Friday, November 22, 2013

နူးညံ့သော နလုံးသားပိုင်ရှင် (သို့) ကမ္ဘာကျော် ဦးသန့်



 နိုင်ငံတိုင်းရဲ့သမိုင်းမှာတော့အထင်ကရလူတွေ၊ ကျော်ကြားသူတွေရှိစမြဲပါပဲ။ တောင်သာသား လေး တို့နိုင်ငံ မှာလည်း များစွာရှိခဲ့ဖူးပါတယ်။ သူတို့တွေထဲကမှ ၁၉၆၁ ခုနှစ် ပတ်ဝန်းကျင်က ကုလသမ္မဂ္ဂ အတွင်းရေး မူးချုပ်ဖြစ် ခဲ့ဖူးတဲ့ ဦးသန့် အကြောင်းလေးကိုပဲ တတ်စွမ်းသရွေ့ပြောပြ ချင်ပါတယ် ။ 

 မြန်မာ နိုင်ငံရဲ့သမိုင်းမှာကော ကမ္ဘာ့ရဲ့သမိုင်းမှာပါ ထွန်းပြောင်ခဲ့သူတစ်ယောက်ပါ။ သူဟာ ၁၉၀၉ခုနှစ် ဇန်န၀ါရီ(၂၂)ရက် နေ့မှာ မြန်မာနိုင်ငံရဲ့ မြို့ငယ်လေးတစ်ခုဖြစ်တဲ့ ပန်းတနော်မြို့လေးမှာ မွေးဖွားခဲ့သူပါ။ သူဟာ ကလေးဘ၀ကတည်းက ကလေးအချင်းချင်းက ပင်လေးစားအတုယူ စံထားရတဲ့ ကလေးငယ် တစ်ဦးဖြစ်တယ် ဆိုတာကိုတော့ သူရဲ့သမိုင်းတွေက သက်သေပြနေမှာပါ။ ဦးသန့်မှာ ညီအကို(၄)ယောက် ရှိပြီးတော့ ဦးသန့်အသယ်ငယ်ငယ်ရွယ်ရွယ် အချိန်မှာ သူရဲ့မိသားစုက မပူမပင် မကြောင်းမကြနေနိုင်တဲ့ မိသားစုလေးပါ။ 


 အသက်(၅)နှစ်ပြည့်တဲ့အချိန်မှာတော့ ဦးသန့်ရဲ့မိဘတွေကစာသင်ကျောင်းမှာ ပညာသင်ကြား စေပါတယ်။ သူဟာ မိဘတွေသာမက ဆရာ/ဆရာမတွေကပါ ချစ်ခင်မြတ်နိုးသလို စာကြိုးစားတဲ့ လူမွန်လူချွှန်လေး ဖြစ် ခဲ့တာပါ။ ၁၉၂၀ခုနှစ်မှာတော့ ၀ိုင်အမ်ဘီအေ ကျောင်းကို ပြောင်းလဲတတ်ရောက် ခဲ့ပြီးတော့ အင်္ဂလိပ်ဘာသာ စကားကို စတင်ဆည်းပူးသင်ယူခဲ့တာပါ။ သူ့ရဲအဖေကတော့ ဒီလိုလေး တွေးခဲ့တာပါ။”လူတွေအားလုံးဟာ အင်္ဂလိပ်ဘာသာစကားကိုသာ သိမယ်ဆိုရင် ကမ္ဘာ့ပတ်လို့ရတယ် လို့” သူ့သားတွေကို တဖွဖွ ပြောပြာနေခဲ့ တာပါ။ 

ဦးသန့်ဟာ ကလေးဘ၀ကတည်းက စာဖတ်ခြင်းတွေ ပန်ချီဆွဲ ခြင်းတွေကို ၀ါသနာထုံခဲ့သူပါ။ သူအသက် (၁၂)နှစ်အရွယ်မှာတော့ ရှိတ်စပီယားရဲ့အင်္ဂလိပ်စာအုပ်တွေကို ကောင်းကောင်းမွန်မွန် ဖတ်တတ်နေပါပြီ။ အသက်(၁၄)နှစ်အရွယ် ကိုယ်ရင်ငယ်ဘ၀လေးပိုင်ဆိုင်ခွင့်ရခဲ့သော် လည်း အဲ့ဒီပွဲပြီးတဲ့နောက်မှာတော့ သူရဲ့အခိုင်အမာဆုံးတံတိုင်းကြီးတစ်ခု ပြိုကွဲခဲ့တာပေါ့။ အဲ့ဒါကတော့ သူရဲ့ ဖခင်တစ်ယောက် သူချစ်တဲ့ မိသားစုတွေကို နုတ်ဆက်သွားကြပြီလေ။ 

၁၉၂၆ခုနှစ်မှာတော့ အထက်တန်းပြီးဆုံးသွားတဲ့အတွက် ရန်ကုန်တက္ကသိုလ်ကြီးကို စတင်တတ် ရောက်ခဲ့ပါ တယ်။ သူကိုယ်တိုင်ခံယူထားတာကတော့ တက္ကသိုလ်ကျောင်းသားဘ၀ဖြစ်ဖို့ဆိုတာ မလွယ်ကူ ဘူး။ ဒါပေမယ့် ဖြစ်လာရင်လည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတစ်ခုကို ရောက်တာပါပဲတဲ့။ 

ဦးသန့် တက္က သိုလ် ဒုတိယနှစ်မှာ အကွပ် မရှိတဲ့တောင်း ပရမ်းပတာ ဆိုသလို ဖခင် မရှိတဲ့ မိသားစုအခြေအနေက သိပ် မကောင်း တော့ပါဘူး။ အဲ့ဒါကြောင့် ကျောင်းဆက်မတတ်တော့ဘဲ မွေးရပ်ဇာတိမြို့လေးမှာပဲ ကျောင်းဆ ရာလုပ်ရင်း မိခင်ကြီးကို ကူညီခဲ့တာပါ။ 

အဲ့ဒီအချိန်မှာ သူရဲ့အသက်ဟာ (၂၂)နှစ်တင်းတင်းပြည့်နေပါပြီ။ အသက်(၂၆)နှစ် မှာတော့ အိမ်ထောင်ပြုခဲ့ ပါတယ်။ အဲ့အချိန်မှာတော့ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေ မြန်ဆန်လို့နေပါတော့တယ်။ တက္ကသိုလ် မှာ ခင်ခဲ့တဲ့ ဦးနုဟာ နိုင်ငံတော်ရဲ့ပထမဆုံး သမ္မတ အဖြစ်တာဝန်ထမ်းဆောင်နေချိန်လည်းဖြစ်ပါတယ်။ 

ဦးနုဟာ ကျောင်းနေဖက် သူငယ်ချင်းရဲ့ ရိုးသားမှု၊ ကြိုးစားမှုတွေကြောင့် သူရဲ့ကိုယ်ရေး အရာရှိအဖြစ် တာဝန် ထမ်း ဆောင်စေခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးနုသွားတဲ့ နိုင်ငံတော်တော်များများ ကိုလည်း သွားရောက်ဖူးတဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ 




၁၉၅၇ခုနှစ်မှာတော့ ကမ္ဘာ့ကုလသမ္မဂတွင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းသံတမန်အဖြစ် အမှုထမ်း ခွင့်ရ ခဲ့ပါတယ်။ အဲ့ဒီလိုတာဝန်ထမ်းဆောင်တဲ့အချိန်မှာလည်း ရိုးသားမှု၊ ကြိုးစားမှု၊ ဂျက်ကျကျပြောဆိုနိုင်မှု၊ စသည်ဂုဏ်သတင်းတွေကြောင့်လည်း နာမည်ကြီးလှပါတယ်။ တိုင်တိုင်ဆိုင်ဆိုင်ပါပဲ ဒုတိယအဆက် အတွင်း ရေးမှုးချုပ်ချိန်းတဲ့အချိန်မှာပဲ ဦးသန့်ဟာ မြန်မာစံတော်ချိန်မနက်(၄)နာရီ နိုဝင်ဘာလ၊ ၁၉၆၁ခုနှစ်မှာတော့ မြန်မာ့သားဇာနည်တစ်ယောက် ကမ္ဘာကြီးရဲ့ခေါင်းဆောင်တစ်ဦးဖြစ်လို့နေပါပြီ။ 

သူ့ရဲ့အုတ်ဂူကိုတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်လို့လူသိများတဲ့ မြို့တော်ရန်ကုန်မှာ တည်ဆောက် ထားပါတယ်။ 

U Thant AKA Sithu U Thant Born: 22-Jan-1909 Birthplace: Pantanaw, Burma Died: 25-Nov-1974 Location of death: New York City Cause of death: Cancer - unspecified Remains: Buried, Rangoon University, Rangoon, Burma Gender: Male Religion: Buddhist Race or Ethnicity: Asian Sexual orientation: Straight Occupation: Diplomat Nationality: Burma Executive summary: UN Secretary General, 1961-71 Father: U Po Hnit (d.) Wife: Daw Thein Tin High School: National High School, Pantanaw, Burma University: University College, Rangon.

By: အတွေးသစ် အမြင်သစ်
From...Facebook

No comments:

Post a Comment