Sunday, September 22, 2013

(ဘဝ ရဲ့ကဗျာတွေ ကို ဘဝတွေ ထဲရောက်စေလိုရုံ သက်သက်သာ)



က လောင် =လေ သွေး ညို  ပြန်ပြောပြလို့မရတဲ့ အမြင်ရိုင်းဘဝတွေကို စကားလုံးတွေနဲ့အချိုသပ်ပြီး ခေါင်းစဉ်တပ်တောင်ပံဆင်ခဲ့လဲ အဲဒီဘဝတွေဆီမရောက်ခဲ့ဘူး  တကယ်ဆိုရင် ကဗျာတစ်ပုဒ်ဖွဲ့လိုက်ခြင်းဟာ စိတ်တစ်ခုအတွက် ဘဝအလပ်တွေအတွက် ညှိုးငယ်မှုတွေရဲ့လန်းဆန်းခြင်းမိုးရေ အဲဒီကဗျာတွေဟာ အဲဒီဘဝတွေဆီမှမရောက်ခဲ့တာ  ရေးခွင့်သာရခဲ့တယ် ကြားနာခွင့်မရှိတဲ့စာနာခံဘဝတွေထဲ ထပ်တူကျခံစားမှုတွေမစီးဝင်သရွေ့ ကလောင်တစ်လက်ဟာ ကဗျာကိုညာရေးသလိုဖြစ်ခဲ့ပေါ့  ပို့ဆောင်ပေးကြပါ ဘဝကဗျာတွေကိုဘဝတွေထဲ တွဲထူပေးကြပါ စိတ်ခံစားမှုတွေကိုစိတ်တွေထဲ လင်းလက်ခွင့်ပေးကြပါ ကလောင်တစ်လက်ရှင်သန်ခြင်းအတွက် သေဆုံးနေတဲ့ဘဝတွေထဲ  ။ (ဘဝရဲ့ကဗျာတွေကိုဘဝတွေထဲရောက်စေလိုရုံသက်သက်သာ)  လေသွေးညို .
ပြန်ပြောပြလို့မရတဲ့
အမြင်ရိုင်းဘဝတွေကို
စကားလုံးတွေနဲ့အချိုသပ်ပြီး
ခေါင်းစဉ်တပ်တောင်ပံဆင်ခဲ့လဲ
အဲဒီဘဝတွေဆီမရောက်ခဲ့ဘူး ။

တကယ်ဆိုရင်
ကဗျာတစ်ပုဒ်ဖွဲ့လိုက်ခြင်းဟာ
စိတ်တစ်ခုအတွက်
ဘဝအလပ်တွေအတွက်
ညှိုးငယ်မှုတွေရဲ့လန်းဆန်းခြင်းမိုးရေ
အဲဒီကဗျာတွေဟာ
အဲဒီဘဝတွေဆီမှမရောက်ခဲ့တာ

ရေးခွင့်သာရခဲ့တယ်
ကြားနာခွင့်မရှိတဲ့စာနာခံဘဝတွေထ
ထပ်တူကျခံစားမှုတွေမစီးဝင်သရွေ့
ကလောင်တစ်လက်ဟာ
ကဗျာကိုညာရေးသလိုဖြစ်ခဲ့ပေါ့

ပို့ဆောင်ပေးကြပါ
ဘဝကဗျာတွေကိုဘဝတွေထဲ
တွဲထူပေးကြပါ
စိတ်ခံစားမှုတွေကိုစိတ်တွေထဲ
လင်းလက်ခွင့်ပေးကြပါ
ကလောင်တစ်လက်ရှင်သန်ခြင်းအတွက်
သေဆုံးနေတဲ့ဘဝတွေထဲ ။  
 
 
 လေသွေးညို     
From...Facebook

No comments:

Post a Comment