Friday, August 9, 2013

စကြ်ာဝဋ္ဌာ အနန္န မှ သီလ၀ိသုဒ္ဓိ အလင်း ဆိသို့ ပေးပို့သော ပုံပြင်လေး တစ်ပုဒ်


စင်္ကြာဝဠာ အနန္န မှ သီလ ဝိသုဒ္ဓိ အလင်း ဆိ သို့ ပေးပို့သော ပုံပြင်လေးပါ၊ ဒီပုံပြင်ဟာ ဥာဏ် ပညာကြီးရင့်သော ပုဂ္ဂိုလ် တို့ သာခံစားနားလည် နိုင်မည်ဖြစ်ပါသည်။ သို့သော်လဲ ပုံပြင် ဟူသော အကြောင်း ကြောင့် လူတိုင်းကြိုက်နှစ် သက်ကြမည်မှာ အမှန်ဖြစ်ပါတယ်။
 
 
ဒီ ပုံပြင်ဟာ ဟိုး လွန်ခဲ့တဲ့ ရေတွက်ခြင်းငှာ မရနိုင်လောက်တဲ့ အသင်္ချေ အသင်္ခြာသော ကမ္ဘာ့ ကမ္ဘာပေါင်း များစွာထဲကစပြီးအခြေတည်ခဲ့တာလည်း ဖြစ်ပါတယ်။ ဤ မည်သော ကာလ ကို ဘုရားရှင် တို့၏ အရာရာ ကို သိနိုင်သော ဥာဏ်ဖြင့်ပင်လျှင် စဉ်းစားဆင့်ခြင်း မပြုသော ကာလ မှ ပင်စတင် တည် ရှိခဲ့သော ပုံပြင်ဖြစ်ပါသည်။ 
(မှတ်ချက် အနေဖြင့်ပြောလို သည်မှာ ဘုရားရှင် တို့သည် မရှိသော အရာကို မသိခြင်းမှာ အပြစ် မဟုတ်သည် ကို နားလည်ထားရန်လိုပါသည် ထို့အပြင် ဘုရားရှင်တို့သည် မလို အပ် သည်ကို ဆင်ခြင် စဉ်းစား အချိန်ဖြုန်းလေ့ မရှိသည်ကို လဲ သိပါ) 
 
သီလ ဝိသုဒ္ဓိ အလင်း သိစေခြင်းငှာ ပြောပြရ န် ဤပုံပြင်ထဲ တွင် ရှင်ဘုရင်ကြီး တစ်ပါးသည် အလွန် အင်မတန် အဆိပ်ပြင်းသော မြွေကြီး လေးကောင် ကို မြွေးမြူ  ထားလေသည် ထိုမြွေ များ ကိုပြုစုလုပ်ကြွေးရန် ထောင်ကျနေသော ခိုးသား တစ်ယောက် ကို တာဝန်ပေးထားသည်။ 
အကျဉ်းသား သည် အဆိပ်ပြင်းသောမြွေကြီး များ ဖြစ်သည်ကို မသိ၍အားရ ဝမ်းသာပြုစု လုပ်ကျွေး ၏။ ထို သို့ ပြုစုလုပ်ကျွေးနေသည် မှာ ကာလကြာမြင့်စွာ ရှိလာလေရာ သနားကြင်နာ တတ်ပြီး ဂရုဏာ တရားကြီးမားသော နန်းတွင်းသား တစ်ဦး သည် ထိုမြွေကြီး များ၏ အဆိပ်ပြင်းကြောင်း ကို ထို အကျဉ်းသားအား ပြောပြလေရာ အမှန်ကို သိမြင် သွားပြီး ပြင်းစွာ တုန်လှုပ်ကြောက့်လန့် ကာ ထိုမြွေလေးကောင်နှင့်ဝေးရာ သို့ အတင်းထွက်ပြေးလေတော့ ၏ ။ 
ထိုသို့ ထွက်ပြေးတာ ကို ရှင်ဘုရင် ကြီးသိတော် မူရာ ချက်ခြင်းပင် လူသတ်သမား ၅ ဦးနှင့် အတွင်း လူယုံ တစ်ယောက်ကို လိုက်၍ ဖမ်းစေသည်။ ဤသို့ ထွက်ပြေးရာ ထို အကျဉ်း သား ပြေး ရာလမ်း ခရိးတွင် ရွာပျက်ကြီး တစ်ခုသို့ရောက်လေသည် ။ 
ထို ရွာပျက်ကြီး တွင် အိမ် ၆ လုံး သာ ရှိလေသည် ထိုအိမ် ၆လုံး မှာ စားစရာလေးများ ရှာဖွေနေ စဉ် မှာပင် ထိုရွာ သို့နေ့စဉ် ဝင်ရောက်နှောက်ရှက် ဖျက်ဆီးနေသော ဓားပြကြီး ၆ယောက် ကို တွေ့ပြန် သဖြင့် အသက်လု ထွက်ပြေးရပြန်လေသည်။ 
ထို အကျဉ်းသား သည် မနားမနေပြေး လွှားရလေ ကာ အလွန်အမင်း ပင်ပန်း လှချေ ၏ ။ သို့သော် လည်း လူသတ် သမား ၅ ဦး အတွင်းလူယုံ တစ်ယောက် နှင့် ဓားပြကြီး ၆ ဦး တို့ဘေး မှာပြေးလွှား ရင်း မြစ်ကမ်း တစ်ခုဆီသို့ရောက်လာ၏ ။ 
အကျဉ်းသား သည် လည်းနောက်ဆုံး လွတ်မြောက်ရာလမ်း သည် ဤမည်သော တိုင်းနိုင်ငံ၏
ဟိုဘက်ကမ်း ကို ရောက်မှ လွတ်တော့မည်ကို သိရှိရလေကာ ဟိုဘက်ကမ်းသို့ ကူးရန် နည်း လမ်း ကို စဉ်းစားရာ အနီးနားမှ ရလွယ်သော ဝါးကိုဖောင်ဖွဲ့နိုင်မှဖြစ်မည် ကိုမြင်လေ၏ ။ 
လူသတ် သမား ၅ ဦး အတွင်း လူယုံ တစ်ယောက် နှင့် ဓားပြကြီး ၆ ဦး တို့ရောက်မလာခင်
ဝါးဖေါင်ပြုလုပ်လေရာ ရှစ်လုံး ဝါးဖြစ်သော ဖေါင်ပြု လုပ်နိုင်လေ ၏ ။ 
ထို ရှစ်လုံးသော ဝါးဖေါင်ဖြင့် ပင် ထိုမြစ် ကိုဖြတ်ကူး လွတ်မြောက်သွားလေတော့သည်။ ဟို ဘက်ကမ်း မှ နယ်မြေ သည် ဤ ရှင်ဘုရင် ၏ အာဏာစက်တည်သော နယ်မြေ မဟုတ်ရလေ ကား  လူသတ် သမား ၅ ဦး အတွင်းလူယုံ တစ်ယောက် နှင့် ဓားပြကြီး ၆ ဦး တို့ရန်မှ အရှင်း ကင်းဝေး၍ လွပ်ငြိမ်းခြင်း အတြိဖစ်လေတော့သည်။ 
ကဲ Facebook မှာ သီလ ဝိသုဒ္ဓိ အလင်း အမည် ကို ခံထားတဲ့ ပုဂ္ဂိုလ် ကျွန်တော်မေးလို သည် များ ကိုဖြေပါ။ သီလ ဝိသုဒ္ဓိ အလင်း ရယ် မှ မဟုတ်ပါဘူး ဤ Post ကို ဖတ်ရသော မည်သူ မဆို ရဲဝင့် စွာ ဖြေဆိုနိုင်ပါသည် ဆုကြေးငွေ မရှိပါ။
 
၁။ ရှင်ဘုရင် သည် မည်သူနည်?
၂။ မြွေကြီးလေး ကောင် အကြောင်း ကို သိပါသလား?
၃။ အကျဉ်းသား သည် မည်သူနည်း?
၎။ စေတနာကောင်းသော နန်းတွင်းသား သည် မည်သူဖြစ် သနည်း?
၅။ လူသတ် သမား ၅ ဦးဟာ ဘယ်သူတွေလဲ?
၆။ အတွင်း လူယုံ တစ်ယောက် အကြောင်းကို ဖြေပါ?
၇။ ဓားပြ ၆ ယောက် ရဲ့ နာမည် ကို စဉ်းစား လို့ ရနိုင်ရင် ဖြေပါ?
၈။ သူစီး သွားသော ဖေါင် သည် မည်သည့်ဖေါင် အမျိုးစား နည်း?

 
မှတ်ချက်။ ။ မေတ္တာရှင် (ရွှေပြည်သာ) ဆ၇ာတော်မှ စာသား အချို့ကို မှီငြမ်းထားပါသည်။

1 comment:

  1. Amazing blog! I really like the way you explained such information about this post with us. And blog is really helpful for us this website
    adrosoft-ad-audio-recorder-crack

    ReplyDelete