Friday, November 22, 2013

ရေချိုးနည်း



-ရေချိုးတဲ့ အခါ ခြေထောက်ကို အရင် ရေလောင်းပါ။
-တစ်ဖြေးဖြေး ဒူး၊ ပေါင်၊ ခါး လောင်းပြီးမှ တစ်ကိုယ်လုံး ရေချိုးပါ၊...
-ရေ အဆင့်ဆင့်လောင်းနေတုံး ပါးစပ် ထဲမှာ ရေငုံ ထားတာက ကိုယ်ခန္ဒာကို ရေလောင်းလို့ ထွက်လာတဲ့  အပူခိုးတွေ မျက်စိကို မရောက်အောင် အကာကွယ် ပြုတာပါ၊
 

-ခန္ဒာကိုယ် ကို အဆင့်ဆင့် ရေလောင်းနေတုံး ချမ်းစိမ့်စိမ့် ဖြစ်လာရင်ရေမချိုးပါနဲ့။
-ရေချိုးရင် ဖျားတာက အပူရှိလို့ အပူငုတ် အပူရှပ် ချင်တာပါ။
-အပူထဲမှ လာပြီး ချက်ချင်း ရေမချိုးပါနဲ့။
-ထမင်းစားပြီး ရေမချိုးသင့်ပါ။
-ရေမချိုးခင် ရေဝအောင် သောက်ပါ။
-ရေချိုးပြီးရင်ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။”




ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ
------------------------------------
ဆီးချိုရောဂါ ရှိနေသူ တစ်ယောက်ဟာ နာရီဝက်ကြာ ရေချိုးတာ သွေးထဲက သကြားဓါတ် ၁၃% လျှော့နည်း တယ်။


 ရေနွေး ၃၂-၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီး အဆိပ်အတောက်တွေ ထွက် ကုန်မယ်။ ကြွက်သားနာတာ သက်သာမယ်၊ အူတွေ ပိုအလုပ်လုပ်နိုင်တယ်။



 ရေချိုးတာကို ၁ဝ-၂ဝ မိနစ်သာကြာပါစေ။ ရေအေး ၁၂-၁၈ ဒီဂရီကိုချိုးရင် စိတ်ဖိအားကျစေမယ်။ သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓါတ် တက်စေမယ်။ 

အင်ပြင် ထတာမျိုးကို Sodium bicarbonate (ဆော်ဒါ) ပါ တဲ့ ရေ ချိုးရင် သက်သာတယ် ။ ပိုးတစ်ချို့ ကိုလဲ သေစေမယ်။ ရေနွေးနဲ့ချိုးတာဟာ တုပ်ကွေး၊ အအေးမိတာ သက်သာစေမယ်။

နှင်းခူနာ သက်သာစေမယ်။ ရေအေးထဲမှာ ခြေထောက်ကို စိမ်ပေးရင် ကောင်းကောင်း အိပ်ပျော်စေတယ်။

ကဲ .... အားလုံးပဲ ကျန်းမာ အသက်ရှည်ကြပါစေ ...




New England Journal of Medicine
ကျန်းမာရေးအတွက် သိသင့်သည်များစုစည်းထားမှု

Zuri's Beauty Hub


From...Facebook


No comments:

Post a Comment