Wednesday, August 7, 2013

ဒီမိုကေ၇စီ ဆိုတာ မင်းကျင့်ဝတ် သီတဂူဆ၇ာတော် ဘု၇ားကြီး

“ ဒီမိုကရေစီဆိုတာ - မင်းကျင့်ဝတ် ” - သီတဂူဆရာတော်ဘုရားကြီး  “ ကမ္ဘာဦးကာလလူတို့သည် ရုပ်ကောင်း၊ စိတ်ကောင်း အကျင့်ကောင်း၊ အပြောကောင်း၊ အလုပ်ကောင်းသည့် လူကောင်းကို လူများစုသဘောကျရွေးချယ်၍ မင်းမြှောက် ကြသည်။ လူများကရွေးချယ်၍ မြတ်သောမင်းဟု သမုတ် အပ်သောကြောင့် မဟာ(ဇန)သမ္မတ(သို့မဟုတ်)...သေဋ္ဌ သမ္မတဟုခေါ်ကြသည်။ တရားသဖြင့်အများပြည်သူတို့ ကျေနပ်နှစ်သက်အောင်ဆောက်ရွက်စီမံအုပ်ချုပ်သောကြောင့် (ဓမ္မ)ရာဇာဟုခေါ်ကြသည်။  မဟာသမ္မတ၊ ဓမ္မရာဇာတို့၏ ကျင့်ရာသော ဥပဒေတို့ကား.. (၁) ပြည်သူပြည်သားတို့အား စားဝတ်နေရေးပြည့်စုံအောင် ပေးရခြင်း။ (ဒါန) (၂) သတ်ခြင်း၊ ခိုးခြင်း၊ ကာမဖောက်ပြန်မှုမပြုရခြင်း၊ မယစ် မူးရခြင်း။ (သီလ) (၃) မင်းမှုထမ်းတို့အားလုံလောက်အောင် လစာရိက္ခာထောက်ပံ့ ရခြင်း၊ (ပရိစ္စာဂ) (၄) တိုင်းပြည်အပေါ် ရိုးရိုးသားသားဖြောင့်ဖြောင့်မတ်မတ် ကျင့်ရခြင်း၊ တိုင်းပြည်ကို မလိမ်မလည်ရ၊ မလှည့်ပတ်ရခြင်း (အဇ္ဇ၀) (၅) ကိုယ်၊နှုတ်၊ စိတ် အားလုံး နူးညံ့သိမ်မွေ့ရခြင်း၊ တိုင်းပြည်ကို ကြမ်းတမ်းရိုင်းပြစွာ မအုပ်ချုပ်ရ။ (မဒ္ဒ၀) (၆) တစ်လလျှင် လေးကြိမ်ဥပုသ်ကမ္မဋ္ဌာန်းဖြင့် စိတ်ကို ဆုံးမ ရခြင်း၊ (တပ) (၇) တိုင်းပြည်က မည်သို့ပြု၊ ပြောစေကာမူ တိုင်းပြည်အပေါ် အမျက်မထွက်ရ၊ ရင်ခွင်ကသားငယ်ကို ချစ်ခင်သော မိခင်ကဲ့သို့ စိတ်ထားရမည်။ ( မက္ကောဓ) (၈)တိုင်းသားပြည်သူတို့ကို မညှဉ်းဆဲရ၊ ကိုယ်စိတ်နှစ်ပါး မပင်ပန်း စေရ။သက်သာအောင်သာ ဆောင်ရွက်ရမည်။ (အ၀ိဟိံသာ) (၉) စိတ်ထဲက ဒေါသ အပြင်မထွက်စေရ၊ အနိုင်ရသော်လည်း တိုင်းပြည်ကို အနိုင်မကျင့်ရ။ (ခန္တီ) (၁၀) တိုင်းသားပြည်သူအားလုံး၏ လိုအင်ဆန္ဒကို မငြင်းပယ်ရ၊ ဆန့်ကျင်ဘက်မလုပ်ရ။ တိုင်းပြည်က တောင်းဆိုသည်ကို ဆောင်ရွက်ပေးရမည်။ ကန့်ကွက်သည်ကို မပြုလုပ်ရ၊ ရှောင်ရှား ရမည်။ ( အ၀ိရောဓန)  သူတို့၏ ကောင်းကျိုးတို့ငှာ ပြည်သူတို့စိတ်ကြိုက်ကျေနပ်သူကို ရွေးချယ်၍ သမ္မတ၊ရာဇာဟု တင်မြှောက်ခဲ့ကြသည်။ သမ္မတ၊ရဇာ တို့ ဤသည့်အကျင့်ကိုကျင့်လော့ဟု မင်းတို့စည်းမျဉ်း၊ အခြေခံ ဥပဒေ ၁၀ချက်ကို ရေးဆွဲ၍ ဥပဒေပြုခြင်း၊ အုပ်ချုပ်ခြင်း၊ တရားစီရင်ခြင်း၊ စီမံခန့်ခွဲခြင်းဟူသော သင်္ဂဟာတရား၊ အပရိ ဟာနယတရား၊ သမ္ပဒါတရား၊ ၀ိဟိဝိနယတရား၊ ဒသရာဇဓမ္မတရား စသော ဓမ္မသတ်များ၊ အခွင့်အာဏာများကို ပေးအပ်ခဲ့ကြလေသည်။  တိုင်းပြည်၏ အလိုဆန္ဒကို ဆန့်ကျင်ဘက်ပြုရန် ပေါရိသာဒကဲ့သို့သော မကောင်းသောမင်းများကို မဆိုထားဘိ၊ ဝေဿန္တရာကဲ့သို့သော ကောင်းသောမင်းများကိုပင် တိုင်းပြည်က လက်မခံ၊ ထီးနန်းချ၍ တိုင်းပြည်မှ နှင်ထုတ်ခဲ့ကြလေသည်။  ထိုအခါ ထိုမင်းတို့သည် တိုင်းပြည်၏ဆန္ဒကိုမဆန့်ကျင်ရဲ၊ မဆန့်ကျင် နိုင်ဘဲ ရာဇပလ္လင်မှဆင်း၍တိုင်းပြည်မှ ထွက်ခွာခဲ့ကြရလေသည်။ ဤသည်ကားတိုင်းပြည်ကို တိုင်းပြည်သားများက အုပ်ချုပ်သော၊ တိုင်းပြည်သားများ၏အလိုအတိုင်းသာ အုပ်ချုပ်ရသော မင်းကျင့်တရား ၁၀-ပါးမှ အ၀ိရောဓနဟူသော ကမ္ဘာဦးက ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ပင်ဖြစ်ပါတော့သည်။ ဓမ္မဟူသည် - သစ္စာ၊ ရာဇဟူသည် - အရှင် အမှန်တရား - နေရာတိုင်းမှာ ထွန်းတောက်ပါစေ။ ပုဂ္ဂိုလ်တိုင်းမှာ ထွန်းတောက်ပါစေ။  - ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဥာဏိဿရ  Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm   Young Buddhist's


“ ကမ္ဘာဦး ကာလ လူတို့သည် ရုပ်ကောင်း၊ စိတ်ကောင်း အကျင့်ကောင်း၊ အပြောကောင်း၊ အလုပ်ကောင်းသည့် လူကောင်းကို လူများစု သဘောကျရွေးချယ်၍ မင်းမြှောက် ကြသည်။ 

လူများကရွေးချယ်၍ မြတ်သောမင်းဟု သမုတ် အပ်သောကြောင့် မဟာ(ဇန) သမ္မတ (သို့မဟုတ်) . ..သေဋ္ဌ သမ္မတဟုခေါ်ကြသည်။ တရားသဖြင့် အများပြည်သူ တို့ကျနပ်နှစ် သက်အောင်ဆောက်ရွက်စီမံအုပ်ချုပ်သောကြောင့် (ဓမ္မ)ရာဇာဟုခေါ်ကြသည်။




မဟာသမ္မတ၊ ဓမ္မရာဇာ တို့၏ ကျင့်ရာသော ဥပဒေ တို့ကား..
 

(၁) ပြည်သူပြည်သားတို့အား စားဝတ်နေရေးပြည့်စုံအောင်ပးရခြင်း။ (ဒါန)
 

(၂) သတ်ခြင်း၊ ခိုးခြင်း၊ ကာမဖောက်ပြန်မှုမပြုရခြင်း၊ မယစ် မူးရခြင်း။ (သီလ)
 

(၃) မင်းမှုထမ်းတို့ အားလုံလောက်အောင် လစာ ရိက္ခာထောက်ပံ့ ရခြင်း၊ (ပရိစ္စာဂ)
 

(၄) တိုင်းပြည် အပေါ် ရိုးရိုး သားသားဖြောင့်ဖြောင့် မတ်မတ် ကျင့်ရခြင်း ၊ တိုင်းပြည် ကို မလိမ် မလည်ရ၊ မလှည့် ပတ်ရခြင်း (အဇ္ဇ၀)
 

(၅) ကိုယ် ၊နှုတ် ၊ စိတ် အားလုံး နူးညံ့သိမ်မွေ့ ရခြင်း၊ တိုင်းပြည်ကို ကြမ်းတမ်း ရိုင်းပြစွာ မအုပ်ချုပ် ရ။ (မဒ္ဒ၀)
 

(၆) တစ်လ လျှင် လေးကြိမ် ဥပုသ် ကမ္မဋ္ဌာန်းဖြင့် စိတ်ကို ဆုံးမ ရခြင်း၊ (တပ)
 

(၇) တိုင်းပြည် က မည်သို့ပြု၊ ပြောစေကာ မူ တိုင်းပြည်အပေါ် အမျက် မထွက်ရ၊ ရင်ခွင်က သားငယ် ကို ချစ်ခင်သော မိခင်ကဲ့သို့ စိတ်ထားရမည်။ ( မက္ကောဓ)
 

(၈) တိုင်းသားပြည်သူတို့ ကို မညှဉ်းဆဲရ၊ ကိုယ်စိတ်နှစ်ပါး မပင်ပန်းစရ။ သက်သာအောင် သာ ဆောင်ရွက်ရမည်။ (အ၀ိဟိံသာ)
 

(၉) စိတ်ထဲ က ဒေါသ အပြင် မထွက်စေရ၊ အနိုင်ရသော် လည်း တိုင်းပြည် ကို အနိုင် မကျင့်ရ။ (ခန္တီ)
 

(၁၀) တိုင်းသားပြည်သူ အားလုံး ၏ လိုအင် ဆန္ဒကို မငြင်း ပယ်ရ၊ ဆန့်ကျင်ဘက် မလုပ်ရ။ တိုင်းပြည် က တောင်းဆို သည်ကိုဆာင်ရွက်ပေးရမည်။ ကန့်ကွက်သည်ကို မပြုလုပ် ရ ၊ ရှောင်ရှား ရမည်။ ( အ၀ိရောဓန) 

 သူတို့ ၏ ကောင်းကျိုးတို့ငှာ ပြည်သူတို့ စိတ်ကြိုက်ကျေနပ် သူကု ရွေးချယ် ၍ သမ္မတ၊ရာဇာဟု တင်မြှောက်ခဲ့ကြသည်။ သမ္မတ၊ ရဇာ တို့ ဤသည့် အကျင့်ကို ကျင့်လော့ ဟု မင်းတို့စည်းမျဉ်း၊ အခြေခံ ဥပဒေ ၁၀ ချက်ကို ရေးဆွဲ ၍ 

ဥပဒေပြုခြင်း၊ အုပ်ချုပ်ခြင်း၊ တရားစီရင်ခြင်း၊ စီမံခန့်ခွဲခြင်း ဟူသော သင်္ဂဟာတရား၊ အပရိ
ဟာနယ တရား၊ သမ္ပဒါတရား၊ ၀ိဟိဝိနယတရား၊ ဒသရာဇဓမ္မ တရား စသော ဓမ္မသတ် များ၊ အခွင့်အာဏာ များကို ပေးအပ်ခဲ့ကြလေသည်။

တိုင်းပြည် ၏ အလိုဆန္ဒ ကို ဆန့်ကျင်ဘက်ပြုရန် ပေါရိသာဒ ကဲ့သို့သော မကောင်းသော မင်းများ ကို မဆိုထားဘိ၊ ဝေဿန္တ    ရာ ကဲ့ သို့သေကောင်းသော မင်းများ ကိုပင် တိုင်းပြည်က လက်မခံ၊ ထီးနန်းချ၍ တိုင်းပြည်မှ နှင်ထုတ်ခဲ့ကြလေ သည်။

ထိုအခါ ထိုမင်းတို့သည် တိုင်းပြည်၏ ဆန္ဒကို မဆန့်ကျင်ရဲ၊ မဆန့်ကျင် နိုင်ဘဲ ရာဇပလ္လင်မှ ဆင်း ၍ တိုင်းပြည်မှ ထွက်ခွာခဲ့ကြရလေသည်။
 

ဤသည်ကား တိုင်းပြည် ကို တိုင်းပြည်သား များက အုပ်ချုပ်သော၊ တိုင်းပြည် သားများ ၏ အလို အတိုင်းသာ အုပ်ချုပ် ရသော မင်းကျင့်တရား ၁၀-ပါး မှ အ၀ိရောဓန ဟူသော ကမ္ဘာဦး က ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ပင်ဖြစ်ပါတော့ သည်။
 

ဓမ္မဟူသည် - သစ္စာ၊ ရာဇဟူသည် - အရှင်
အမှန်တရား -နရာတိုင်းမှာ ထွန်းတောက်ပါစေ။
ပုဂ္ဂိုလ်တိုင်း မှာ ထွန်းတောက်ပါစေ။


- ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီး ဒေါက်တာဥာဏိဿရ

Dhamma Danã Source ►

www.facebook.com/youngbuddhistassociation.mm

Young Buddhist's


No comments:

Post a Comment