Monday, August 5, 2013

တိုတို ထွာထွာ မြန်မာ့ ဆေးမြီးတို များ

 


ဆီးအောင့်ရောဂါ အတွက်...... ယောကျာင်္းဆီး ၊ မိန်းမ မီး " ဆိုသောစကားရှိ ပါသည် ။ ယောကျာင်္း သား များ အဖို့ ဆီးရောဂါဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ 

ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်း မှာ.............. ကြံရည်ကို တစ်ဖန်ခွက် မှာ အပြည့် ထည့်ပါ။ ပြီး လျှင် ဇာတိပ္ဖိုလ်သီး ကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက် လိုက်ပါ။ဆီးအောင့်ရောဂါ သက်သာပျောက်ကင်းသွားပါလိမ့်မည်။

ချောင်းဆိုး (တီဘီ)ရောဂါ.............. ချောင်းဆိုးလို စိတ်မညစ်နဲ့တော့ ။

ဆေးနည်း....
တောလေးညှင်း ဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်း တစ်ဆုပ်ကို ပြုတ် သုံးခွက် တစ်ခွက် တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက် သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါ သည်။ တီဘီရောဂါ သည်များ အဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

အသက်ရှူ  လမ်းကြောင်း ဆိုင်ရာ ရောဂါ ရှိသူများ ရေများများသောက် ဖို့ လို........

သင့် မှာ အဆုတ်လေပြွန်ရောင်နာ (bronchitis) ၊ အဆုတ်လေအောင့်နာ သို့ မဟုတ် အဆုတ် ပွခြင်း (emphysema) စတဲ့ အသက်ရှူ  လမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာ ရှိပါသလား၊ 

ဒါဆိုရင် ၈အောင်စ ၀င် ဖန်ခွက်နှင့်ရေ ဒါမှမဟုတ် အခြား အရည် တမျိုးမျိုး ကို တနေ့ ၎ခွက်မှ ၆ခွက် အထိ သောက်ပေးပါ။ အရည် က ရောင်ရမ်းနေတဲ့ လေပြွန် အထက်ပိုင်း ရှိ အကျိအချွဲ (Mucus) များ ကို ကျဲစေတဲ့ အတွက် ချောင်းဆိုး လိုက်တဲ့ အခါ သလိပ်တွေကို  အလွယ်တကူ ဟပ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ရေနွေးပူ ၊ ဆီပူလောင်လျှင် .......

ရေနွေးပူ၊ ဆီပူလောင်လျှင် ... လောင်သော နေရာကို ကြက်ဥ အကာ ချက်ချင်း လိမ်းပေးပါက ... အရည်ကြည် ဖုပေါက်ခြင်း၊ အမာရွတ် ထင်ခြင်း လုံးဝမရှိပါ။ (အလွန် အသုံးတဲ့သည့် နည်းပါ)

အညောင်း အကိုက် အတွက်ဆေးတစ်လက်........

အညောင်းသမားတွေ အတွက်ပေါ့.... ဘာတွေ လုပ်လိုပဲ ညောင်းညောင်း ကိုယ်လက် မသယ် ချင်အောင် ညောင်းနေရင်ပဲ ဖြစ်ဖြစ် အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့ သူများအတွက် .... ဆေးနည်း... မိဿ       လင် ၊ ချင်း(ဂျင်း)တို့ကို ဆတူရော ၍ ညက်အောင်ထောင်းပြီး အရက် ဦးရည်(မီးတောက်)နှင့် ပုလင်းတွင် ထည့် စိမ်ထားပါ။  (ကြာလေကောင်းလေပါ) လိမ်းကြည်ရာ ပူရှိမ်းရှိမ်း နှင့် ကြောအခြင်များ ပျော့ပျောင်းသွား စေပါသည်။

ဆေးစွမ်းထက်သည့် ကင်ပလင်းရွက် .........

ဆီးအိမ် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ကို လူသိများသော သံမနိုင် ရွက် ကို စားသုံးခြင်းတို့ဖြင့် ကျောက်များ ပြုတ်ကျခြင်း၊ ဆီးထဲတွင် ပါသွားခြင်း တို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။

သို့သော် သည်းခြေအိတ် တွင် တည်နေသော ကျောက်တို့မှာ မူ သံမနိုင်ကျောက် မနိုင်ဖြင့် မပျောက်နိုင်ပါ။ သည်းခြေ အိတ်တွင်ရှိသော ကျောက်များ ကြေသွားပြီး သက်သာပျောက် ကင်းနိုင်သည်နည်း မှာ ဆေးစွမ်းထက်သည့် ကင်ပလင်းရွက် ကို စားသုံးခြင်း ဖြစ်ပါသည်။



အရွက်မှာ ချဉ်သော အရသာရှိပါသည်။
၎င်းအရွက် ကို ချည်ရည်ဟင်း၊ စပ်ချဉ်ဟင်း စသည် ချက်ပြုတ်စားခြင်း၊ ရေနွေးဖြော၍ သုပ်စားခြင်း ၊ ပြုတ်၍ တို့စားခြင်း၊ အခြောက်လှန်း၍ ရေနွေးကြမ်းအနေဖြင့် သောက်ခြင်းတို့ ပြုလုပ် အသုံးပြုနိုင်ပါသည်။

၎င်း၏ အစွမ်းကား သည်းခြေကျောက် ကြေစေရုံသာမက ကိုယ်အတွင်းရှိ အဆုတ်၊အသည်း၊ ကလီစာများရှိ အညစ်အကြေးများ ကိုပါ သန့်စင်ပေးနိုင်သော အစွမ်းထက်သော ဆေးသစ်ရွက်ဖြစ်ပါသည်။

၎င်း၏ အရွက် ပုံသဏ္ဍာန်မှာ သပြေရွက်နှင့် ဆင်၍ ၊ အရောင်မှာ စိမ်းဝါဖန့်ဖန့်ဖြစ်ပြိး၊အသားမှာထူ၍ နုးညံ့ပါသည်။ သိပ်ရင်လွန်းသည့် အရွက်များမှသာ အသားကြမ်းပါသည်။ 

ကနီနယ်၊ကင်းနယ်၊ မင်းကင်းနယ် များတွင် လည်းကောင်း၊ ရေဦး ၊ ဒီပဲယင်းမြို့နယ် ရှိ ကျေး လက် များတွင်လည်းကောင်း ပေါများစွာ ပေါက်ရောက်လေ့ရှိပါသည်။

(၆) လ ခန့် စွဲစွဲမြဲမြဲ စားပါက သည်းခြေကျောက် ကြေသွားစေသည့် ဆေးနည်း တစ်လက်ဖြစ် ပါသည်။

လိပ်ခေါင်းပျောက် တဲ့ တဇောင်း(ရှားစောင်း) လက်ညှိုး.......

ခန္ဓာကိုယ်တွင်း မှာ ရှိသော လိပ်ခေါင်းနှင့် ခန္ဓာကိုယ် အပြင်တွင် ထွက်ကျနေသော လိပ်ခေါင်း သာလျှင် အဓိက ဖြစ်သည်။ အပြင်တွင် ထွက်နေသောလိပ်ခေါင်း ၏ ပုံ သဏ္ဍာန် အမျိုးမျိုး ကို ကြည့်ပြီး လိပ်ခေါင်း အမည် အမျိုးမျိုး ခေါ်ကြသည်။

ကျွန်တော် တွေ့သော လိပ်ခေါင်း သည် တွဲကျနေ၍ ထိုင်သည် အခါ ဖနောင့်နှင့် ပိတ် ထား ၍ ထိုင်နေရသည်။ ဒါမှမဟုတ် တရွတ်ခွေပေါ်တွင် ထိုင်နေရသည်။

သူ့ အတွက် နေ့ရှိသရွေ့ လမ်းလျှောက် သွားလာလို့ လည်းမရ၊ ထိုင်လို့လည်း မရ။ ညည်းတွားနေရသည်။

ဆေးနည်း....
ရှားစောင်း လက်ညှိုး လက်နှစ်ဆစ်ခန့် ကို ထန်းလျက်နှင့် တေ၍ ည,နံနက် သုံးရက် ဆက် တိုက် ကျွေးလိုက်သော အခါ ထွက်ကျနေသော လိပ်ခေါင်း မှာ ပြန်ဝင်သွားပြီး သွားလာ လှုပ်ရှား ၍ ရကြောင်းတွေ့ရပေ သည်။

ပုံသဏ္ဍာန်

ရှားစောင်း လက်ညှိုးမှာ လေးမြောင့် အဆစ်လိုက် အဆစ်လိုက် နွယ်ပုံ သဏ္ဍာန် ပေါက် ရောက်နေသည်။ အရွက် မှာ ကွမ်းရွက် အသေး ပုံသဏ္ဍာန်၊ အပွင့် မှာ အဖြူ  အဆုပ်အဆုပ် ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန် လွယ်ပါသည်။

ကြွက်နို့ ပျောက်ဆေး .......

ချင်းတက် ကို ထိပ်ဘက် မှ ဓားဖြင့် လှီးပါ။ ထို လှီးထားသောနေရာ အား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ် မှာ ဖြည်းဖြည်း ချင်း ပွတ်ပေးပါ။ ကြွက်နို့ က တဖြည်းဖြည်း ပါးသွားပါမည်။




မင်းမင်းဇော်
Credit by>>>မြန်မာတို့ အတွက် မြန်မာ့ဆးမြီးတို

အဆင်ပြေနိုင်ကြပါစေ..

No comments:

Post a Comment