Friday, September 20, 2013

မြန်မာ လူငယ်တွေ အကြား ကော်ရှူ တဲ့ ပြဿ နာ ဆိုးဝါးလာ



မူးယစ်ဆေးဝါးတစ်မျိုးလိုပဲ လူငယ်ထုကြားမှာ သုံးစွဲမှုများလာတဲ့ ကော်ရှူတဲ့အခြေအနေဟာ အခုဆို ရင် ကျောင်းသားကျောင်းသူတွေ ကြားထဲအထိ ကူးစက်နေပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်အထူး တာဝန်ရှိ သူတွေက ဒီကနေ့ ပြောကြားပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း တာမွေမြို့နယ်က ကယ်တင်ခြင်းတပ် အသင်းတော်မှာကျင်းပတဲ့ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဟောပြောပွဲမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့ ရဲအုပ်စန်းဦးက အခုလိုပြောပါတယ်။


“အမှိုက်ပုံတွေမှာ ပစ္စည်းအတိုအစကောက်တဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေပေါ့၊ မူးယစ်ဆေးဝါးကို ဝယ်မသုံးနိုင်ဘူး၊ ဒီကော်တွေကိုရှူနေတယ်၊ ရှူတော့မူးနောက်မူးနောက်ဖြစ်တယ်၊ အဲလိုကလေးတွေကစလိုက်တာ ကျောင်းသားတွေကြားထဲကို ရောက်လာတယ်”



လူငယ်တွေကြားထဲ သုံးစွဲမှုအများဆုံး ကော်အမျိုးအစားတွေကတော့ စက်ဘီးကျွတ်ဖာတဲ့ကော်၊ သစ်သား ကပ်တဲ့ကော်၊ သံသတ္တုတွေ ကပ်တဲ့ကော်လို့ သိရပါတယ်။

အဲ့ဒီကော်ဗူးတွေကို အိမ်သုံးပစ္စည်းအရောင်းဆိုင်တွေ၊ ကားပစ္စည်း၊ ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်တွေနဲ့ သင်္ဘောဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ ရနေတာကြောင့် မူးယစ်ဆေးအစားထိုးအဖြစ် သုံးစွဲကြ တာဖြစ်တယ်လို့လည်း ဒီနေ့ပွဲရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။


RFA Burmese 
From..Myanmar Forward

No comments:

Post a Comment