြစ် သွားပြီး နေရထိုင်ရတာ ပိုပျော်ဖို့ကောင်းသလို ဖြစ်သွားလို့ သောက်ကြတာလို့ ထင်တယ်”ဟု ဒီဇိုင်နာ အမျိုးသမီးတစ်ဦး က ပြောသည်။

“မိန်းကလေးတွေ အရက်သောက်လို့ရတဲ့ နေရာတွေ များလာတယ်။ နိုက်ကလပ်ဆို မိန်းကလေး ကို အရက် အလကား တိုက်တယ် လို့ ပြောတာပဲ။ 


ရုပ်ရှင် ကားတွေ ထဲမှာလည်း စိတ်ညစ် လို့ ထွက်ပေါက် ရှာရင် အရက်သောက်ပြီး ရှာကြ တယ်ပေါ့လေ။ မြန်မာ ကားတွေမှာ လည်း အဲဒါတွေ ရိုက်ကူးပြနေတယ်။ အပြင်မှာ လည်း သောက်နေကြတော့ ဒါက ယဉ်ကျေးမှု တစ်ခုလို့တောင် ပြောလို့ရနေပြီ”ဟု တစ်ကိုယ်တော် ပရဟိတ သမားများကွန်ရက်မှ မခင်နှင်းကြည်သာ က သုံးသပ်သည်။

သို့သော် အမျိုးသမီးများမှာ ကိုယ်သောက်သုံးသည့် ယမကာအမျိုးအစားတွင် အရက်ပမာဏ မည်မျှပါဝင်နေသည်ကို မသိရှိကြပေ။ အများစု၏ စိတ်ထဲတွင် ၀ီစကီကဲ့သို့ အရက်ပြင်းများ၌ အယ်လ်ကိုဟောလ် Level ၁၀၀ ရာခိုင်နှုန်း ပါဝင်နေပြီး ဘီယာကဲ့သို့ အဖျော်ယမကာများတွင်မူ အယ်လ်ကိုဟောလ်ပမာဏ အနည်းငယ်သာ ပါဝင်နေသည်ဟု ထင်မှတ်နေကြသည်က များသည်။

တကယ်တမ်းတော့ မိန်းကလေး များ သောက်သုံးနေကြသည့် ဆိုဂျုး အရက်တွင်ပင် အယ်လ်ကိုဟောလ် Level မြင့်မား  စွာ ပါဝင်နေပြီး ဘီယာ တွင်လည်း အယ်လ်ကိုဟောလ် ၄ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း သိရသည်။


“Trend ကလည်း တော်တော်လေးကို ပြောင်းလဲနေပြီ။ အရက်တွေလည်း ထပ်ပြီးခွင့်ပြုနေ တယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး ကို ကာကွယ်ဖို့ ဘယ်သူတွေ ဘာလုပ်နေလဲ ဆိုတာတော့ မရှိဘူး။ ထိုက်သင့်တဲ့ အခွန်တွေ တိုးကောက်တာမျိုး၊ ထိုက်သင့် တဲ့ ထိန်းသိမ်းမှုတွေနဲ့ လူငယ်တွေ ကို ပညာပေးတာမျိုးတွေ ထိထိရောက်ရောက် လုပ်ဖို့တော့ လိုနေပါပြီ”ဟု Strategic First သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးအောင်မျိုးချစ်က သုံးသပ်သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ၂၀၁၁ ခုနှစ်တွင် ပြုလုပ်ထားသည့် သုတေသန အရ မြန်မာနိုင်ငံ၌ ဘီယာသောက်သုံးမှု မှာ ၈၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အရက်ပြင်းနှင့် ၀ိုင်သောက်သုံးမှု မှာ ၁၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။

“အရက်သောက်တာကြာ ရင် ပထမအဆင့် မှာ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှု ဖြစ်လာတယ်။ အဲဒါ ကိုမှ မဖြတ်ဘူး ဆိုရင် ရုပ်ပိုင်းဆိုင်ရာ စွဲလန်းမှုတွေ ဖြစ်လာတယ်။ အရက် အနည်းငယ်သောက် ရင် ကျန်းမာရေး  အတွက် ကောင်းကျိုးနည်းနည်း ရှိတယ် ဆိုပေမယ့် လူအများက အဲဒီ အဆင့်နဲ့ တင် ရပ်မနေကြဘူး။ လစ်မစ်ကျော်တဲ့ အထိ ကူးသွားတာ များတယ်”ဟု ဒေါက်တာကိုကိုဇော် က ပြောသည်။

လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အသက်(၂၅)နှ စ်အရွယ် မချမ်းငြိမ်းဖြူ  ကလည်း “ဘယ်အရာမဆို အလွန်အကျွံ မဖြစ်ရင် ကောင်းပါတယ်”ဟု ဆိုလာသည်။

အရက်၊ ဘီယာသောက်သုံးခြင်း အားဖြင့် မည်သူ မဆို ရောဂါပေါင်း ခြောက် ဆယ်ကျော် ဖြစ်နိုင်ခြေ ရှိနေပြီး အမျိုးသမီးများ အနေဖြင့် ကိုယ်ဝန် ရှိစေရန် အခက် အခဲဖြစ်စေသောကြောင့် အလွန် အကျွံသောက်သုံးခြင်းကို ရှောင်ရှားသင့်ပါသည်။

ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီး သို့ အရက်စွဲဝေဒနာဖြင့် ရောက်ရှိ လာကြသူများထဲတွင် အမျိုးသမီးများ လည်း ပါဝင်လာနေခဲ့ပြီ ဖြစ်သည်။

“ရောဂါပေါင်း ခြောက်ဆယ်ကျော် ဖြစ်နိုင်တဲ့အထဲက လူတိုင်း သိတာကတော့ အသည်းခြောက်ရောဂါ၊ ဦးနှောက် ထိခိုက်တဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်တယ်။ ပြီးတော့ ခံတွင်း ကင်ဆာစတဲ့ ကင်ဆာရောဂါတွေ၊ အမျိုးသမီးတွေမှာ ဆိုရင်လည်း ကလေးပေါင် မပြည့်ဘဲ မွေးတာမျိုး၊ ဆီးချိုရောဂါနဲ့ လူမှုရေးပိုင်းဆိုင်ရာ ပြဿ     နာတွေကတော့ အထင်ရှားဆုံးပဲ”ဟု ဒေါက်တာကိုကိုဇော် က ရှင်းပြသည်။
 


 နိုင်ငံခြား ယဉ်ကျေးမှု များကို သရုပ်ပျက်ခြင်း ဟု ဆို၍မရပါ။ သူတို့လူမျိုး၊ သူတို့ထုံးစံပင် ဖြစ် ပါသည်။ မြန်မာနိုင်ငံ မှာလည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ ထုံးစံ ရိုးရာများ ရှိပါသည် ။ နိုင်ငံခြား ယဉ်ကျေးမှု များကို အတုယူနေထိုင်ခြင်း သည် တိုးတက် လာသည့် ခေတ် အခြေ အနေအရ ဖြစ်တည်လာမှု တစ်ခုပင် ဖြစ်နိုင်ပြီး မြန်မာ့ယဉ်ကျေးမှု ကို လည်း ပျောက်ပျက် မသွားစေ ရန် ထိန်းသိမ်းဖို့ရာ မြန်မာနိုင်ငံသားတိုင်း မှာ တာဝန်ရှိပါသည်။

တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက လူငယ်အမျိုးသမီးများ အရက်၊ ဘီယာ သောက်စားလာကြခြင်းအပေါ်တွင် အောက်ပါအတိုင်းသာ မှတ်ချက်ပေး ခဲ့သည်။ 


ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ သလို ဆိုရင် စကတ်တို ၀တ်တယ်ဆိုတာ ခြေထောက်လှဖို့ လိုတယ်လေ။ ကောင်းတယ် ထင်ရင်လုပ်ပေါ့။ ကိုယ်လုပ်တာတွေ က ကိုယ့်အရိပ်ပဲဖြစ်မှာ ပါ”ဟူ၍ ဖြစ်ပါသည်။

-ရေးသားသူ- ဥက္ကာကိုကို၊ ၀တ်ရည်အောင်
- 7Day News Journal       
                    

သူ၇ိယ မှမျှဝေဖေါ်ပြသည

No comments:

Post a Comment