Friday, September 20, 2013

နဂါးဗားရှင်း Jeep Wrangler ထုတ်လုပ်




အမေရိကန် Chrysler ကုမ္မဏီဟာ တရုတ်ပြည်ဈေးကွက်ကို ဘယ်လို ချဲ့ ထွင်ရမယ် ဆိုတာ သိပါတယ်။ ဒါကြောင့်လဲ ပုံမှန်ထုတ်လုပ်နေတဲ့ SUV – Jeep Wrangler ကို နဂါးဒီဇိုင်းဆိုပြီး တရုတ်ပြည်မှာ စတင် ရောင်းချ တော့မှာ ဖြစ်ပါတယ်။


နဂါး ဒီဇိုင်းဆို လို့ သိပ် မထူးခြား ပါဘူး။ အပြင် ကားအရေခွံ ကို နဂါး ဗိသုကာ လက်ရာနဲ့ မြင်တွေ့ရ မှာ ဖြစ် ပါတယ်။ ပြီးတော့ အတွင်းခန်းမှာလဲ တရုတ်လူမျိုးတို့ ကြိုက်နှစ်သက် တဲ့ အသွင်အပြင် သဏ္ဍာန်ကို ကြိုးစား ဖန်တီး ပေးထား ပြန်ပါတယ်။ 


ကား အင်ဂျင် ကတော့ ၂.၈ လီတာ၊ ၃.၆ လီတာနဲ့ ၃.၈ လီတာ ဗားရှင်းပါပဲ။ ဆလင်ဒါ ၆ လုံးပူး အင်ဂျင်ကို အသုံးပြု ထားခြင်းပဲ ဖြစ်ပါတယ်။ အော်တို ဂီယာ ၄ချက်၊ ၅ ချက်၊ ၆ ချက်ထိုး အသီးသီး ဖန်တီး ထုတ်လုပ် ထားပါတယ်။ တံခါး ၂ ပေါက်နဲ့ ရှိသလို၊ တံခါး လေးပေါက် Jeep Wrangler လည်း ပါဝင်ပါတယ်။



ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ တရုတ်ပြည်ဈေးကွက်အတွက် ရည်ရွယ်တဲ့ Jeep Wrangler Dragon Design ကို အမေရိကန်ဒေါ်လာ ၃၆၀၉၅ နဲ့ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။


Tuesday, September 17, 2013 Ref:autoblog
Aung Kham (Yoyarlay) 
     

 From...Facebook

No comments:

Post a Comment