Saturday, August 17, 2013

ဆင်းရဲသား များအား မကူညီ ဘဲ နည်းပညာ မျိုးဆက်သစ် များ ကိုသာ ထောက်ပံ့မှု များအား ဘီလ်ဂိတ်ဝေဖန်




မိုက်ခရိုဆော့ဖ်သူဌေး ဘီလ်ဂိတ်က နိုင်ငံတကာရှိ ငွေကြေးချို့တဲ့ ဆင်းရဲနွမ်းပါးသူ များအား ကူညီ ရာတွင် တစ်စုံတစ်ရာ အားထုတ်မှု မရှိဘဲ မျိုးဆက်သစ် နည်းပညာရှင် များ မွေး ထုတ် နိုင်ရေး ကိုသာ အဓိက ဦးစားပေးနေသည့် နည်း ပညာကုမ္ပဏီ အများစု ၏ ငွေကြေးထောက် ပံ့မှု များ ကို ဝေဖန်လိုက်သည်။ 

၎င်း အနေဖြင့် ကိုယ်ပိုင် လူမှုကူညီရေး ဖောင်ဒေးရှင်း ကို တည်ထောင် ထားပြီး ကမ္ဘာ့ ကလေး ငယ် များ၏ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ စသည့် အပိုင်းများကို အဓိက ဖြည့်ဆည်းပေး လျက် ရှိသည်။ 

နိုင်ငံတကာတွင် နည်းပညာ ထုတ်ကုန်နှင့် ၀န်ဆောင်မှုပိုင်း၌ ၀င်ငွေရရှိမှု အလွန်မြင့်မားသော နည်းပညာ အဖွဲ့အစည်း များစွာ တိုးပွားလာခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဆင်းရဲနွမ်းပါးသူများ အား ကူညီခြင်းကို ပြုလုပ်လေ့ မရှိဘဲ ၎င်းတို့ ၏ အကျိုးအတွက် နည်းပညာ မျိုးဆက်သစ် ရှာဖွေ မှု များကိုသာ ကြိုးစားနေကြရာ ဘီလ်ဂိတ်က အခြေခံကျသည့် အရာကို လျစ်လျူရှုပြီး အခြေခံ မဟုတ်သည့် အရာများအပေါ် အလေးထားကြသူများဟု ဝေဖန်ခဲ့သည်။ 




ဘလွန်းဘတ်ဂ် သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဘီလ်ဂိတ်က ''ကမ္ဘာပေါ်မှာ ဆင်းရဲ မွဲတေမှုကြောင့် သေဆုံးရတဲ့လူတွေ အများအပြား ရှိနေပါတယ်။ ခင်ဗျားဟာ ငှက်ဖျားရောဂါ နဲ့ သေရတော့မယ့် အခြေအနေမှာ ရှိနေရင် ဘာကို မျှော်လင့်မှာလဲ။ လုံလောက်တဲ့ ဆေးဝါး ကုသ မှု တစ်ခုကို တောင့်တမှာပါ။ 

နည်းပညာနဲ့ ချမ်းသာလာတဲ့ သူတွေဟာ အချိန်တို အတွင်းမှာ ငွေကြေး ကြွယ်ဝမှု အလွန် မြင့် မား သွားကြပါတယ်။ ဒါတွေက မျက်မြင်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့အနေနဲ့ ဆင်းရဲသားတွေ ကို ကူညီဖို့ အသိစိတ် ၀င်လာအောင် ကျွန်တော် အားပေးချင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ဘီလ်ဂိတ်သည် ကမ္ဘာ့ ဒုတိယအချမ်းသာဆုံး သူဌေးကြီးအဖြစ် ဆက်လက်ရှိနေသော်လည်း ၎င်းပိုင်ဆိုင်သည့် စည်းစိမ်တစ်ဝက်အား လူမှုလုပ်ငန်းများတွင် အသုံးချသွားမည့် စေတနာရှင် မဟာသူဌေးကြီးများ အဖွဲ့အစည်းတွင် ပါဝင်ထားသူ ဖြစ်သည်။ 

လက်ရှိ အချိန်တွင် ဇနီးဖြစ်သူ မလင်ဒါဂိတ်နှင့် အတူ ကမ္ဘာ့ကလေးငယ် များ၏ ကျန်းမာရေး စောင့်ရှောက် မှု ပိုင်းကို ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွင်း ကြိုးစား လုပ်ဆောင်လျက် ရှိသည်။

                 

 pyimyanmar journal မှမျှဝေဖေါ်ပြသည်

No comments:

Post a Comment