Saturday, November 16, 2013

စိတ် ကို ကျွဲ ထိန်းသလို ထိန်းပါ


                                                                   Online Photos


တစ်ခါတော့ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုသို့ ဆရာတော် တရားဟောကြွလေ၏။>ထိုဒေသတွင် မိုးများသည့် အတွက် တောင်ယာသမား အများစုသည် နွား အစား ကျွဲများဖြင့်သာ ထွန်ယက်စိုက်ပျိုးကြရလေ၏။ 

ကျွဲများသည် သန်မာ ထွားကျိုင်းပြီး  ချို ကြီးများကားနေ၏။ ဆရာတော် သည် ကျွဲကြီးများ ကို မြင်သောအခါ ထိုဒေသ မှ ဒ ကာကြီး များကို ယခုကဲ့သို့ မေးကြည့်လေ၏။


“ဒကာကြီး ဒီလောက် သန်မာတဲ့ ကျွဲကြီးတွေက ဒကာကြီးတို့ကို ပြန်ပြီး ရန် မမူကြ ဘူးလား” 

“တစ်ခါ တစ်လေတော့ ရန်မူတယ် ဘုရား၊ တစ်လောက ဟိုဘက် ရွာက တောင်သူတစ်ယောက် ကျွဲ ခတ် လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေတာပါရောလားဘုရား” 

“အိုး...ကြောက်စရာ ကောင်းလိုက်တာ၊ ကျွဲ ထိန်းရတာလည်း တော်တော်အန္တရာယ် များတာပဲ” 

“ဒါက ဖြစ်ခဲပါတယ် ဘုရား၊ သူတို့ ကျွဲထိန်းတဲ့နေရာမှာ ညှာလိုက်လို့ပါ” 

“ဒကာကြီးက ဘယ်လို ထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက်ထားလို့လား”

 “တစ်ချက် မှ ရိုက်နှက်စရာ မလိုဘဲ ထိန်းတဲ့နည်း ရှိတယ်ဘုရား” 

“ဒကာကြီးတို့ နည်းက ဘုန်းကြီးတို့လို မေတ္တာသမား နဲ့ ကိုက်တာပေါ့၊ ဘယ်လို ထိန်းတာလဲ”

“အလုပ် နဲ့ ထိန်းတာပါ ဘုရား၊ လယ်ချိန် လယ်ထွန်တယ်၊ ယာချိန်ယာထွန်တယ်၊ လယ်တွေ၊ ယာတွေ မရှိရင် ရေခပ် ခိုင်းတယ်။ ရေစည်ကို လှည်းပေါ်တင် ပြီးး မြစ်ရေကို သယ်တယ်။ ရေသယ်စရာ မရှိရင် ထင်းလိုက်တယ်ဘုရား " ... 

“အဲဒီလို မနားတမ်း ခိုင်းနေမယ် ဆိုရင် ဒီကျွဲ ဟာ ပင်ပန်းပြီး ညောင်းနေတဲ့ အတွက် နားရ တဲ့ အချိန်လေး မှာ ငြိမ်နေတာပေါ့ ဘုရား။ ဒေါသဖြစ်ချိန်ကို မပေး တော့ဘူးဘုရား” 




“အို...ဒကာကြီးတို့ပြောတဲ့ ကျွဲ ထိန်းနည်းက ဘုန်းကြီး အတွက်တော့ တရား တစ်ပုဒ် ပါပဲ၊ ကျွဲကြီး ကို စိတ်နေရာမှာ ထားပြီး စိတ် ကို အလွတ်မထားဘူး အမြဲ ခိုင်းနေမယ် ဆိုရင် လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေ မ၀င်နိုင်ဘူးပေါ့။

ဒါကြောင့် ကိုယ်တော်တို့ တစ်တွေလည်း စိတ်ကို အအား မပေးနဲ့၊ စိတ် ဆိုတာ မ ကောင်းတဲ့ ဘက်မှာ ပျော်တာ အားနေရင် စာဖတ်၊ စာရေး၊ တရားနာ၊ တရား ဟော အဲဒီလို မနားတမ်း လုပ်ကြပါ လို့ တိုက်တွန်းပါ တယ်”

ညီမေတ္တာ (မေတ္တာရှင် သံခဲနှင့် ပန်းပဲဆရာများ မှ)

Buddhavasa Tiloka

From...Facebook

No comments:

Post a Comment