Saturday, November 30, 2013

၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်သည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ

(၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်သည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ မိုးမခ အစီအစဉ် – ၄)


 ခင်မောင်တိုး (၁၉၅၀-၂၀၁၂) - ဓာတ်ပုံမျှဝေသူ – လင်းထွေးသော်

ခင်မောင်တိုး အမှတ်တရ ရက်သီတင်းပတ် မိုးမခ အစီအစဉ် ကို နောက်ထပ် ကဗျာ အပေါ် အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ သီချင်းလေး တပုဒ် နဲ့ ဆက်ချင်ပါတယ်။ ခင်မောင်တိုး နဲ့ သူ့ ရဲ့ မိတ်ဆွေ အရင်း သူငယ်ချင်း နှစ်ယောက် တို့ ပေါင်းစု တဲ့ အနုပညာ အလုပ် လို့ ဆိုနိုင်ပါတယ်။ 


 
သူငယ်ချင်း တဦး ဖြစ်သူ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာ ကို ဖတ်ရှု ခံစားပြီး အခြား သူငယ်ချင်း တဦး ဖြစ်တဲ့ တင်မောင်လှိုင် က တေးသံစဉ်၊ စာသား ဖွဲ့ ခဲ့တဲ့ “ရတနာသူ” သီချင်း ပါ။
“ရတနာသူ” ဖြစ်ပေါ်လာရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာ inspiration ယူရာက အိန္ဒိယ ရှေးဟောင်း သက္ကတ ဘာသာ ကဗျာ တပုဒ်လို့ သီချင်းရာဇဝင် တွေကို လေ့လာ မှတ်သားလေ့ရှိတဲ့ ဂီတ မိတ်ဆွေ တယောက်က ပြောပြဖူးတယ်။
“ရတနာသူ” သီချင်းဟာ ခင်မောင်တိုး လို့ ဆိုကြရင် သာမန် ပရိသတ် အများ အလွယ် မှတ်မိ သိရှိနေလေ့ရှိတဲ့ “မဟာဆန်သူ”၊ “နှင်းဆီပန်သူ”၊ “ညှို့သူ” အစရှိတဲ့ သီချင်းတွေလိုပဲ ချစ်သူ မိန်းကလေးငယ် ကို ရည်စူး ဖွဲ့သီဆို တဲ့ “သူ” ဘွဲ့ သီချင်းဝင် ဖြစ်ပါတယ်။ ခင်မောင်တိုး နဲ့ သူငယ်ချင်း တစု ရဲ့ လူငယ်၊ လူရွယ် ဘဝ အဆောင်ညတွေ မှာလည်း အမြဲ သီဆိုလေ့ရှိတယ်လို့ ကြားဖူးခဲ့တယ်။
“ရတနာသူ” ဟာ “မဟာဆန်သူ”၊ “နှင်းဆီပန်သူ” တို့လိုပဲ ခင်မောင်တိုး ရဲ့ အမှတ်တံဆိပ် ကပ်နှိပ်ထားပါတယ်။ တည်ငြိမ် အေးဆေးလှတဲ့ သီဆိုဟန်၊ ရိုးရာ နဲ့ အနောက်တိုင်း ဂီတ ပေါင်းစည်းမှု ဂီတပုံစံ တို့ကို တွေ့နိုင်ပါတယ်။
ပရိသတ် အများ ခေတ်အဆက်ဆက် နှစ်သက်ခဲ့ကြသလို ခင်မောင်တိုး ကိုယ်တိုင်လည်း ဒီ “ရတနာသူ” သီချင်း ကို နှစ်ခြိုက်ခဲ့ ဟန် ရှိပါတယ်။ သူ အကောင်းဆုံး လက်ရွေးစင် အခွေ တွေ ပြန်ထုတ် တိုင်း လိုလို “ရတနာသူ” သီချင်း ကို ထည့်သွင်း ပြန်လည်သီဆိုခဲ့တာ ကို တွေ့ရတယ်။
လူသား နဲ့ အဟိတ် တိရစ္ဆာန် ရဲ့ အဓိက ကွာခြားချက်တခုက အလှအပ ကို ခံစားတတ်ခြင်း၊ ဖန်တီးတတ်ခြင်း လို့ ဆိုကြတယ်။ အလှအပ ကို ခံစားခြင်း၊ မြတ်နိုးခြင်း ဟာ လူသား ပီသမှု ရဲ့ ပြယုဂ် ဖြစ်သလို လူသား ဖြစ်တည်မှု ကို တန်ဖိုးထားခြင်းလည်း ဖြစ်တယ်။ အလှဗေဒ အတွေးအခေါ် ကို ရှာဖွေတွေ့ရှိခြင်းဟာ လူသားဘဝ အတွေးအခေါ် ကို ရှာဖွေတွေ့ရှိခြင်းလည်း ဖြစ်တယ်။ လူသားဝါဒီ တို့ရဲ့ အကျင့်အကြံလည်း ဖြစ်တယ်။
Aesthetics အလှဗေဒ ဟာ ရသအနုပညာ မှာ ခန့်ခန့်ထည်ထည် တည်ရှိတယ်။ ချစ်သူ ရဲ့ အလှ ကို ဖွဲ့နွဲ့ တင်စား ပုံဖော် တဲ့ အနုပညာ ပစ္စည်းတွေဟာ အနုပညာ ပုံစံ တိုင်းမှာ၊ ခေတ်တိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိလေ့ရှိသလို ဘယ်တော့မှလည်း မရိုးနိုင်ပါ။
လူသား ရဲ့ စိတ္တအာဟာရ အတွက် ရေလို၊ လေလို မရှိမဖြစ် လိုအပ်တဲ့ ချစ်ခြင်းမေတ္တာ နဲ့ အလှတရား ထုံမွှမ်းခြယ်သထားတဲ့ လူပီသမှု အတွေးအခေါ်၊ ရသ အနုပညာ ခံစားမှုကို ငြိမ့်ညောင်းသာယာ လှပတဲ့ ဂီတသံစဉ် တွေ ကနေတဆင့် ဗမာပြည် အတွက် ကျေးဇူးပြုသွားခဲ့သူ ဂီတပညာရှင် ခင်မောင်တိုး ရဲ့ ဂုဏ်ကျေးဇူးများကို ရည်စူး ဦးညွတ်လျက်…


ရတနာသူ
(ရတနာသူ သီချင်း မြစ်ဖျားခံရာ ကဗျာ)
ဝန်းရစ်သွေးဥ၊ စည်းစုယှက်သည်
နီစွေးအိစို၊ အို.. ပတ္တမြား
ပါးနှစ်ဖက်မှာ
ရတနာ…။
ရှက်ဟန်ပြုံးပြ၊ ခဏလေးရယ်
ဖြူသွယ်ပုလဲ၊ ပါးစပ်ထဲမှာ
ရတနာ…။
ရွန်းရွန်းလဲ့ကြည်၊ အရည်လည်ကာ
မဟူရာနက်၊ မျက်ဝန်းထဲမှာ
ရတနာ…။
အမြင်ရခက်၊ ကွယ်ဝှက်သိမ်းထား
နှလုံးသားက၊ လှည့်စားသွေတိမ်း
စိမ်းသည့် မြခဲ၊ သူ့ ရင်ထဲမှာ
ရတနာ…။
(မောင်စိန်ဝင်း (ပုတီးကုန်း))
—————————–


ရတနာသူ
(သီချင်း စာသား)♫ ♪ ♫ ♪…
မင်းရဲ့.. မျက်လုံးလေးများက..
ပုလဲ နဲ့ မဟူရာ..
ပေါင်းစပ်ထားသလို.. နှယ် …
ကော့ညွတ်သွယ်.. နှုတ်ခမ်းလေးများက..
သိပ်လှအောင်.. ပတ္တမြားသွေး.
လိမ်းကာခြယ်..
ကိုယ်နေဟန်.. အချိုးကျသူရယ်..
ရွှေရောင်လို..
အသား…ဝင်းဝါ.. တယ်..
သွားလေးတွေ.. ဖွေးဖွေး.. နု.. တယ်..
ပုလဲလေးတွေ.. သီကုံးထားသည့်.. နှယ်.. တကယ်..
မင်းရဲ့.. တကိုယ်လုံးပဲ.. လှတယ်..
အဖိုးထိုက်.. ရတနာ.. ပေါင်းစုထားသလို.. နှယ်..
ရတနာ.. လို.. အလှ.. ဂုဏ်.. ကြွယ်သူ.. ရယ်..
မင်း.. ရဲ့.. ရင်.. အသည်း.. နှလုံးကတော့..
စိမ်းကားကာ.. မာကျောလွန်း.. လှလေတယ်..
အဖိုးထိုက်အောင်.. နောက်ထပ်လို့ရယ်..
အသည်း.. နှလုံး.. ကို.. ကျောက်စိမ်း နဲ့.. မွမ်းမံခြယ်..
 
ရတနာသူ၊ သံစဉ်/စာသား – တင်မောင်လှိုင်၊ တေးဆို – ခင်မောင်တိုး၊ တေးဂီတ – လိစ္ဆ၀ီများ၊ တေးစု – ဝိုင်းရဲ့ဆည်းဆာ (၁၉၈၁)

From...Moe Ma Kha

 

လေးညှို့၇ှင် { ခင်မောင်တိုး }

           လေးညှို့၇ှင်  { ခင်မောင်တိုး }



ချစ်သူသိလေ { ခင်မောင်တိုး } ကိုတိုး....အတွက် ( ၁ နှစ်ပြည့် အမှတ်တ၇ပါ....)

    ချစ်သူသိလေ/စေ  { ခင်မောင်တိုး }      ကိုတိုး....အတွက် ( ၁ နှစ်ပြည့် အမှတ်တ၇ပါ....) 




ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရ ချစ်သူသိလေ/စေ



 

ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရ ချစ်သူသိလေ/စေ

(၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်သည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ မိုးမခ အစီအစဉ် – ၂)


ခင်မောင်တိုး (၁၉၅၀-၂၀၁၂)
ခင်မောင်တိုး ရဲ့ ဂီတ ဘဝ အစ ပထမ ဆယ်စုနှစ် က အောင်မြင်ခဲ့တဲ့ ကဗျာသီချင်း “မျက်သွယ်” နဲ့ ဂီတပညာရှင် ခင်မောင်တိုး ကို လွမ်းဆွတ် ဂုဏ်ပြု အပြီးမှာ ဒုတိယ အစီအစဉ် အနေနဲ့ ခင်မောင်တိုး ရဲ့ ဂီတ ဘဝ နောက်ဆုံး ဆယ်စုနှစ်လို့ ဆိုနိုင်တဲ့ သက္ကရာဇ် ၂၀၀၀ မှာ ထွက်လာခဲ့တဲ့ “တိတ်တခိုး” တေးစု ပါ “ချစ်သူသိလေ” နဲ့ မိုးမခ ရဲ့ “ခင်မောင်တိုး ရက်သီတင်းပတ်” အမှတ်တရ အစီအစဉ် ကို ဆက်လက် ချီတက် ချင်ပါတယ်။


သက္ကရာဇ် ၂၀၀၀ ဝန်းကျင် ဗမာ့ စတီရီယို ဂီတ ရပ်ဝန်း ကို အကြမ်းဖျင်း ကြည့်မယ် ဆိုရင် ပြန် ဆိုတေးတွေ၊ နိုင်ငံခြားသံစဉ်မှီး အပြင်းစား သီချင်းတွေ ကြီးစိုး ဈေးကွက်ဝင်နေတာကို တွေ့ရပါမယ်။ ကိုယ်ပိုင် ဂီတ၊ ကိုယ်ပိုင်ဟန် နဲ့ သီးခြား ရပ်တည် တည်ရှိနေတဲ့ ဂီတပညာရှင်များ နဲ့ တေးစုများ လည်း အနည်းစု ရှိပါတယ်။ အဲဒီ ထဲမှာ “ခင်မောင်တိုး” နဲ့ “တိတ်တခိုး” တေးစု ဟာ ထူးခြား ပေါ်လွင်နေခဲ့ပြီး လူကြီး၊ လူငယ် မရွေး နှစ်ခြိုက် သဘောကျ ခဲ့ကြသလို ခင်မောင်တိုး အမာခံ ပရိသတ် များရဲ့ သဲသဲလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။

“တိတ်တခိုး” တေးစု ဟာ ခင်မောင်တိုး ရဲ့ ငယ်သူငယ်ချင်း လို့ ဆိုနိုင်တဲ့ တက္ကသိုလ်ကျောင်းသား ဘဝ ရောင်းရင်း မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ကဗျာ တွေကို ဂီတ ညီငယ် မဇ္ဈိမလှိုင်း ဝိုင်းတော်သား တေးရေးဆရာ နိုင်မင်း က သံစဉ်ထည့် တေးဖွဲ့ခဲ့တဲ့ တေးစု ဖြစ်ပါတယ်။

တေးစု ပါ သီချင်းများ အားလုံး လူကြိုက်များခဲ့ပြီး ခေါင်းကြီးတေး “တိတ်တခိုး” နဲ့ ယခု တင်ဆက် မယ့် “ချစ်သူသိလေ” နှစ်ပုဒ် ဟာ အထူး ကျော်ကြားလှတဲ့ “ပေါက်” သီချင်းများဖြစ်ခဲ့ကာ လူငယ်တိုင်းလိုလို ရဲ့ ပါးစပ်ဖျား မှာ၊ ဂစ်တာဝိုင်းမှာ နေရာယူခဲ့ပါတယ်။ အဆောင်ညတွေမှာ “ချစ်သူသိလေ” အရင်းပြု ကဗျာ ရွတ်လိုက်၊ သီချင်း ဆိုလိုက် နဲ့ ရွှေနားတော်သွင်းရင်း အချစ်ဇယားခင်း ခဲ့ဖူးကြတဲ့ လူငယ်များ နိုင်ငံတဝှမ်း မနည်း ရှိခဲ့ပါတယ်။

တေးစု တခုလုံး အနေနဲ့ ဆိုရရင်လည်း “တိတ်တခိုး” တေးစု ဟာ ခင်မောင်တိုး ရဲ့ သီချင်းအသစ် အဓိက အားပြု ထွက်ရှိနိုင်ခဲ့တဲ့ နောက်ဆုံး တေးစုဖြစ်တဲ့ အတွက် ခင်မောင်တိုး ဂီတ ဘဝ မှတ်တမ်း မှာ အရေးပါလှပါတယ်။

ဗမာ့ ကိုယ်ပိုင်သံစဉ် စတီရီယို ဂီတ သမိုင်းမှာ ကဗျာ အများအပြား ကို လူတိုင်း နားစွဲအောင် လှလှ ပပ၊ ခန့်ခန့်ထည်ထည်၊ အရသာမပျက်၊ သီချင်း လုပ်ကာ သီဆိုပြသွားခဲ့တဲ့ ခင်မောင်တိုး အား နှမြော တသ လွမ်းဆွတ် သတိရခြင်း များစွာဖြင့်…


ချစ်သူသိလေ (ကဗျာ)
(၁)
ပန်းပွင့်ရှိမှ ရနံ့ရတာ
မဟုတ်ပါဘူး၊ ဖူးသည့် တစ်ငုံ
ထုံသည့်တစ်ပွင့် နမ်းခွင့် တစ်ရှိုက်
ရသည့်ခိုက်မှ ထာဝရတည်
ကာလရှည်လျား နှလုံးသားမှာ
စွဲမြဲစွာဖြစ် ထုံနံ့ယစ်ဝေ
ပျံ့ဆွတ်စေ၏၊
ချစ်သူသိလေ…။
(၂)
မျက်နှာတွေ့မှ မြင်ခွင့်ရတာ
မဟုတ်ပါကွယ်
ဘယ်ကို သွားသွား
ဘယ်နား ရောက်ရောက်၊ ဘယ်လောက် ဝေးဝေး
အတွေးမှာရှိ၊ အကြည့်မှာမြင်၊
သူပဲထင်တယ်၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ၊ တွေ့နိုင်ပါ၏၊
ချစ်သူသိလေ…။
(၃)
အသံကြားမှ နားမှာ ဆတ်ဆတ်
ကြားလာတတ်တာ မဟုတ်ပါလေ၊
စမ်းရေသံကြား သူ့ စကားရှိ
ငှက်၏ တေးမှာ သူ သံသာတွေ
နှုတ်ခြွေ စကား နားမှာတီးတိုး
ဟိုး… အရင်လို ရွှင်ချိုကြည်မြ
ကြားနေရ၏၊
ချစ်သူသိလေ…။
(၄)
ချစ်သူသိလေ…
သတိရလျှင် ဒေသ အကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက် ကွာမလဲ…
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာ ရစ်ငင်
ထာဝရထင်သော ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်…
အိမ်မက် တိုင်းမှာ ရှိနေသူ…။


မောင်စိန်ဝင်း(ပုတီးကုန်း)
ဓာတ်ပုံ မျှဝေသူ – ကိုသားငယ်


ချစ်သူသိလေ / ချစ်သူသိစေ (သီချင်း)
♫♪♫♪…
ပန်းပွင့်ရှိမှ.. ရနံ့.. ရတာ.. မဟုတ်ဘူး..
ဖူးသည့်.. တငုံ.. ထုံသည့်.. တပွင့်..
နမ်းခွင့်.. တရှိုက်.. ရခိုက်မှာ..
ထာဝရ.. အမြဲတည်..
နှလုံးသားမှာ.. စွဲမြဲစွာ.. ထုံယစ်..
ဆွတ်ပျံ့နေ.. ချစ်သူ.. သိစေ..
♫♪♫♪…
တွေ့ခွင့်ရမှ.. မင်း.. မျက်နှာ.. လဝန်း..
ကြည့်ခွင့်.. တခါ.. မြင်ခွင့်.. တလှည့်..
မင်း. .မရှိလည်း.. စွဲမြဲစွာ..
ဘယ်လောက်.. ဝေးနေ..
မော့.. ကြည့်ရင်.. မိုးကောင်းကင်လို.. ရှိ..
တွေ့လို့နေ.. ချစ်သူ.. သိစေ..
♫♪♫♪…
ဘယ်လောက်.. ဝေးဝေး.. ဘယ်မှာ.. ဖြစ်ဖြစ်..
တွယ်နှောင်.. ရစ်ငင်.. အိမ်မက်မှာ.. အစဉ်အမြဲ.. ရှိ..
နေရာချင်း.. လွဲလွဲ.. ဒေသချင်း.. ကွဲကွဲ..
မြင်ယောင်.. စိတ်.. အစဉ်.. အိမ်မက်.. မှာ. ရှိ..
♫♪♫♪…
ဖွင့်ဟ.. ပြောမှ.. ကြားတတ်တာ.. မဟုတ်ဘူး..
စီးဆင်းတဲ့.. စိမ့်.. စမ်းရေ..
ကျေးငှက်တို့.. တီးတိုးသံ..
ချိုစွာ.. ကြားရင်
မင်း.. စကားသံ.. စွဲမြဲစွာ.. ကျန်ရစ်..
ကြားလို့နေ.. ချစ်သူ.. သိစေ..
ချစ်သူသိလေ၊ စာသား – မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာ၊ သံစဉ် – နိုင်မင်း၊ တေးဆို – ခင်မောင်တိုး၊ တေးစု – တိတ်တခိုး (၂၀၀၀)

From... မိုးမခ

Friday, November 29, 2013

”အမေ့လက်များ”

”အမေ့လက်များ”  လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ ပထမ အင်တာဗျူး ဖြေဆိုအောင်မြင် သွားတာကြောင့် အခုဆို နောက်ဆုံးအဆင့် အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လူငယ်ကို “ညီလေး ကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ဘူးလား” လို့မေးပါတယ်။ “မလျှောက်ခဲ့ဘူးဗျ” “ဒါဆို ကျောင်းစရိတ်တွေကို ညီလေးအဖေက တော်တော်ထောက်ပံ့ပေးခဲ့ရမှာပေါ့” လူငယ်ခေါင်းခါပါတယ်။ “မဟုတ်ဘူးဗျ။ ကျနော်အဖေက ကျနော် တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။ ကျနော့် ကျောင်းစရိတ်တွေ ထောက်ပံ့ပေးခဲ့တာ ကျနော့်အမေပါ” “ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလဲ” “အမေက ခ၀ါသည်ပါ”  လူငယ်ရဲ့ အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့ တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ်ကိုနူးညံ့ချောမွေ့ပြီး လှပတဲ့ လက်တစ်စုံ ဖြစ်နေပါတယ်။ “ညီလေး အမေ အ၀တ်တွေလျှော်တဲ့အခါ ညီလေး ကူလျှော်ပေးခဲ့ဖူးလား” “ဟင့်အင်း… ကျနော် ဘယ်တော့မှ မလျှော်ပေးခဲ့ရပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ အမေက ကျနော့်ကို စာပဲ ကြိုးစားခိုင်းခဲ့တာ… ပြီးတော့ အမေအ၀တ်လျှော်တာ ကျနော့်ထက် ပိုမြန်တယ်လေ” “သြော်… ဒါဆို အစ်ကို တစ်ခုလောက် တောင်းဆိုစရာရှိတယ်… ညီလေး အိမ်ပြန်ရောက်တဲ့အခါ အမေ့ဆီ သွားပြီး သူ့လက်တွေကို ဆေးကြောပေးနိုင်မလား… ပြီးရင် မနက်ဖြန် အစ်ကို့ကို ပြန်လာတွေ့ပါ”  လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက်တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့ လက်တွေ ဆေးကြောပေးချင်ကြောင်း ခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့ စကားဆန်းတွေကြောင့် အြံ့သ၀မ်းသာသွားပါတယ်။ စိတ်ခံစားမှုတွေ ရောပြွန်းနေရင်းနဲ့ သူမရဲ့ လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။  လူငယ်က မိခင်ရဲ့ လက်တွေကို ဖြေးဖြေးချင်း ဆေးကြောပါပြီ။ အဲဒီအခိုက်မှာ သူ့မျက်ရည်တွေ စီးကျလို့လာပါတယ်။ မိခင်ရဲ့ လက်တွေဟာ ဇရာကြောင့် တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေ တော်တော်များများ ရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။ တချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်က တွန့်ခနဲ ဖြစ်ဖြစ် သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။  ဒီလက်တွေဟာ သူ့ကျောင်းစရိတ်တွေကို ပေးချေနိုင်ဖို့ နိစ္စဓူဝ အ၀တ်တွေလျှော်လာခဲ့တဲ့ လက်တစ်စုံပါလား ဆိုတဲ့အသိကို သူခံစားမိတာ ဒါ ပထမဦးဆုံးပါပဲ။ မိခင်ရဲ့ လက်က ဒဏ်ရာတွေဟာ သူ့ပညာရေးအတွက် သူ့ကျောင်းကိစ္စတွေအတွက် သူ့အနာဂတ်အတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။  လူငယ်ဟာ မိခင်ရဲ့ လက်တွေကို ဆေးကြောပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ ရှိနေတဲ့ အ၀တ်တွေအားလုံးကို နှုတ်ဆိတ်ငြိမ်သက်စွာ လျှော်ဖွတ်ပေးခဲ့ ပါတယ်။   ( ငရုတ်ပုလင်း ချစ်သား)

လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ ပထမ အင်တာဗျူး ဖြေဆိုအောင်မြင် သွားတာကြောင့် အခုဆို နောက်ဆုံးအဆင့် အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။
ဒါနဲ့ လူငယ်ကို...
“ညီလေး ကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ဘူးလား” လို့မေးပါတယ်။
 


“မလျှောက်ခဲ့ဘူးဗျ”
“ဒါဆို ကျောင်းစရိတ်တွေကို ညီလေးအဖေက တော်တော်ထောက်ပံ့ပေးခဲ့ရမှာပေါ့”
လူငယ်ခေါင်းခါပါတယ်။
“မဟုတ်ဘူးဗျ။ ကျနော်အဖေက ကျနော် တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။ ကျနော့် ကျောင်းစရိတ်တွေ ထောက်ပံ့ပေးခဲ့တာ ကျနော့်အမေပါ”
“ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလဲ”
“အမေက ခ၀ါသည်ပါ”

လူငယ်ရဲ့ အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့ တောင်းဆိုပါတယ်။
လူငယ်ဟာ ဒါရိုက်တာရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ်ကိုနူး ညံ့ချောမွေ့ပြီး လှပတဲ့ လက်တစ်စုံ ဖြစ်နေပါတယ်။
 
“ညီလေး အမေ အ၀တ်တွေလျှော်တဲ့အခါ ညီလေး ကူလျှော်ပေးခဲ့ဖူးလား”
“ဟင့်အင်း… ကျနော် ဘယ်တော့မှ မလျှော်ပေးခဲ့ရပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ အမေက ကျနော့်ကို စာပဲ ကြိုးစားခိုင်းခဲ့တာ… ပြီးတော့ အမေအ၀တ်လျှော်တာ ကျနော့်ထက် ပိုမြန်တယ်လေ”
“သြော်… ဒါဆို အစ်ကို တစ်ခုလောက် တောင်းဆိုစရာရှိတယ်… ညီလေး အိမ်ပြန်ရောက်တဲ့အခါ အမေ့ဆီ သွားပြီး သူ့လက်တွေကို ဆေးကြောပေးနိုင်မလား… ပြီးရင် မနက်ဖြန် အစ်ကို့ကို ပြန်လာတွေ့ပါ”

လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက် တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့ လက်တွေ ဆေးကြောပေးချင်ကြောင်း ခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့ စကားဆန်းတွေကြောင့် အြံ့သ၀မ်းသာသွားပါတယ်။ စိတ်ခံစားမှုတွေ ရောပြွန်းနေရင်း နဲ့ သူမရဲ့ လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။

လူငယ်က မိခင်ရဲ့ လက်တွေကို ဖြေးဖြေးချင်း ဆေးကြောပါပြီ။ အဲဒီအခိုက်မှာ သူ့မျက်ရည်တွေ စီးကျလို့ လာပါတယ်။ မိခင်ရဲ့ လက်တွေဟာ ဇရာကြောင့် တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေ တော်တော်များများ ရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။ တချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်က တွန့်ခနဲ ဖြစ်ဖြစ် သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။

ဒီလက်တွေဟာ သူ့ကျောင်းစရိတ်တွေကို ပေးချေနိုင်ဖို့ နိစ္စဓူဝ အ၀တ်တွေလျှော်လာခဲ့တဲ့ လက်တစ်စုံပါလား ဆိုတဲ့အသိကို သူခံစားမိတာ ဒါ ပထမဦးဆုံးပါပဲ။ မိခင်ရဲ့ လက်က ဒဏ်ရာတွေဟာ သူ့ပညာရေးအတွက် သူ့ကျောင်းကိစ္စတွေအတွက် သူ့အနာဂတ်အတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။

လူငယ်ဟာ မိခင်ရဲ့ လက်တွေကို ဆေးကြောပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ ရှိနေတဲ့ အ၀တ်တွေအားလုံး ကို နှုတ်ဆိတ်ငြိမ်သက်စွာ လျှော်ဖွတ်ပေးခဲ့ ပါတယ်။


( ငရုတ်ပုလင်း ချစ်သား)
 From...Myawady News



“ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ ”

“ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ ” Thursday, November 28, 2013  ၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။  ၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။  ၃။ မိခင်ဖခင်တို့ ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။  ၄။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။  ၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။  ၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။  ၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။  ၈။ ရဟန်းတို့ အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။  ၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်  အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။  အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။  အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့ ….. ---------------------------------------------------------------------------  မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။  လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်းပြီး ရောဂါခပ်သိမ်းကင်းဝေးနိုင်ကြပါစေ...   New MyanmarFoundation


၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။


၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။

၃။ မိခင်ဖခင်တို့ ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။

၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။





၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။

၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။

၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။

၈။ ရဟန်းတို့ အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။

၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်

အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။

အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့ …..
---------------------------------------------------------------------------

မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်း ကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာ အဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်း က ပြောပြတော်မူခဲ့ပါတယ်။

လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်းပြီး ရောဂါခပ်သိမ်းကင်းဝေးနိုင်ကြပါစေ...


New MyanmarFoundation

From...Myawady News

ကျွန်တော် သမီးလေးနဲ့ ဆော့နေတုန်း...




ကျွန်တော် သမီးလေးနဲ့ ဆော့နေတုန်း...

`ဖေဖေ...နိုင်ငံခြားပြန်သွားမလို့ဆို´

`အင်း...´

`ဘယ်တော့ ပြန်လာမှာလဲ´
`နောက်တစ်ပတ်ရဲ့ နောက်ထပ် တစ်ပတ်´


`အကြာကြီးလိုပဲ...အဲ့ဒီ့နောက် တစ်ပတ်ရဲ့ နောက်ထပ် တစ်ပတ်ရဲ့ ဘယ်နေ့ပြန်လာမှာလဲ´
`စနေနေ့ ပြန်ရောက်မှာ´

`ဘာလို့ အဲ့လောက်တောင် အကြာကြီးနေမှာလဲ´
`သမီးလေး အတွက် ဖေကြီး အရုပ်တွေ အများကြီး ၀ယ်ပေးဖို့ ပိုက်ဆံသွားရှာမှာ´

သမီးလေး ခေါင်းလေးကိုစောင်းပြီး မျက်လုံးကို အပေါ်ကိုမော့ကြည့်ပြီး ခဏငြိမ်သွားတယ်။

`ဒါဆို မနက်ပြန်ရောက်မှာလား ညပြန်ရောက်မှာလား´
`ညမှ ပြန်ရောက်မှာ´

`ဘာလို့စောစောပြန်လာပြီး သမီးနဲ့ မဆော့တာလဲ။´
ကျွန်တော် သမီးမေးခွန်းတွေကို ဆက်ဖြေချင်စိတ် မရှိတော့။ ခဏလောက်ငြိမ်သက်သွားမိတယ်။

`ဖေဖေ...မအိပ်ချင်သေးဘူးဆိုရင်...သမီးနဲ့ ဒါလေး ထပ်ကစားပါလားဟင်...´

မြတ်စွာဘုရားရှင် မှ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ် တွင် တရားစကား သြ၀ါဒ ပေးတော်မူခြင်း

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။ ညနေချမ်းရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။ ရှင်ရာဟုလာက မြတ်စွာဘုရားအတွက် နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။  “ချစ်သားရာဟုလာ.... အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။  ချစ်သားရာဟုလာ.... လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။  ချစ်သားရာဟုလာ.... လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့ တော့။  ချစ်သားရာဟုလာ.... အပြောတစ်ခုပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား။ ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။  ချစ်သားရာဟုလာ.... ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။ ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။  ချစ်သားရာဟုလာ.... အတွေးတစ်ခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။ တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”  နှလုံးသားအာဟာရ-
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။
ညနေချမ်းရောက်တော့
ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။
ရှင်ရာဟုလာက မြတ်စွာဘုရားအတွက်
နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။
မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး
တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။


“ချစ်သားရာဟုလာ....
အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။
မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ 
 ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....
လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊
ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....
လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သားရာဟုလာ....
အပြောတစ်ခုပြောတော့မယ်ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။

ချစ်သားရာဟုလာ....
ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။
ပြောပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။

ချစ်သားရာဟုလာ....
အတွေးတစ်ခု တွေးတော့မယ်ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။
တွေးဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”

နှလုံးသားအာဟာရ-
 
 From...SearchMyanmar
 


အိန္ဒိယမှာ လူကိုမြိုသွားတဲ့ စပါးကြီးမြွေ

အိန္ဒိယမှာ လူကိုမျိုသွားတဲ့ စပါးကြီးမြွေ Friday, November 29, 2013  နေ့ ခင်းကြောင်တောင်ကြီးမှာ စပါးကြီးမြွေရဲ့ မျိုခြင်းကို ခံလိုက်ရပါတယ်။ လူကတော့ အရက်သမား တစ်ဦးဖြစ်ပြီးမူးပြီး လမ်းဘေးမှာ လဲနေတဲ့  အချိန်မှာ မျိုသွားတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ Attapadi ဧရိယာ Kerala ဒေသမှာ ဖြစ်ပါတယ်။  သင်ခန်းစာကတော့ အိန္ဒိယရဲ့  လမ်းဘေးမှာ အရက်မူးပြီး လျှောက်မသွားပါနဲ့  လို့ ဆိုပါတယ်။  Ref;news-hound ကိုလင်း ( MM Social Sky )
Friday, November 29, 2013

နေ့ ခင်းကြောင်တောင်ကြီးမှာ စပါးကြီးမြွေရဲ့ မျိုခြင်းကို ခံလိုက်ရပါတယ်။ လူကတော့ အရက်သမား တစ်ဦးဖြစ်ပြီးမူးပြီး လမ်းဘေးမှာ လဲနေတဲ့ အချိန်မှာ မျိုသွားတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ Attapadi ဧရိယာ Kerala ဒေသမှာ ဖြစ်ပါတယ်။...

သင်ခန်းစာကတော့ အိန္ဒိယရဲ့  လမ်းဘေးမှာ အရက်မူးပြီး လျှောက်မသွားပါနဲ့  လို့ ဆိုပါတယ်။

Ref;news-hound
ကိုလင်း ( MM Social Sky)
From...Facebook

 

အနန္တရ ပစ္စယော သမနန္တရ ပစ္စယော မှ Guglielmo Marconi ရှာဖွေတွေ့ ရှိခဲ သော ယနေ့ IT ခေတ်



ကျနော်တို့ ရဲ့ မြတ်စွာဘုရား ဟာ ပဌာန်း တရားတော်ကို ဟိုး လွန်ခဲ့သော နှစ်ပေါင်း ၂၅၆၀ လောက်ကဟောကြား ခဲ့ရာမှာ အနန္တရ ပစ္စယော နှင့် သမနန္တရ ပစ္စယော ကိုထည့်သွင်း ဟောကြားထားပါတယ် ။

အနန္တရပစ္စယော ကို အခြားမဲ့ တစ်ဆက်တည်း အကြား မရှိဖြစ်၍ ကျေးဇူးပြုတတ်သော တရား 

ရှေးဆရာကြီးများ ကတော့  စကြာဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း (ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက် တည်းဖြစ်ခြင်း၊နောက်နောက် စိတ် အစဉ်တွေ ဆက်တိုက်ဖြစ်ရန် အတွက် ရှေ့ရှေ့စိတ် အစဉ်တွေ ပျက် ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရ ပစ္စည်းတရား ကိုဟောတော်မူသည် လို့ ဆိုထားပါတယ် ။ 



 သမနန္တရပစ္စယော ကို ကောင်းစွာ(အခြားမဲ့) တစ်ဆက်တည်း အကြားမရှိ အတားအဆီး မရှိ ၍ ကျေးဇူးပြု တတ်သောတရား။ 

ရှေးဆရာကြီးများကတော့  စကြာဝတေးမင်း တောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တဆက်တည်းအကြား မရှိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်း သည်ဟု ဝန်ခံခြင်း၊မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကိုဟောတော်မူသည် လို့ ဆိုထားပါတယ်။ 

ကျနော်ဒီနေရာမှာ ပြောပြချင်တာက အခြားမဲ့ မရှိ တစ်ဆက်တည်း အကြားမရှိဖြစ်လေ့ ရှိပုံ နဲ့ ကောင်းစွာ အခြား မဲ့ မရှိ တစ်ဆက်တည်း အကြားမရှိ ဆိုတဲ့ ဟောဒီ စင်္ကြဝဠာ ကြီး ကနေ စင်္ကြာဝဠာ ကုဋ္ဋေ တစ်သိန်း မကသော စင်္ကြာဝဠာ အားလုံးဟာ အကြားအလပ်မရှိတာ ကိုရော စိတ် စေတသိက် ရုပ် တို့ ကြားမှာပါ အကြား အလပ် မရှိတာကို ဘုရား ရှင်က နှစ်ပေါင်း ၂၅၆၀ ကျော်လောက်က ဟောပြသွားခဲ့ပြီးပါပြီ ။

 ဒီလို အကြား မရှိတာ Guglielmo Marconi ကတော့ မသိပါဘူး ။ သိစရာ ဥာဏ်လည်း မမှီနိုင်ပါ ဘူး ။ ဒါပေ မဲ့ လေ ထဲမှာ လှိုင်းတွေ အကြားအလပ် မရှိ ဆက်စပ်နေတာလောက်ကို မြင်နိုင်တော့ Guglielmo Marconi ဟာ ရေဒီယိုလှိုင်း ကို အသုံးပြုတဲ့ ဆက်သွယ်ရေး စက်တွေကို ၁၈၉၆ နောက်ပိုင်းမှာ စတင် တည်ထွင် အသုံးပြု လာပါတယ် ။ ၁၉၀၉ နိုဗလ် ဆုတွေ ရခဲ့ပြီး ၁၉၂၀ နှစ်ဦးပိုင်းလောက်မျာ ရေဒီယို ကနေ အသံလွှင့် တာကိုစတင် တည်ထွင် ခဲ့ပါတယ်၊ 

Guglielmo Marconi ရဲ့ ပုံကို လည်း ရှာဖွေဖေါ်ပြပေးလိုက်ပါတယ် ။ Guglielmo Marconi သာလူဖြစ် မလာခဲ့ရင် ယနေ့ IT ခေတ် ဆိုတာ ရှိချင်ရင် ရှိမယ် မသေချာဘူး။ ကျနော်ပြောချင်တာ က ကျနော်တို့ ရဲ့ မြတ်စွာဘုရား ရှင်ဟာ ဘယ်သူ့ဆီကမှ အခြေခံ နည်းတွေ ကို မယူဘဲနဲ့ ကိုယ်တော်တိုင် ကျင့်ကြံပြီး ဘုရားဖြစ်ကို ရခဲ့တာပါ။ 

ယနေ့တော်ကြပါတယ် ဆိုတဲ့ ကွန်ပျူတာ ပညာရှင်တွေဟာ Guglielmo Marconi တို့လို ပုဂ္ဂိုလ်မျိုး တွေဆီမှ အဆင့်ဆင့် နည်းပညာ လက်ဆင့် ကမ်းခဲ့ ကြလို့ ဒီနေ့ IT ခေတ်ဖြစ်လာတာပါ ။ အလားတူပါဘဲ James Watt သာ လူဖြစ်မလာခဲ့ ရင် ယနေ့ Hybrid Synergy System လို့ခေါ်တဲ့ ဓါတ်ဆီ နဲ့ ဘက်ထရီ နှစ်မျိုးပေါင်းသုံး ပြီးမောင်နိုင်တဲ့ ကားတွေ ပေါ်လာစရာမရှိပါဘူး။ 

 အောက်ပါ post ကတော့  မြန်မာ IT လူငယ်များ မှ ကူးယူခဲ့ပါတယ် ။
 

























လွန်ခဲ့တဲ့ နှစ် တစ်ရာကျော်လောက်က အီတလီ လူမျိုး ရူပဗေဒ ပညာရှင် မာကိုနီ (Guglielmo Marconi) ဟာ ရေဒီယို လှိုင်းတွေကို အသုံးပြုပြီး သတင်းအချက် အလက်တွေကို ပထမဆုံး အောင်မြင်စွာ ထုတ်လွှင့်နိုင် ခဲ့တဲ့ ပညာရှင်ဖြစ်ပါတယ်။ 

 အဲ့ဒီအချိန်က စလို့ ကမ္ဘာကြီး ဟာလည်း အရင်ကနဲ့ မတူ အပြောင်းလဲကြီး ပြောင်း လဲခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ မှာ ကွန်ပြူတာနဲ့ အင်တာနက်တော်လှန်ရေး ကြီး အကြောင်း အာပေါင် အာရင်း သန်သန် နဲ့ လူအများ ပြော ဆိုနေနိုင်တာဟာ လူနေမှု ဘ၀တွေ၊ နေ့စဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို လွန်ခဲ့တဲ့နှစ် (၁၀၀) ကျော်လောက် ကတည်းက စတင်ပြောင်းလဲမှုတွေရဲ့ ရလဒ်ဖြစ်ပါတယ်။
 
သတင်း အချက်အလက်တွေကို မမြင်တွေ့နိုင်တဲ့ မိုင်ထောင်ပေါင်း များစွာဝေးကွာတဲ့ ဒေသတစ်ခု ကနေ တစ် ခုကို လေထု ကိုဖြတ်သန်း ပို့ဆောင် ပေးနိုင်ခဲ့တာဟာ အဲ့ဒီအချိန်က အလွန် အံ့သြစရာကောင်း တဲ့ တီထွင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

 ကြိုးမဲ့ ဆက်သွယ်မှု သာ မရှိခဲ့ဘူး ဆိုရင် ရေဒီယို၊ တီဗွီ၊ ဆက်တယ်လိုက် ဆက်သွယ်မှုတွေ ဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ အကြားအလပ် မရှိ ဆက်သွယ်စေနိုင်ပြီး ကမ္ဘာ့ရွာ (Global Village) အ ဆင့်ရောက်လာတာဟာ ကြိုးမဲ့ ဆက်သွယ် ရေးနည်းပညာတွေရဲ့ စွမ်းဆောင်ပေးနိုင်မှုကြောင့်ပဲဖြစ်ပါတယ်။ 

မာကိုနီကနေ စတင်ခဲ့တဲ့ ကြိုးမဲ့ ဆက်သွယ်မှုနည်းပညာဟာ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာပြီး ဆဲလ် ဖုန်း (cell phone)၊ ပေဂျာ (pager)၊ ဆက်တယ်လိုက် (satellite) ဆက်သွယ်မှု၊ ဒစ်ဂျစ်တယ် အချက်အလက် (digital data) တွေ ဆက်သွယ်မှုတွေအထိ ပြောင်းလဲလာတာ ဖြစ်ပါတယ်။ 

 ကြိုးမဲ့ ဆက်သွယ်မှု နည်းပညာဟာ မာကိုနီခေတ် က morse code အသုံးပြုပြီး ကြိုးမဲ့ သံကြိုးရိုက်တာက စလို့၊ အခု လက်ရှိသုံးစွဲနေတဲ့ ဒစ်ဂျစ်တယ် အချက်အလက် (digital data) တွေ ပို့ဆောင်တဲ့ နည်းပညာ အဆုံး၊ မမြင်နိုင် တဲ့ လှိုင်းတွေကနေ လက်ဆင့်ကမ်း သယ်ပို့ပေးတဲ့ အချက်ကတော့ အတူတူပါဘဲ။ အဲ့ဒီ လှိုင်းတွေ ဟာ လျှပ်စစ် သံလိုက်ရောင်စဉ်ရဲ့ အစိတ် အပိုင်းတွေဖြစ်ပြီး စွမ်းအင်လှိုင်း (Energy wave)   တွေဖြစ် တဲ့ မြင်နိုင်တဲ့အလင်း၊ အိတ်စရေးတွေပါဝင်နေပါတယ်။ 

အဲ့ဒီထဲက အစိတ်အပိုင်း တစ်ခုဖြစ် တဲ့ ရေဒီယို ဖရီကွင်စီဖြစ်တဲ့ Radio Frequency (RF) တွေ ကတော့ သတင်း အချက်အလက်တွေ သယ်ဆောင်ဖို့အတွက် အသုံးဝင်စေပါတယ်။ ဘယ်လိုဒေတာ အမျိုးအစားတွေ ကို ထုတ်လွှင့်တာဖြစ်စေ၊ RF တွေကို အသုံးပြုရတာဖြစ်ပြီး ရေဒီယိုထုတ်လွှင့်ရုံသက်သက် မဟုတ်ပါဘူး။ 


သတင်း အချက်အလက်တွေကို ရေဒီယိုကနေ လက်ဆင့်ကမ်း သယ်ဆောင်ပေးတာခြစ်ပြီး အသံတွေ၊ စကားပြောဆိုမှုတွေ၊ တီဗွီလှိုင်းတွေ၊ ကွန်ပြူတာအချက်အလက်တွေ (computer data) တွေ အားလုံးပါ ၀င်ပါတယ်။သတင်းအချက်အလက်တွေကို လှိုင်းတွေကနေတစ်ဆင့် ပို့ဆောင်ဆက်သွယ်ဖို့အတွက် Modulator လို့ခေါ်တဲ့ပစည်းကို သုံးရပါတယ်။ အဲ့ဒီပစ္စည်းကနေ လေထဲကို ထုတ်လွှင့်ပေးပါတယ်။ လွယ်လွယ်ပြော ရင်တော့ အသံလွှင့်စက်ပါ။ 
 
တစ်ခါတစ်လေမှာ ဆဲလ်ဖုန်း ရဲ့တာဝါတိုင် နဲ့ သိပ်မဝေးတဲ့နေရာက ဆက်သွယ်တာ၊ ဒါမှမဟုတ် ကမ္ဘာ့ ဘယ်လောက်ပဲဝေးဝေး ကိုယ်ရည်ရွယ် ပို့ဆောင်တဲ့ခရီး လမ်းဆုံးကိုရောက်ရင် demodulation လို့ခေါ် တဲ့ လုပ် ငန်းစဉ်ကို လုပ်ဆောင်ရပါတယ်။ ကြိုးမဲ့ ဆက်သွယ်မှုနည်းပညာမှာ အသံတွေ ထုတ်လွင့်တဲ့ modulation နဲ့ အသံဖမ်းယူဖို့ ပြန်ပြောင်းလဲတဲ့ demodulation ကတော့ မရှိမဖြစ် လုပ်ငန်း စဉ်နှစ်ရပ်ဖြစ် ပါတယ်။
   
တီဗွီ ခလုတ်ကနေ လိုင်းပြောင်းလိုက်တာပဲဖြစ်ဖြစ်၊ သူ့ထက်ပိုပြီးရှုပ်ထွေးတဲ့ ဆဲလ်ဖုန်းကနေ အီးမေးလ်တွေ ပို့ တာ၊ လက်ခံတာပဲဖြစ်ဖြစ် တစ်နေ့ပြီးတစ်နေ့ ပြောင်းလဲနေတဲ့ နည်းပညာသစ်တွေထဲ ၀င်ရောက်လုပ်ကိုင် တိုးဝင် ဆောင်ရွက်နေရတယ် ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။ 

MODULATION
RF  လှိုင်း တွေကို အသုံးပြုပြီး သတင်း အချက်အလက်တွေ ပို့ဆောင်တဲ့ လုပ်ငန်းကို Modulation လို့ခေါ်ပါတယ်။ လှိုင်းတွေကို လက်ခံရတဲ့ အချိန်မှာ အဲ့ဒီ လှိုင်းတွေကို Demodulation ကလုပ်ပြီး သတင်းအချက် အလက် (information) တွေအဖြစ် ပြောင်းပေးရပါမယ်။
 



Thursday, November 28, 2013

သီချင်းဆိုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ




၁။ စိတ်ဓာတ် ကျဆင်းစေသော သောကများ လျော့ချပေးခြင်း။

၂။ သွေးဖိအား လျော့ချပေးခြင်း (သွေးတိုး ရောဂါဖြစ်နိုင်ချေ ကျဆင်းခြင်း)။


၃။ ကိုယ်ခံအား ကောင်းစေခြင်း။

၎။ အသက်ရှုအား ကောင်းစေခြင်း၊ အဆုတ် ကျန်းမာစေခြင်း။

၅။ ကိုယ်ရော စိတ်ပါ စည်းချက် မှန်မှန် လှုပ်ရှား တတ်စေခြင်း။

၆။ သင်ယူ လေ့လာမှု အားကောင်းစေခြင်း (အထူးသဖြင့် ကလေးများ)။

၇။ မှတ်ဥာဏ် များ ပိုမိုကောင်းမွန်ခြင်း။



Wednesday, November 27, 2013

အမျိုးသမီးတွေ ရဲ့ ခန္ဒာကိုယ်က



လေ့လာချက် တစ်ခုအရ အမျိုးသမီးတွေရဲ့ ခန္ဒာကိုယ် က ထွက်တဲ့ chemical compounds တစ်မျိုးရဲ့ ရနံ့ က စိတ်လှုပ် ရှားမှုကို ပေးစွမ်းနိုင်ပြီး အမျိုးသား တွေကို ဆွဲဆောင် နိုင်တယ်လို့ ဆိုပါတယ်။

တစ်ကယ်လို့ မိန်းကလေး တစ်ယောက်အဖို့ ဆန့်ကျင်ဘက် လိင် ရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီ ဆိုရင် ဒါဟာ အံ့သြစရာ ကောင်းတဲ့ သဘာဝက ပေးတဲ့ လက်ဆောင်ပါပဲ။ သင့်ရဲ့ ဖက်ရှင် ဒီဇိုင်နာကို အမှတ်တွေ အရမ်း မပေးမိခင် ခဏလေး နေပါဦး။ ဒီလို ဆွဲဆောင်နိုင်တာ အမှန်တော့ သင့်ကိုယ်က ထွက်တဲ့ chemical တစ်မျိုး ကြောင့်ပါပဲ။


သင့် ခန္ဓာကိုယ်က pheromones အမည် ရတဲ့ chemical compounds တွေအလို အလျောက် ထွက်နေ ပါ တယ်။ pheromones က ဂရိဘာသာ မှ ဆင်းသက် လာတာ ဖြစ်ပြီး စိတ်လှုပ်ရှားမှု ဖြစ်စေတတ်တဲ့ အရာတွေ တစ်နေရာ ကနေ တစ်နေရာကို သယ်ဆောင် ပေးတယ်လို့ အမည်ရ ပါတယ်။ 

ဒီ chemical တွေက လိင်မှုဆိုင်ရာ ဆက်ဆံရေးမှာ အဓိက ဆောင်ရွက်ပြီး ကျွန်တော်တို့ နှာခေါင်း အတွင်း က ဆဲလ်တွေ ထဲမှာ အာရုံခံ ပြီးနောက် ဦးနှောက်ကို အချက် အလက်တွေ ပို့ဆောင် ပေးပါတယ်။ 

တိရိစ္ဆာန် တွေ နဲ့ အင်းဆက် တွေကလည်း ဒီ chemical ကို ထုတ်လွှတ် နိုင်ကြပြီး ဒီ chemical က တစ်ဆင့် မျိုးပွားမှုတွေ လုပ်ဆောင် ကြတာမို့ သူတို့မှာ စကားပြော စရာတောင် မလိုအပ်ပါဘူး။ 

pheromones ရဲ့နောက်ကွယ် က သိပ္ပံပညာ ကလည်း ယနေ့တိုင် ငြင်းခုန်စရာ အဖြစ် ရှိနေပြီး အထူးသဖြင့် အမျိုးသား တစ်ယောက်က အမျိုးသမီး တစ်ယောက်ရဲ့ ဆွဲဆောင်တဲ့ ရနံ့ကို အာရုံခံမှု ဆုံးဖြတ်တဲ့ အခါမျိုးမှာ ဒွိဟအဖြစ် ရှိနေဆဲပါပဲ။ pheromones တစ်မျိုးတည်းက လိင်မှုကိစ္စ ရွေးချယ်မှု အတွက် အဓိက ကျသလား ဆိုတာက စမ်းသပ်ဖို့ ခက်ခဲဆဲပါ။

ဒါပေမယ့် ရေမွှေး နဲ့ အမွှေးနံ့သာ ထုတ်လုပ်သူ တွေကိုတော့ မပြောမိ ပါစေနဲ့။ သူတို့က ရေမွှေးရဲ့ sexy ဖြစ်မှု လျို့ဝှက်ချက်ကို ပြောမှာ မဟုတ်ပါဘူး။ အမျိုးသမီးတွေ အနေနဲ့ pheromones ပါဝင် တဲ့ ရေမွှေး အသုံးပြုခြင်းဖြင့် မိမိ ရည်ရွယ်တဲ့ အမျိုးသားနဲ့ နီးစပ် စေမှာတော့ အမှန်ပါပဲ။ 

ဥပမာ အနံ့ စူးစူး ရေမွှေး ကို အသုံးပြုတဲ့ အမျိုးသမီး တွေက အမျိုးသားတွေ အပေါ် တက်ကြွတဲ့ ခံစားမှု ကို ပေးစေပါတယ်။ အကြောင်း ကတော့ အမျိုးသား တွေထက် အမျိုးသမီးတွေက ဒီလို ရနံ့ကို အဆ ၁၀၀၀ အာရုံခံနိုင်ပြီး သူမက စကား မပြောရတဲ့ နည်းလမ်း နဲ့ ဒီ အမွှေးရနံ့ကို ပြန်လည် ဖြန့်ဝေ ပေးပါတယ်။ 

တစ်ကယ်လို့သာ ရေမွှေးတွေက အမျိုးသား တွေကို မဆွဲဆောင်ဘူး ဆိုရင် ဘာတွေ ဖြစ်လာမလဲ။ သိပ္ပံပညာရှင် တွေကတော့ အမျိုးသား တွေရဲ့ လိင်စိတ်ဟာ pumpkin pie၊ doughnuts၊ lavender နဲ့ cinnamon rolls အနံ့တွေ ရှုမိရင် ကြွတတ်ကြောင်း တွေ့ရှိထား ပါတယ်။ 

ဒါပေမယ့် lavender အကိုင်း တစ်ကိုင်းကို မီးမြိုက်ပြီး အနံ့ခံ တာထက် အမျိုးသမီး တွေရဲ့ ဆွဲဆောင်တဲ့ ရနံ့က ပိုမိုပြီး လိင်စိတ် ကြွစေတယ်လို့ ဆိုပါတယ်။


အိမ်ထောင်သည် မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ






အမျိုးသား အများစုက အစာ ကို စနစ် တစ်ကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့ အပြင် ကျန်းမာရေး ကို လည်း ဂရုမစိုက်ဘဲ လျစ်လျူ ရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။



(၁) ဂျုံမှုန့် အကြမ်း



အမျိုးသားတွေ အတွက် အကောင်းဆုံး နံနက်စာမှာ ဂျုံမှုန့် အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှ သာ နှလုံးရော ဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ 
ချက်ပြီးသား ဂျုံမှုန့် အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရော အဆင့် လျော့ကျမှု ရှိစေပါ တယ်။ ဂျုံမှုန့် အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။



(၂) ငှက်ပျောသီး



ငှက်ပျောသီး မှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့ အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက် တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး မှာ ရောင် ရမ်း မှု လျော့ကျစေတဲ့ အစွမ်း ရှိတာကြောင့် အဆစ် နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီး ကို စားပေးရင်ကို လက်စ ထရော လျော့ကျစေပြီး အူမကြီး ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင် တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။



(၃) ခရမ်းချဉ်သီး



ခရမ်းချဉ်သီး မှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ် ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေ အတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီး ကို အနီရောင် ဖြစ်စေ တဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီး ကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်း ကို စုပ်ယူအား ပိုကောင်းစေလို့ပါ။



(၄) ဘလူးဘယ်ရီသီး



ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ် နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲ က အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။



(၅) သံလွင်ဆီ



တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်း စားရုံနဲ့ ကိုယ် အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေ ကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီ မှာ မပြည့်ဝဆီ အပြင် ဗီတာမင်အီး နဲ့ ကာရို တီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင် တာကြောင့် သွေး တိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာ ရင်ကျပ် ရောဂါ နဲ့ အဆစ်ရောင် နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီ မှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင် ရှိပြီး နာကျင်ကိုက်ခဲ မှုနဲ့ရောင်ရမ်းမှု ကိုလျော့ ကျစေပါတယ်။



(၆) သစ်ကြားသီး



သစ်ကြားသီး မှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီး တို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီး ကို ပုံမှန် စားသူတွေဟာ သွေးတွင်း စုစုပေါင်း ကိုလက်စထရော အဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။



(၇) ပန်းဂေါ်ဖီစိမ်း



ပန်းဂေါ်ဖီစိမ်း မှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီ နဲ့ အီး တို့အပြင် မဂ္ဂနီဆီယမ် နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့ အပြင် နှလုံးရော ဂါနဲ့ ကင်ဆာဖြစ်နှုန်းကိုလျော့ကျစေပါတယ်။



(၈) အဆီများသောငါး



အဆီ များတဲ့ ငါး မှာ အိုမီဂါ ၃ ဖက်တီး အက်စစ် ပါဝင်တာကြောင့် နှလုံးရော ဂါ ဖြစ်နှုန်း ကို လျော့ ကျစေပါ တယ်။ ထရစ်ပတိုဖန် အာဟာရဓာတ် လည်း ပါဝင်တဲ့ အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်။



(၉) ပဲမည်း



ဆိုဒီယမ်၊ အဆီ နဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ် များတဲ့ ပဲမည်း ကို စားတာကြောင့် တစ်နေ့ လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင် ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှု များတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။



(၁၀) လက်ဖက်စိမ်း လက်ဖက်ရည်



လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်း ထုတ်လုပ်မှုကို အားပေးပါတယ်။





By Good Health
From...Myanmar Forward

ယုံကြည်မှု မဏ္ဍိုင်



ယုံကြည်မှုသည် ယုံကြည်ချက်နှင့် မတူပါ။ ယုံကြည်ချက်မှာ အကြောင်းအရာ တစ်ခု (သို့မဟုတ်) သဘော တရား တစ်ခုကို ယုံကြည်သည့်ဖြစ်စဉ် ဖြစ်သည်။ ယုံကြည်ချက်မှာ ခံယူချက်နှင့် ခပ်ဆင် ဆင် ဖြစ်သည်။ သဘောတရားနှင့် လုပ်ဆောင်ချက် တစ်ခုကို မိမိလက်ခံသည့်အတွက် ယင်းသဘော တရားသည် မိမိ ယုံကြည် ချက် ဖြစ်သွားလေသည်။

ယုံကြည်မှု (Trust)သည် လူ့အဖွဲ့အစည်း၌ အထူးလိုအပ်သော အရာတစ်ခု ဖြစ်သည်။ ဘာကြောင့် လိုအပ် သနည်းဆိုလျှင် နေ့စဉ်ထိတွေ့ ဆက်စပ်နေကြသည့် အတွေ့အကြုံမှ ပေါက်ဖွားသော စိတ်ဓာတ်ရင့်ကျက် ခိုင်မာမှုနှင့် နောက်ထပ်ဖြစ်လာနိုင်ခြေ အသစ်အသစ်များအကြား ချောက်ကမ်းပါးစောင်းတွင် "ယုံကြည်မှု" တည်ရှိနေသောကြောင့် ဖြစ်၏။
 

တော်ရုံတန်ရုံနှင့် လူတစ်ဦး (သို့မဟုတ်) အဖွဲ့အစည်း တစ်ရပ်က နောက်လူတစ်ဦး (သို့မဟုတ်) နောက်အဖွဲ့ အစည်း တစ်ရပ်အား ယုံကြည်မှု ထားရှိရန် ဆိုသည်မှာ မလွယ်ကူပေ။ ယုံကြည်မှုကို တစ်ခဏတာအတွင်း တည်ဆောက် ရန် ဖြစ်နိုင်ခြေ အလွန်နည်းသည်။ နှစ်ရှည်လများ အမြဲမပြတ် ခိုင်ခိုင်မာမာ တည်ဆောက်လာ မှ နှစ်ဦးကြား မလွဲမသွေ ယုံကြည်မှု ရှိလာနိုင်မည်။

စိတ္တဗေဒ နည်းဆိုင်ရာ ရှုထောင့်မှကြည့်လျှင် ယုံကြည်မှု ဆိုသည်မှာ ယုံကြည်သူက ယုံကြည်ခံရသူ ထံ မှ မျှော်လင့်ထားသလို လုပ်ဆောင်လိမ့်မည်ဟု လက်ခံမျှော်ကိုးထားသော အရာတစ်ခု ဖြစ်၏။

ယုံကြည်မှု ကိစ္စသည် မိသားစု အ၀န်းအ၀ိုင်းမှစပြီး ရပ်ရွာတိုင်းနိုင်ငံရှိ လူ့အဖွဲ့အစည်းများသို့ ကျယ်ပြန့်စွာ ထိုးဖောက်ဝင်ရောက်လေ့ ရှိသည်။ စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဆိုလျှင် အခြေခံကျကျ ယုံကြည်မှု၏ တိုးတက်ဖွံ့ဖြိုးမှုသည် စိတ်ပိုင်းဆိုင်ရာ လူမှုရေး တိုးတက်မှု၏ ပထမ လှေကား ထစ် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ယုံကြည်မှုပိုင်း အောင်မြင်လာပါက လုံခြုံမှု၊ လက်ခံမှု၊ အပေါင်း လက္ခဏာဆောင်သော အကောင်းမြင်ခြင်း စသည့်ခံစားမှုတို့ကို ဖြစ်ထွန်းလာစေသည်။ ယုံကြည်မှုပိုင်း ကျရှုံးခြင်း ဖြစ်ပါကလည်း မလုံခြုံမှုနှင့် သံသယဖြစ်မှုတို့ ဖြစ်တည်လာပေမည်။

ယုံကြည်မှုသည် ပုဂ္ဂလ ဓိဋ္ဌာန်ကျစွာ တိုးတက်ဖြစ်ပေါ် စေရေးကို ဖြစ်စေနိုင်သောကြောင့် အချင်းချင်း ဆက်ဆံရေးနှင့် ပတ်သက်လာလျှင် အရည်အသွေး ပိုမိုမြင့်မား ကြီးထွားလာစေသည်။ ထို့ပြင် ယုံကြည် စရာကောင်းသော သူတစ်ယောက်အား ပို၍လွယ်ကူစွာ အောင်အောင်မြင်မြင် တိုက်တွန်းဆွေးနွေး ပြော ဆိုနိုင်သည်။ ပို၍သြဇာ သက်ရောက်နိုင်သည်။ သို့ရာတွင် အောင်မြင်စွာ တိုက်တွန်းပြော ဆို နိုင်ရန်မှာ ဖြူစင် ရိုးသားခြင်း၊ တည်ကြည်ခြင်း၊ အစွမ်းအစရှိခြင်း၊ စေတနာ အရင်းခံ ရှိခြင်းတို့ လိုအပ်နေသေးသည်။

ကြီးမားနက်ရှိုင်းသော အခက်အခဲများအား ကျော်လွှားရင်ဆိုင် ဖြေရှင်းသည့် ကိစ္စတွင် ယုံကြည်မှု ကင်းမဲ့နေ ပါက ထိုကင်းမဲ့ခြင်း အကြောင်းရင်းနှင့် ပတ်သက်သော အရင်းအမြစ်နှင့် အထောက်အထားအား ရှာဖွေမရ မချင်း အောင်မြင်မှု မရနိုင်ချေ။

မြန်မာနိုင်ငံသို့ မကြာသေးမီက အမေရိ ကန်သမ္မတဟောင်း ဘီလ်ကလင်တန် လာ ရောက် စဉ်က ပြော ကြားသွားသည့်စကား - "ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် စာချုပ် စာတမ်းများ အပေါ်၌ လက်မှတ်ရေးထိုးခြင်းထက် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးက ပိုအရေးကြီးသည်"

"မြန်မာနိုင်ငံ၌ တိုင်းရင်းသား လူမျိုးကွဲ အများအပြားရှိပြီး ယုံကြည်ကိုးကွယ်မှုလည်း မတူညီ သဖြင့် ရေရှည်အတူတကွ သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ရန် နှစ်ဖက်အဖွဲ့အစည်းများကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်နေပါသည်။ ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် လူတစ်ဦး တစ်ယောက်သည် အမြဲ တမ်း မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည် မဟုတ်သည်ကိုလည်း နားလည်ရမည်ဖြစ်ကြောင်း"

"တကယ်လေးနက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို သွားမယ်ဆိုရင် ယုံကြည်မှု မရှိဘဲ ဘာမှဆက်လုပ်လို့ မရဘူး"

သဘောတူညီချက် စာချုပ်စာတမ်း လက်မှတ်ရေးထိုးခြင်းသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုနည်း ၍ ပြုလုပ်ရသော ကိစ္စသာ ဖြစ်၏။ ဥပမာအားဖြင့် စီးပွားရေး ကိစ္စ၌ အရောင်းအ၀ယ်၊ အပေးအယူ လုပ်ရာတွင် သဘောတူ စာချုပ်စာတမ်းများ ချုပ်ဆိုလေ့ ရှိကြသည်။ ကတိက၀တ် လက်မှတ်ရေးထိုးလေ့ ရှိကြသည်။ ယင်းသည်ပင် နှစ်ဖက်ကြား ယုံကြည်မှု အားနည်းခြင်း၊ သံသယစိတ် ကြီး မားခြင်း တို့ ကို ဖော်ပြနေပေသည်။ မှန်ပါသည်။ လူ့ကျင့်ဝတ်နှင့်အညီ မကျင့်ကြံ၊ မနေထိုင်သူတွေ များနေသော လော က၌ စာချုပ်စာတမ်းနှင့် မထိန်းချုပ်လျှင် မရဟု ဆိုနိုင်ပါသည်။

ယုံကြည်မှုနှင့် ပတ်သက်၍ ပြောရလျှင် ဆယ်စုနှစ်များစွာ ကုန်လွန်ခဲ့ပြီး ဖြစ်သည်။ ယုံကြည်မှုမဏ္ဍိုင် ပြိုလဲကြေမွ ပျက်စီးခဲ့သည်မှာလည်း ကြာလှပြီ။ အပိုင်းအစများစွာ ကွဲထွက်သွားသော ယုံကြည်မှု မဏ္ဍိုင်ကို မည်သို့ပြန်လည် တည့်မတ်တည်ဆောက် ကြမည်နည်း။

စာရေးသူတို့ နိုင်ငံတွင်လည်း သမ္မတကြီး ဦးဆောင်၍ အပိုင်းအစများအား တစ်စစီကောက်၍ ယုံကြည်မှု မဏ္ဍိုင်ကို တည်ဆောက်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ ယုံကြည်မှု မဏ္ဍိုင်ကို မတည်ဆောက်မီ ပထမဦးဆုံး နိုင်ငံတော်၏ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်တို့ကို သူ့နေရာနှင့်သူ၊ အထက်နှင့်အောက်၊ နေရာအထား မမှားစေရန် အလျင်ဦးဆုံး ပြုပြင်တည်ဆောက် ရဦးမည်။ 
 
မဏ္ဍိုင်များကတော့ မားမားမတ်မတ် ရှိနေ၏။ သို့သော် အထက်နှင့်အောက်၊ အောက်နှင့်အထက် အနေအထား လွဲချော်လျှင်လည်း မဖြစ်သေး။ အနေအထား လွဲချော်နေသေးသည်ဟု အများက ထင်မြင်ယူဆ ပါကလည်း ပြုသမျှ လုပ်ရပ်အပေါ် ယုံကြည်မှု ကင်းမဲ့သွားမည် ဖြစ်သည်။ ယုံကြည်မှုမဏ္ဍိုင် မတည်ဆောက်နိုင်သရွေ့ လူ့အဖွဲ့အစည်းသည်လည်း အောက်ကျနောက်ကျ အခြေအနေမှာပဲ ရှိနေဦးမည်သာ ဖြစ်သည်။ ယုံကြည်မှု မဏ္ဍိုင်အား တည်ဆောက်ရန် ကျန်မဏ္ဍိုင်ကြီးများအား တည့်မတ်၊ မှန်ကန်၊ သူ့နေရာနှင့်သူ ရှိနေစေရန် ဦးစွာကြိုးပမ်း ရဦးမည်။

ဤနေရာတွင် စာရေးသူတို့ နိုင်ငံ၌ အမြစ်တွယ်နေခဲ့သည့် အဂတိ လိုက်စားမှု ကိစ္စနှင့် ဆက်စပ်သော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်းပြီး အသက်ဝင်နေပြီဖြစ်ကြောင်း သိရပါသည်။ ယင်းဥပဒေ၌ လက်ရှိအစိုးရ လက်ထက်တွင် အဂတိတရား လိုက်စားမှုများ ရှိပါက နောင်လာမည့် အစိုးရသစ်က ဤဥပဒေဖြင့် အရေးယူနိုင်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားချက်များ ရှိနေပေသည်။
 
အဆိုပါ ဥပဒေနှင့် စပ်လျဉ်း၍ တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း) က အောက်ပါအတိုင်း သုံးသပ်ပြောကြားသည်။

"အဂတိတရား လိုက်စားမှု ဆိုတာက သက်သေသက္ကာယက၊ ဆိုလိုတာက ပေးတဲ့သူက တိုင်မှ ပဲ ပေါ် မှာလေ။ လာဘ်ပေးလာဘ်ယူဆိုတာ ပေးတဲ့သူက တိုင်မှပေါ်မှာပေါ့။ လူမသိအောင် တိတ်တိတ် ကလေး ကျိတ်ပြီးလုပ်တဲ့ ကိစ္စကိုး"

"ဒီဥပဒေ ပေါ်တာကြာပြီ။ ဒီဥပဒေနဲ့ အရေးယူတာ ဘယ်နှမှုကြားဖူးလဲ။ ဟိုတုန်းက ရှိခဲ့တဲ့ ဥပဒေကိုလည်း ဒီအစိုးရ မတိုင်ခင်က ဘယ်သူ့မှ အရေးမယူခဲ့တာ။ ဘာကြောင့် အရေးမယူလဲဆိုတော့ မယူရဲလို့။ အရေးယူလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားတစ်ခု ရှိတယ်။ ရန်ကုန်မြို့ကို အုတ်တံတိုင်း ခတ်ပြီး ထောင်လုပ်လိုက်ရမှာ။ သူတို့ဝန်ထမ်းတွေ အကုန်လုံးမှာ အောက်ကအငယ်လေးတွေက မလောက် လို့ စားတာ။ အပေါ်က ကြီးတဲ့သူတွေက ချမ်းသာချင်လို့စား တာ၊ သူ့ထက်ကြီးတဲ့သူတွေကျတော့ ပိုချမ်းသာ ချင်လို့ စားတာ။ ဒါပဲ။ ဒီသဘောပဲ။

(Weekly Eleven News ၁၈-၁၁-၂၀၁၃ မှ ထုတ်နုတ်သည်)

"တရားလွှတ်တော် ရှေ့နေကြီး ပြောသကဲ့သို့ အရေးယူမှု ဘယ်နှမှု ကြားဖူးလို့လဲ ဆိုသည့်အတိုင်း ပြည်သူ ထဲက ပြည်သူတစ်ဦး အနေနှင့်လည်း မကြားဖူးပါ"

သို့ဖြစ်၍ နဂိုကတည်းက ပြည်သူများကြားတွင် ယုံကြည်မှုမဏ္ဍိုင် ချည့်နဲ့ယိုင်လဲ နေသည့်ကြားထဲ ပိုပြီး ယုတ်လျော့ အားနည်းသွားအောင် ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ပေ။

ယုံကြည်မှု ကင်းမဲ့သော လောကသား ဘ၀မှ ပြည်သူအများစု ရုန်းထွက်လွတ်မြောက် လိုလှပါသည်။

နိုင်ငံတစ်နိုင်ငံ၏ အတိုင်းအတာ အနေဖြင့် မဆိုထားနှင့်။ စင်ကာပူနိုင်ငံရှိ တည်ထောင်နှစ်ရှည် ကြာလှပြီဖြစ်သော နာမည်ကြီး ရွှေဆိုင်တစ်ဆိုင်၏ ဆောင်ပုဒ်ကိုသာ ကြည့်ပါ။

"ဘ၀မှာ ယုံကြည်မှုထက် အဖိုးထိုက်တန်သော အရာသည် မရှိ"

"Nothing is more precious in life than TRUST"

(ဆောင်းပါးရှင် - တက္ကသိုလ် မိုးဝါ) 
From...Myanmar Forward