Wednesday, November 20, 2013

ခွေးသစ္စာ



အသားမှာ အဆိပ်ပါတယ် ဆိုတာကို ခွေးကလေးအနံ့ခံ သိလိုက်တယ်။
လူတွေကို အဆိပ် မိထားတဲ့ခွေးသား မစားဖို့ ခွေးကလေး ကဟောင်ပြီး တားတယ်။...

ဒါကို လူတွေက သဘောမပေါက်ခဲ့ဘူး.. ခွေးကလေးလည်း အသား စားချင်တယ် ထင်ပြီး အသား ပစ်ကျွေးလိုက်တယ်။
 
ခွေးကလေးက မစားဘဲ ဟောင်ပဲ ဟောင်နေခဲ့တယ်.. ဟောင်သံထဲမှာ ဆွဲဆွဲငင်ငင် ငိုသံတွေ ရောစွက်နေ တယ်။

နောက်ဆုံး လူတွေ အသားစားခါနီးမှာ ခွေးကလေးဟာ မျက်ရည်ကျပြီး ဝမ်းနည်းသံနဲ့ တစ်ချက် အူလိုက်တယ်။ ပြီးတော့ သူ့ကို ချကျွေးတဲ့အသားကို စားပြလိုက်တယ်။ နေရာမှာတင် အဆိပ်သင့်ပြီး သေရှာတယ်။

ဒီအကြောင်းကို သူဌေး တစ်ဦးက ကြားတော့ ခွေးကလေးကို အရမ်း ကရုဏာသက်မိတယ်။




ခွေးကလေးကို သေချာမြေမြုပ် သင်္ဂြုံလ်ပြီး ရုပ်ထုလုပ် အထိမ်းအမှတ်ပြုခဲ့တယ်။

ခွေးကလေးကို သဂြိုလ်တဲ့နေ့မှာ မိုးတွေ ရွာနေခဲ့တာတောင် လူပေါင်း တစ်ရာကျော် လိုက်ပါပို့ဆောင်ခဲ့ တယ်။ သူကယ်လိုက်တဲ့ လူပေါင်းက အယောက် ၃ဝ ပါတဲ့....




နိုင်းနိုင်းစနေ

Myawady News ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
{ဗဟုသုတ ဟင်းပေါင်းအိုးကြီး}
From...Facebook

No comments:

Post a Comment