Tuesday, September 24, 2013

လူ့ ခန္ဓာကိုယ် အကြောင်း အံ့အားသင့်ဖွယ် ရာ အချက်များ



 

-အမျိုးသားတွေ က တစ်နေ့ ဆံပင် အချောင်းရေ ၄၀ ကျွတ်ပြီး အမျိုးသမီးတွေက တစ်နေ့ ဆံပင်အချောင်းရေ ၇၀ ကျွတ်တတ်ပါတယ်။
 

-သွေးထဲမှာရှိတဲ့ ဆားပမာဏနဲ့ ပင်လယ်ထဲမှာရှိတဲ့ ဆားပမာဏ အတူတူပါပဲ။ -သင့်အရပ်ဟာ 
ညဘက်မှာထက် မနက်ခင်းမှာ ပိုရှည်နေပါတယ်။

-တစ်နေ့မှာ နှလုံးဟာ ခန္ဓာကိုယ်ထဲမှာ အကြိမ် ၁၀၀၀ ခန့် သွေးလှည့်ပတ်မှု ရှိပါတယ်။
-မျက်တောင်တွေဟာ ၁၅၀ ရက်ကြာရင် သက်တမ်းကုန်ပါတယ်။
-မျက်ခုံးတစ်ဖက်မှာ အမွေး ၅၀၀ ရှိပါတယ်။
-ပျမ်းမျှအားဖြင့် လူ့ခန္ဓာကိုယ်မှာ နာ့ဗ်ဆဲလ် ၁၀၀ ဘီလျံလောက် ရှိပါတယ်။
-မျက်လုံးဖွင့်ပြီး နှာမချေနိုင်ပါဘူး။



-အရိုးတွေက ကွန်ကရစ်ထက် လေးဆ ပိုသန်မာပါတယ်။
-အရသာခံ အဖုရဲ့ သက်တမ်းက ပျမ်းမျှအားဖြင့် ၁၀ ရက်ပဲ ရှိပါတယ်။
-လူတွေဟာ ခုံညင်းမပါဘဲ မွေးလာပြီး အသက်၂-၆နှစ် အရွယ်ထိ တိုင်အောင် မထွက်လာသေးပါဘူး။
-ကလေးတွေက ဆောင်းဦးရာသီမှာ ကြီးထွားနှုန်း ပိုမြန်ပါတယ်။
-မျက်စိတွေက ဘ၀တစ်လျှောက်လုံး အရွယ်အစား တစ်မျိုးတည်းပဲ ဖြစ်ပေမယ့် နားရွက်နဲ့ နှာခေါင်းတွေကတော့ ဘယ်တော့မှ ကြီးထွားမှု မရပ်သွားပါဘူး။
 
-မွေးဖွားချိန်မှာ အရိုး ၃၀၀ ခန့်ရှိပေမယ့် အရွယ်ရောက်လာချိန်မှာ အရိုးတွေက ၂၀၆ ချောင်းပဲ ရှိပါတယ်။
 

-လူ့ဦးခေါင်းခွံကို မတူညီတဲ့ အရိုး ၂၆ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။
 

-ဆံပင်တွေက လက်သည်းမှာ ရှိတဲ့ တူညီတဲ့ ဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။
 

-နှာချေလိုက်တဲ့အခါ လူ့ခန္ဓာကိုယ် တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာ ရပ်သွားပါတယ်။
 

-လျှာဟာ လူ့ခန္ဓာကိုယ်မှာ အသန်စွမ်းဆုံး ကြွက်သားတွေပါ။
 
ယေဘုယျအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ခြောက်ကြိမ် ဆီးသွားလေ့ရှိပါတယ်။ အစာတွေ က ပါးစပ် ကနေ အစာအိမ်ဆီသို့ရောက်ရှိဖို့ အချိန် ခုနစ်စက္ကန့်ကြာပါတယ်။
 

ကလေးတွေမှာ လူကြီးတွေထက် အရသာခံအဖုပိုရှိပါတယ်။ နှာချေလိုက်တဲ့ အခါ လေဟာ တစ်နာရီ ၁၀၀ မိုင်နှုန်းနဲ့ ပံျ့နှံ့သွားပါတယ်။

Swe Sone Media  မှမျှဝေဖေါ်ပြသည်

No comments:

Post a Comment