Friday, November 29, 2013

အနန္တရ ပစ္စယော သမနန္တရ ပစ္စယော မှ Guglielmo Marconi ရှာဖွေတွေ့ ရှိခဲ သော ယနေ့ IT ခေတ်



ကျနော်တို့ ရဲ့ မြတ်စွာဘုရား ဟာ ပဌာန်း တရားတော်ကို ဟိုး လွန်ခဲ့သော နှစ်ပေါင်း ၂၅၆၀ လောက်ကဟောကြား ခဲ့ရာမှာ အနန္တရ ပစ္စယော နှင့် သမနန္တရ ပစ္စယော ကိုထည့်သွင်း ဟောကြားထားပါတယ် ။

အနန္တရပစ္စယော ကို အခြားမဲ့ တစ်ဆက်တည်း အကြား မရှိဖြစ်၍ ကျေးဇူးပြုတတ်သော တရား 

ရှေးဆရာကြီးများ ကတော့  စကြာဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း (ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက် တည်းဖြစ်ခြင်း၊နောက်နောက် စိတ် အစဉ်တွေ ဆက်တိုက်ဖြစ်ရန် အတွက် ရှေ့ရှေ့စိတ် အစဉ်တွေ ပျက် ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရ ပစ္စည်းတရား ကိုဟောတော်မူသည် လို့ ဆိုထားပါတယ် ။ 



 သမနန္တရပစ္စယော ကို ကောင်းစွာ(အခြားမဲ့) တစ်ဆက်တည်း အကြားမရှိ အတားအဆီး မရှိ ၍ ကျေးဇူးပြု တတ်သောတရား။ 

ရှေးဆရာကြီးများကတော့  စကြာဝတေးမင်း တောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တဆက်တည်းအကြား မရှိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်း သည်ဟု ဝန်ခံခြင်း၊မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကိုဟောတော်မူသည် လို့ ဆိုထားပါတယ်။ 

ကျနော်ဒီနေရာမှာ ပြောပြချင်တာက အခြားမဲ့ မရှိ တစ်ဆက်တည်း အကြားမရှိဖြစ်လေ့ ရှိပုံ နဲ့ ကောင်းစွာ အခြား မဲ့ မရှိ တစ်ဆက်တည်း အကြားမရှိ ဆိုတဲ့ ဟောဒီ စင်္ကြဝဠာ ကြီး ကနေ စင်္ကြာဝဠာ ကုဋ္ဋေ တစ်သိန်း မကသော စင်္ကြာဝဠာ အားလုံးဟာ အကြားအလပ်မရှိတာ ကိုရော စိတ် စေတသိက် ရုပ် တို့ ကြားမှာပါ အကြား အလပ် မရှိတာကို ဘုရား ရှင်က နှစ်ပေါင်း ၂၅၆၀ ကျော်လောက်က ဟောပြသွားခဲ့ပြီးပါပြီ ။

 ဒီလို အကြား မရှိတာ Guglielmo Marconi ကတော့ မသိပါဘူး ။ သိစရာ ဥာဏ်လည်း မမှီနိုင်ပါ ဘူး ။ ဒါပေ မဲ့ လေ ထဲမှာ လှိုင်းတွေ အကြားအလပ် မရှိ ဆက်စပ်နေတာလောက်ကို မြင်နိုင်တော့ Guglielmo Marconi ဟာ ရေဒီယိုလှိုင်း ကို အသုံးပြုတဲ့ ဆက်သွယ်ရေး စက်တွေကို ၁၈၉၆ နောက်ပိုင်းမှာ စတင် တည်ထွင် အသုံးပြု လာပါတယ် ။ ၁၉၀၉ နိုဗလ် ဆုတွေ ရခဲ့ပြီး ၁၉၂၀ နှစ်ဦးပိုင်းလောက်မျာ ရေဒီယို ကနေ အသံလွှင့် တာကိုစတင် တည်ထွင် ခဲ့ပါတယ်၊ 

Guglielmo Marconi ရဲ့ ပုံကို လည်း ရှာဖွေဖေါ်ပြပေးလိုက်ပါတယ် ။ Guglielmo Marconi သာလူဖြစ် မလာခဲ့ရင် ယနေ့ IT ခေတ် ဆိုတာ ရှိချင်ရင် ရှိမယ် မသေချာဘူး။ ကျနော်ပြောချင်တာ က ကျနော်တို့ ရဲ့ မြတ်စွာဘုရား ရှင်ဟာ ဘယ်သူ့ဆီကမှ အခြေခံ နည်းတွေ ကို မယူဘဲနဲ့ ကိုယ်တော်တိုင် ကျင့်ကြံပြီး ဘုရားဖြစ်ကို ရခဲ့တာပါ။ 

ယနေ့တော်ကြပါတယ် ဆိုတဲ့ ကွန်ပျူတာ ပညာရှင်တွေဟာ Guglielmo Marconi တို့လို ပုဂ္ဂိုလ်မျိုး တွေဆီမှ အဆင့်ဆင့် နည်းပညာ လက်ဆင့် ကမ်းခဲ့ ကြလို့ ဒီနေ့ IT ခေတ်ဖြစ်လာတာပါ ။ အလားတူပါဘဲ James Watt သာ လူဖြစ်မလာခဲ့ ရင် ယနေ့ Hybrid Synergy System လို့ခေါ်တဲ့ ဓါတ်ဆီ နဲ့ ဘက်ထရီ နှစ်မျိုးပေါင်းသုံး ပြီးမောင်နိုင်တဲ့ ကားတွေ ပေါ်လာစရာမရှိပါဘူး။ 

 အောက်ပါ post ကတော့  မြန်မာ IT လူငယ်များ မှ ကူးယူခဲ့ပါတယ် ။
 

























လွန်ခဲ့တဲ့ နှစ် တစ်ရာကျော်လောက်က အီတလီ လူမျိုး ရူပဗေဒ ပညာရှင် မာကိုနီ (Guglielmo Marconi) ဟာ ရေဒီယို လှိုင်းတွေကို အသုံးပြုပြီး သတင်းအချက် အလက်တွေကို ပထမဆုံး အောင်မြင်စွာ ထုတ်လွှင့်နိုင် ခဲ့တဲ့ ပညာရှင်ဖြစ်ပါတယ်။ 

 အဲ့ဒီအချိန်က စလို့ ကမ္ဘာကြီး ဟာလည်း အရင်ကနဲ့ မတူ အပြောင်းလဲကြီး ပြောင်း လဲခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ မှာ ကွန်ပြူတာနဲ့ အင်တာနက်တော်လှန်ရေး ကြီး အကြောင်း အာပေါင် အာရင်း သန်သန် နဲ့ လူအများ ပြော ဆိုနေနိုင်တာဟာ လူနေမှု ဘ၀တွေ၊ နေ့စဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို လွန်ခဲ့တဲ့နှစ် (၁၀၀) ကျော်လောက် ကတည်းက စတင်ပြောင်းလဲမှုတွေရဲ့ ရလဒ်ဖြစ်ပါတယ်။
 
သတင်း အချက်အလက်တွေကို မမြင်တွေ့နိုင်တဲ့ မိုင်ထောင်ပေါင်း များစွာဝေးကွာတဲ့ ဒေသတစ်ခု ကနေ တစ် ခုကို လေထု ကိုဖြတ်သန်း ပို့ဆောင် ပေးနိုင်ခဲ့တာဟာ အဲ့ဒီအချိန်က အလွန် အံ့သြစရာကောင်း တဲ့ တီထွင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

 ကြိုးမဲ့ ဆက်သွယ်မှု သာ မရှိခဲ့ဘူး ဆိုရင် ရေဒီယို၊ တီဗွီ၊ ဆက်တယ်လိုက် ဆက်သွယ်မှုတွေ ဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ အကြားအလပ် မရှိ ဆက်သွယ်စေနိုင်ပြီး ကမ္ဘာ့ရွာ (Global Village) အ ဆင့်ရောက်လာတာဟာ ကြိုးမဲ့ ဆက်သွယ် ရေးနည်းပညာတွေရဲ့ စွမ်းဆောင်ပေးနိုင်မှုကြောင့်ပဲဖြစ်ပါတယ်။ 

မာကိုနီကနေ စတင်ခဲ့တဲ့ ကြိုးမဲ့ ဆက်သွယ်မှုနည်းပညာဟာ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာပြီး ဆဲလ် ဖုန်း (cell phone)၊ ပေဂျာ (pager)၊ ဆက်တယ်လိုက် (satellite) ဆက်သွယ်မှု၊ ဒစ်ဂျစ်တယ် အချက်အလက် (digital data) တွေ ဆက်သွယ်မှုတွေအထိ ပြောင်းလဲလာတာ ဖြစ်ပါတယ်။ 

 ကြိုးမဲ့ ဆက်သွယ်မှု နည်းပညာဟာ မာကိုနီခေတ် က morse code အသုံးပြုပြီး ကြိုးမဲ့ သံကြိုးရိုက်တာက စလို့၊ အခု လက်ရှိသုံးစွဲနေတဲ့ ဒစ်ဂျစ်တယ် အချက်အလက် (digital data) တွေ ပို့ဆောင်တဲ့ နည်းပညာ အဆုံး၊ မမြင်နိုင် တဲ့ လှိုင်းတွေကနေ လက်ဆင့်ကမ်း သယ်ပို့ပေးတဲ့ အချက်ကတော့ အတူတူပါဘဲ။ အဲ့ဒီ လှိုင်းတွေ ဟာ လျှပ်စစ် သံလိုက်ရောင်စဉ်ရဲ့ အစိတ် အပိုင်းတွေဖြစ်ပြီး စွမ်းအင်လှိုင်း (Energy wave)   တွေဖြစ် တဲ့ မြင်နိုင်တဲ့အလင်း၊ အိတ်စရေးတွေပါဝင်နေပါတယ်။ 

အဲ့ဒီထဲက အစိတ်အပိုင်း တစ်ခုဖြစ် တဲ့ ရေဒီယို ဖရီကွင်စီဖြစ်တဲ့ Radio Frequency (RF) တွေ ကတော့ သတင်း အချက်အလက်တွေ သယ်ဆောင်ဖို့အတွက် အသုံးဝင်စေပါတယ်။ ဘယ်လိုဒေတာ အမျိုးအစားတွေ ကို ထုတ်လွှင့်တာဖြစ်စေ၊ RF တွေကို အသုံးပြုရတာဖြစ်ပြီး ရေဒီယိုထုတ်လွှင့်ရုံသက်သက် မဟုတ်ပါဘူး။ 


သတင်း အချက်အလက်တွေကို ရေဒီယိုကနေ လက်ဆင့်ကမ်း သယ်ဆောင်ပေးတာခြစ်ပြီး အသံတွေ၊ စကားပြောဆိုမှုတွေ၊ တီဗွီလှိုင်းတွေ၊ ကွန်ပြူတာအချက်အလက်တွေ (computer data) တွေ အားလုံးပါ ၀င်ပါတယ်။သတင်းအချက်အလက်တွေကို လှိုင်းတွေကနေတစ်ဆင့် ပို့ဆောင်ဆက်သွယ်ဖို့အတွက် Modulator လို့ခေါ်တဲ့ပစည်းကို သုံးရပါတယ်။ အဲ့ဒီပစ္စည်းကနေ လေထဲကို ထုတ်လွှင့်ပေးပါတယ်။ လွယ်လွယ်ပြော ရင်တော့ အသံလွှင့်စက်ပါ။ 
 
တစ်ခါတစ်လေမှာ ဆဲလ်ဖုန်း ရဲ့တာဝါတိုင် နဲ့ သိပ်မဝေးတဲ့နေရာက ဆက်သွယ်တာ၊ ဒါမှမဟုတ် ကမ္ဘာ့ ဘယ်လောက်ပဲဝေးဝေး ကိုယ်ရည်ရွယ် ပို့ဆောင်တဲ့ခရီး လမ်းဆုံးကိုရောက်ရင် demodulation လို့ခေါ် တဲ့ လုပ် ငန်းစဉ်ကို လုပ်ဆောင်ရပါတယ်။ ကြိုးမဲ့ ဆက်သွယ်မှုနည်းပညာမှာ အသံတွေ ထုတ်လွင့်တဲ့ modulation နဲ့ အသံဖမ်းယူဖို့ ပြန်ပြောင်းလဲတဲ့ demodulation ကတော့ မရှိမဖြစ် လုပ်ငန်း စဉ်နှစ်ရပ်ဖြစ် ပါတယ်။
   
တီဗွီ ခလုတ်ကနေ လိုင်းပြောင်းလိုက်တာပဲဖြစ်ဖြစ်၊ သူ့ထက်ပိုပြီးရှုပ်ထွေးတဲ့ ဆဲလ်ဖုန်းကနေ အီးမေးလ်တွေ ပို့ တာ၊ လက်ခံတာပဲဖြစ်ဖြစ် တစ်နေ့ပြီးတစ်နေ့ ပြောင်းလဲနေတဲ့ နည်းပညာသစ်တွေထဲ ၀င်ရောက်လုပ်ကိုင် တိုးဝင် ဆောင်ရွက်နေရတယ် ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။ 

MODULATION
RF  လှိုင်း တွေကို အသုံးပြုပြီး သတင်း အချက်အလက်တွေ ပို့ဆောင်တဲ့ လုပ်ငန်းကို Modulation လို့ခေါ်ပါတယ်။ လှိုင်းတွေကို လက်ခံရတဲ့ အချိန်မှာ အဲ့ဒီ လှိုင်းတွေကို Demodulation ကလုပ်ပြီး သတင်းအချက် အလက် (information) တွေအဖြစ် ပြောင်းပေးရပါမယ်။
 





DATA
ကြိုးမဲ့ ဆက်သွယ်နိုင်တဲ့ ဒေတာ (DATA) ဆိုတာ သတင်း အချက်အလက်တွေဖြစ်တဲ့ ရေဒီယိုနဲ့ တီဗွီ signal တွေ၊ လူအသံတွေ၊ ကွန်ပြူတာဒေတာတွေ အားလုံး အကျုံးဝင်ပါတယ်။ အဲ့ဒီ ဒေတာတွေကို လျှပ်စစ် သံလိုက်စက်ကွင်း (Electromagnetic spectrum) ထဲက လျှပ်စစ်သံလိုက် (Electromagnetic) ရဲ့ ရေဒီယိုလှိုင်း (radio wave) တွေကနေ လက်ဆင့်ကမ်း သယ်ဆောင်ပေးပါတယ်။ ဘယ်ဒေတာ အမျိုးအစားကိုမဆို RF တွေ ကနေ လက်ဆင့်ကမ်း သယ်ဆောင်ပေးနိုင်ပြီး AM ၊ FM စတဲ့ ရေဒီယို လှိုင်းတွေ သက်သက်ပဲ သယ်ဆောင်ပေးနိုင်တာ မဟုတ်ပါဘူး။
 

CELLS
ဆယ်လူလာ တယ်လီဖုန်း ဆိုတာ ဆဲလ်တွေကို အသုံးပြု ဆက်သွယ်တဲ့ ဖုန်းမို့လို့ ဆဲလ်ဖုန်း လို့ခေါ်တာပါ။ ဆဲလ် ဆိုတာ ဧရိယာ တစ်ခုကို ဆဲလ်လေးတွေ အဖြစ် ခွဲစိတ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဆဲလ်ဖုန်း ကနေ စကားပြောဆိုမှုကို လက်ခံတာဖြစ်ဖြစ် ပို့တာဖြစ်ဖြစ် ဆဲလ်တွေ အတွင်းမှာပဲ ဆက်သွယ်နိုင်တာ မျိုးမဟုတ် ဘဲ နေရာဒေသ အမျိုးမျိုးမှာ ဆက်သွယ်ဖို့ လုပ်ဆောင်နိုင်စေပါတယ်။ သတင်း အချက်အလက်တွေဟာ ဆဲလ်တစ်ခုကနေ တစ်ခု အဆင့်ဆင့် ဆက်သွယ်ပြီး ကိုယ်ဆက်သွယ်လိုတဲ့ နေရာကို ရောက်ရှိစေပါတယ်။
 

TRANSISMITTERS & RECEIVER
သတင်း အချက်အလက်တွေကို သယ်ပိုး ထားတဲ့ ရေဒီယို ဖရီကွင်စီလှိုင်း (RF wave) တွေကို လွှင့်စက် ကနေ ပို့လွှတ်ပါတယ်။ အဲ့ဒီလှိုင်းတွေကို ဖမ်းစက် ကနေ လက်ခံရယူပါတယ်။
 

BASE STATION
ဆဲလ်တွေ အသီးသီးရဲ့အတွင်းမှာ Base Station ရှိနေပြီး ဆဲလ်တွေရဲ့ အတွင်းမှာရှိတဲ့ ဖုန်းတွေဆက်သွယ်ဖို့နဲ့ တခြားဒေသဆီကိုပို့မယ့် ဆဲလ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို လက်ဆင့်ကမ်းဆောင်ရွက်ဖို့ base station ကနေ လုပ်ဆောင်ပေးပါတယ်။

 HANDOFF
ဆဲလ်ဖုန်း ကနေ စကားပြောနေရင်း တစ်နေရာကနေ တစ်နေရာကို သွားလိုက်ရင် ဆဲလ်တစ်ခု ကနေ တစ်ခုရွှေ့ပြောင်းနေတဲ့ သဘောဖြစ်ပါတယ်။ Handoff တွေဟာ base station တစ်ခုကနေ တစ်ခု ဆက်လက် လက်ဆင့်ကမ်း ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အဲ့ဒီ အတွက် သင်စကားပြောဆို ဆက်သွယ်တဲ့နေရာမှာ ပြတ်တောက်သွားတာမျိုး မဖြစ်ပါဘူး။




မြန်မာ IT လူငယ်များ မှာ သွားရောက် ဆက်လက်ဖတ်ရှုကြပါ။ 

From...မြန်မာတို့အတွက်.ဗဟုသုတ 

No comments:

Post a Comment