Saturday, August 31, 2013

ကိုယ်ဝန်ဆောင်နေစဉ် ကာလ အတွင်း ဆံပင်ဆေးဆိုး ပါက သန္ဓေသား ပျက်စီးနိုင်

အမျိုးသမီးများကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းဓာတုဗေဒဆေးများပါဝင်သောအစားအသောက်
များနှင့်အသုံးအဆောင်ပစ္စည်းများသုံးစွဲပါကသန္ဓေသားကိုအန္တရာယ်ဖြစ်စေနိုင်ကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးထံမှသိရသည်။

ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း ဓာတုဗေဒ ပစ္စည်းများပါဝင်သော ပစ္စည်းများ မကြာခဏ သုံးစွဲပါက သန္ဓေသားကို ခြေပျက် လက်ပျက်ဖြစ်စေခြင်းနှင့် သန္ဓေသား၏ မျိုးရိုးဗီဇ တစ်သျှူးများ ပျက်စီးစေနိုင်ကြောင်း သိရသည်။


 “ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ ဓာတုပစ္စည်းတွေပါတဲ့ အစားအသောက်၊ အသုံး အဆောင်တွေ ကို တတ်နိုင် သလောက် ရှောင်စေချင်တယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုကြပါ ကလေးမွေးပြီး ရင်လည်း နို့မှုန့်တွေမှာ Chemical ပါတဲ့အတွက် သဘာဝဖြစ်တဲ့ မိခင်နို့နဲ့နွားနို့ ပဲတိုက်စေချင်တယ် ” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန်းထိုက် က ပြောသည်။


 ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း အစားအသောက် ကိစ္စများ တွင် သာမက အသုံးအဆောင်ပစ္စည်းများ အသုံးပြုရာတွင်လည်း သတိပြုရန်လို အပ်ကြောင်း၊ ကိုယ်ဝန်ဆောင်နေ စဉ် ကာလအတွင်း ဆံပင်ဆေးဆိုးခြင်း သည်လည်း သန္ဓေသား ကို အန္တရာယ်ဖြစ်စေ သည့် အတွက် လုံးဝမပြုလုပ်သင့်ကြောင်း ၎င်းကဆက်ပြော သည်။

ဆံပင်ဆိုးဆေး တိုင်းတွင် ဓာတုပစ္စည်းများ ပါဝင်နေပြီး ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း အသုံးပြုမိ ပါက ကိုယ်ဝန် ပျက်ကျစေခြင်း၊ သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း အတိအကျ စမ်းသပ်ထားခြင်းများ မရှိသော်လည်း အဆိုပါ ဓာတု ပစ္စည်းများ သည် လူ၏ အရေပြားမှ တစ်ဆင့် သွေးကြော အတွင်းသို့စိမ့်ဝင် လာသည့်အတွက် သန္ဓေသားအား အန္တရာယ်ပေးနိုင်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်စဉ် မှာ ဆံပင်ဆေးဆိုးတာက သန္ဓေသားကို ထိခိုက်စေပါတယ် ဒါကိုအမျိုး သမီးတွေက သိပ် သတိမထားကြဘူး အရမ်းဆိုး ချင်နေရင်တောင် ကိုယ်ဝန် (၃)လအရွယ်မှာ လုံးဝ မဆိုးမိပါစေနဲ့  ၆လကျော်၇င် ဆိုးချင် ဆိုးလို့ရပါတယ် ဒါပေမယ့် အန္တရာယ် ကင်းတယ် လို့တော့ မဟုတ်ဘူး အကြံပေးချင် တာ က ကိုယ်ဝန်ဆောင်နေစဉ်မှာ လုံးဝမဆိုးတာ အကောင်း ဆုံး ပါပဲ”ဟု ဒေါက်တာသန်းထိုက်က ဆက်ပြော သည်။

ကိုယ်ဝန်(၃)လ အရွယ်သည် သန္ဓေသား၏ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း အစရှိသည့် အဓိက အင်္ဂါ အစိတ်အပိုင်းများ ဖွံ့ဖြိုး တိုးတက်ချိန်ဖြစ်ကြောင်း သိရသည်။
“ အစားအသောက်ကို ဆင်ခြင် စားသောက်ရမယ်လို့ သိထားပေမယ့် ဒီလို အန္တရာယ်များမယ်လို့ မထင် ထား ဘူး။ ဆံပင်ဆိုးတာက ကလေးကို ထိခိုက်စေတယ်လို့ မကြားဖူးဘူး အမျိုးသမီး တိုင်းလည်း ဒါကို သတိထားမိမှာ မဟုတ်ဘူး သိထားရင် ရှောင်သင့်တာရှောင်လို့ရတာပေါ့ ”ဟု ကိုယ်ဝန်သည် အမျိုး သမီး တစ်ဦးက ဆိုသည်။


မင်းဟိန်းထက် (မြစ်မခ)            
 မြစ်မခ မှမျှဝေဖေါ်ပြသည်..  

No comments:

Post a Comment