Saturday, August 17, 2013

မြန်မာ မှ အင်ဒိုနီးရှား၊ မလေးရှား အထိ ရေအောက် တစ်လျှောက် ဆက်နေသည် ဆိုသော ရွှေကြောကြီးကို အစိုးရ ကြိုးပမ်း လေ့လာနေ


မြန်မာနိုင်ငံ မှ အင်ဒိုနီးရှား၊ မလေးရှား အထိ ရေအောက် တစ်ခွင် ဆက်စပ်လျက် ရှိသည်ဟု ယူဆ ရသော ရွှေကြောကြီး အတွက် သတ္တုတွင်းဝန်ကြီးဌာနက တူးဖော် ရရှိနိုင်ရေး သီးသန့် ကြိုးပမ်းမှုများ ပြုလုပ်နေကြောင်း သတ္တုတွင်းလုပ်ငန်းရှင် အချို့ထံမှ သတင်း ရရှိသည် ။

အဆိုပါ ရွှေကြောကြီးမှာ မြန်မာနိုင်ငံ ၀န်းသိုမြို့ မှ စတင်ကာ မိုးထိ၊ မိုးမိ၊ယင်းမှ တစ်ဆင့် ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စသည်ဖြင့် ဆက်တိုက် တစ်ကြော တည်း ဖြစ်ပေါ်နေပြီး အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံ ရေအောက် ပင်လယ်ပြင် အထိ ဆက်စပ် လျက် ရှိ သည်ဟု ဂြိုဟ်တုစနစ်ဖြင့် မှတ်တမ်းတင်ထားမှု အရ တွေ့ရကြောင်း သတင်းများ ထွက်ပေါ် လာခဲ့ပြီး အများပြည်သူကြား သတင်းပျောက်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ 



''မီဒီယာတွေ ကတောင် ရေးသား ဖော်ပြလာကြတဲ့ အထိ နာမည်ထွက်ခဲ့တာ။ ဒီရွှေကြောကြီး က တူးရ ခက်မယ့် အနေအထားမျိုး ဖြစ်သလို မြန်မာအစိုးရဘက်က ပုဂ္ဂလိကကို ၀င်ခွင့်မပေးဘဲ ဒီရွှေကြောအတွက် ကြိုးစားနေဆဲလို့ သိရတယ်'' ဟု နာမည်ကြီး သတ္တုတူးဖော်ရေး လုပ်ငန်းစု မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ 

ဝန်းသိုမှ စတင်သည် ဟု သတင်း ထွက်သကဲ့သို့ ရွှေကျင်-ကျောက်ကြီး ဘက်မှလည်း စတင် သည် ဟု သတင်းများ ထွက်နေပြန်ရာ မြန်မာအစိုးရ အနေဖြင့် ဂြိုဟ်တုစနစ် မသုံးစွဲနိုင်သဖြင့် တိကျသော ရလာဒ်ဖော်ဆောင်ရန် အားနည်းချက်များစွာ ရှိခဲ့ရသည်ဟု သိရသည်။

 ''အစိုးရက ဒီရွှေကြောတစ်ဝိုက်ကိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပေးမှာမဟုတ်ဘူး။ ဒါက တော်တော်ကြီးတာကိုးဗျ။ တကယ်ပဲ တွေ့ရမလား။ မတွေ့ရဘူးလား ဆိုတာတော့ အစိုးရလည်း ကြိုးစားနေဆဲပဲလို့ ယူဆရတယ်'' ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။ 

အဆိုပါ ရွှေကြောကြီးသာ မြေပေါ်သို့ အမှန်တကယ် ရောက်လာပါက မြန်မာနိုင်ငံအနေဖြင့် တင်ရှိသမျှ အကြွေးများကို လွယ်လွယ်ဆပ်နိုင်မည့် အပြင် နိုင်ငံသား တစ်ဦးချင်း ၀င်ငွေမြင့် မားရေး ဘက်ဂျတ် သုံးစွဲမှုများစွာ တိုးမြှင့် သွားနိုင်လိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။ 
           

pyimyanmar journal မှ မျှဝေဖေါ်ပြသည် 

No comments:

Post a Comment