Saturday, December 28, 2013

ဂျပန်ဆေးရုံမှ လူနာတစ်ဦး ဓာတ်လှေကားညပ်၍ သေဆုံး

ဂျပန်ဆေးရုံမှ လူနာတစ်ဦး ဓာတ်လှေကားညပ်၍ သေဆုံး ----------- ရန်ကုန်- မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာလုပ်သား လူနာတစ်ဦး ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ)တွင် ဆေးတက်ရောက်ကုသမှုခံယူနေစဉ် ဆေးရုံဓာတ်လှေကားညပ်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။  မလေးရှားမှ ပြန်လာပြီး ဆေးရုံတက်နေသော ဖျာပုံမြို့နေ ကိုအောင်ဇော်မျိုးမှာ ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခွဲခန့်က ဓာတ်လှေကားညပ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မလေးရှားနိုင်ငံတွင် မလေးနိုင်ငံသားများနှင့် မြန်မာအလုပ်သမားများ ပဋိပက္ခ ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက သီတဂူဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။  ၎င်းသည် မလေးရှားမှ ပြန်လာစဉ်ကပင် နှလုံးရောဂါခံစားနေရသူဖြစ်ကြောင်း သတင်းရရှိသည်။ နှလုံးရောဂါဖြင့် ရန်ကုန် အထွေထွေရောဂါကုဆေးရုံကြီး၌ နိုဝင်ဘာ ၅ ရက်မှ စတင် တက်ရောက်နေခြင်းဖြစ်ပြီး အဆိုပါ ဆေးရုံကြီး၏ ပထမထပ်တွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၎င်းနေထိုင်ရာ ဒုတိယထပ်သို့ ဓာတ်လှေကားဖြင့် ပို့ဆောင်စဉ် ဓာတ်လှေကားညပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။  “ဓာတ်လှေကားက ဆောက်လုပ်ရေးဌာနက တပ်ဆင်ပေးထားတာပါ။ ဒီဖြစ်စဉ်က သာမန် ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ဖြစ်တောင့်ဖြစ်ခဲ မတော်တဆမှုတစ်ခုပါ”ဟု ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြသောင်းက ပြောသည်။  ဓာတ်လှေကားဖြင့် ဆေးရုံ ပထမထပ်မှ ဒုတိယထပ်သို့ ရောက်ရှိပြီးနောက် လူနာကို အခန်းတွင်းသို့ ပို့ရန် လူနာတင်လှည်းဖြင့် ဆွဲထုတ်စဉ် ဓာတ်လှေကား အပေါက်ဝတစ်ဝက်အရောက်၌ ဓာတ်လှေကား ရုတ်တရက် ထိုးတက်သွားပြီး လူနာမှာ လူနာတင်လှည်းနှင့်အတူ တတိယထပ် တံခါးဘောင်ဖြင့်ညပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဖြစ်စဉ်အား မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။  “ဓာတ်လှေကားတံခါးက လူနာတင်စင်ကို ညပ်ပြီးတော့ အပေါ်ကို ထိုးတက်သွားတာ။ အဲဒီမှာ လူနာက တံခါးအပေါ်ဘောင်နဲ့ လူနာတင်စင်ကြားညပ်ပြီး သေသွားတာပါ။ မြင်ရတာ တော်တော် သွေးပျက်ဖို့ကောင်းပါတယ်”ဟု ဆေးရုံဒုတိယထပ်မှ အဆိုပါဖြစ်စဉ်ကို မြင်တွေ့ လိုက်ရသူတစ်ဦးက ပြောသည်။  အဆိုပါလူနာမှာ နှလုံးရောဂါရှိသည့်အပြင် ဓာတ်လှေကား အပေါ်ဘောင်နှင့် အရှိန်ပြင်းစွာညပ်မိသည့် ဒဏ်ကြောင့် ဓာတ်လှေကားညပ်လျက်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကာ မိနစ်လေးဆယ်ကြာမျှ ညပ်လျက်အနေအထားဖြင့် ရှိနေပြီး တာဝန်ရှိသူများ ရောက်ရှိလာသည့်အချိန်မှသာ သေဆုံးသူကို ဆွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ “ဓာတ်လှေကား ရပ်သွားအောင် မိန်းကို အရင်ပိတ်ပြီးမှ တတိယထပ်ကနေ ဆွဲထုတ်နိုင်တာပါ” ဟု ဆေးရုံဝန်ထမ်းတစ်ဦးက ပြောသည်။   အဆိုပါ ဓာတ်လှေကားမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၁၉၈၄ ခုနှစ်တွင် တာဝန်ယူ တည်ဆောက်တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး သက်တမ်းအားဖြင့် (၂၉)နှစ် ရှိပြီ ဖြစ်သည်။ အဆိုပါ ဓာတ်လှေကားကို လစဉ်ပုံမှန်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေပြီး ယင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို မည်ကဲ့သို့မျှ နားမလည်နိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာတစ်ဦးကဆိုသည်။  “ဘာကြောင့် ဒီဖြစ်စဉ်ဖြစ်ပွားခဲ့ရလဲဆိုတာ ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ သာမန်မတော်တဆမှုတွေနဲ့ မတူဘဲ လုံးဝကွဲပြားပါတယ်။ ဘာက ဘယ်လို ချို့ယွင်းသွားတာလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ ၀န်ကြီးဌာနအနေနဲ့ ဒီဖြစ်စဉ်ကို အမြန်ဆုံး စစ်ဆေးသွားပါမယ်”ဟု အဆိုပါ အင်ဂျင်နီယာက ပြောသည်။  အဆိုပါ မတော်တဆမှုဖြစ်စဉ်တွင် သေဆုံးသွားခဲ့သည့် လူနာရှင်မိသားစုနှင့် တွေ့ဆုံမေးမြန်းခွင့်ကို ဆေးရုံမှ တာဝန်ရှိသူများက ပိတ်ပင်ခဲ့သည်။  “လူနာရှင်တွေနဲ့ မတွေ့တာပဲ ကောင်းပါတယ်။ သေဆုံးသွားခဲ့တဲ့ လူနာအတွက်တော့ ဆေးရုံက တာဝန်ယူပြီး သင်္ဂြုံဟ်ပေးမှာပါ။ ကျန်တာဝန်ယူမှုအပိုင်းကတော့ အသေးစိတ် ပြောလို့ မရသေးဘူး”ဟု ဆေးရုံအုပ်ကြီး ဒေါက်တာမြသောင်းက ပြန်လည် ဖြေကြားခဲ့သည်။   အဆိုပါဖြစ်စဉ်ကို လမ်းမတော်မြို့နယ် မြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးမှုအဖြေ ထွက်ပေါ်မှသာ အဓိကတာဝန်ရှိသူကို အရေးယူသွားမည်ဖြစ်ကြောင်း တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။  ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးအတွင်း ဓာတ်လှေကားအချို့မှာ သက်တမ်းကြာမြင့်နေပြီး ၀ိုင်ယာကြိုးများ ရှော့ခ်ဖြစ်ကာ ယင်းပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါဓာတ်လှေကားများ ပြင်ဆင်ပေးခဲ့ဖူးသည့် ဓာတ်လှေကားဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။   အဆိုပါ ဆေးရုံကြီးရှိ ဓာတ်လှေကားများမှာ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနေရသောကြောင့် အများပြည်သူ အသုံးပြုခွင့် ပိတ်ပင်ထားပြီး လူနာများ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများ၊ ပါမောက္ခ၊ ဌာနမှူးနှင့် ဆရာဝန်ကြီးများသာ အသုံးပြုရန် ဆေးရုံအုပ်ကြီးက ကြေညာချက် ထုတ်ပြန်ထားသည်။  ဓာတ်ပုံ- နစ်ကီ
မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာလုပ်သား လူနာတစ်ဦး ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ)တွင် ဆေးတက်ရောက်ကုသမှုခံယူနေစဉ် ဆေးရုံဓာတ်လှေကားညပ်ကာ သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

မလေးရှားမှ ပြန်လာပြီး ဆေးရုံတက်နေသော ဖျာပုံမြို့နေ ကိုအောင်ဇော်မျိုးမှာ ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခွဲ ခန့်က ဓာတ်လှေကားညပ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မလေးရှားနိုင်ငံတွင် မလေးနိုင်ငံသား များနှင့် မြန်မာအလုပ်သမားများ ပဋိပက္ခ ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက သီတဂူ ဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။


၎င်းသည် မလေးရှားမှ ပြန်လာစဉ်ကပင် နှလုံးရောဂါခံစားနေရသူဖြစ်ကြောင်း သတင်းရရှိသည် ။ နှလုံးရော ဂါဖြင့် ရန်ကုန် အထွေထွေရောဂါကုဆေးရုံကြီး၌ နိုဝင်ဘာ ၅ ရက်မှ စတင် တက်ရောက်နေခြင်းဖြစ်ပြီး အဆို ပါ ဆေးရုံကြီး၏ ပထမထပ်တွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၎င်းနေထိုင်ရာ ဒုတိယထပ်သို့ ဓာတ်လှေကားဖြင့် ပို့ဆောင်စဉ် ဓာတ်လှေကားညပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။


“ဓာတ်လှေကားက ဆောက်လုပ်ရေးဌာနက တပ်ဆင်ပေးထားတာပါ။ ဒီဖြစ်စဉ်က သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ် တဲ့ ဖြစ်တောင့်ဖြစ်ခဲ မတော်တဆမှုတစ်ခုပါ”ဟု ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး မှ ဆေးရုံအုပ်ကြီး ဒေါက်တာမြသောင်းက ပြောသည်။


ဓာတ်လှေကားဖြင့် ဆေးရုံ ပထမထပ်မှ ဒုတိယထပ်သို့ ရောက်ရှိပြီးနောက် လူနာကို အခန်းတွင်းသို့ ပို့ရန် လူနာတင်လှည်းဖြင့် ဆွဲထုတ်စဉ် ဓာတ်လှေကား အပေါက်ဝတစ်ဝက်အရောက်၌ ဓာတ်လှေကား ရုတ်တရက် ထိုးတက်သွားပြီး လူနာမှာ လူနာတင်လှည်းနှင့်အတူ တတိယထပ် တံခါးဘောင်ဖြင့်ညပ် ကာ သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဖြစ်စဉ်အား မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။


“ဓာတ်လှေကားတံခါးက လူနာတင်စင်ကို ညပ်ပြီးတော့ အပေါ်ကို ထိုးတက်သွားတာ။ အဲဒီမှာ လူနာက တံခါးအပေါ်ဘောင်နဲ့ လူနာတင်စင်ကြားညပ်ပြီး သေသွားတာပါ။ မြင်ရ တာ တော်တော် သွေးပျက်ဖို့ကောင်း ပါတယ်”ဟု ဆေးရုံဒုတိယထပ်မှ အဆိုပါဖြစ်စဉ်ကို မြင်တွေ့ လိုက်ရသူတစ်ဦးက ပြောသည်။


အဆိုပါလူနာမှာ နှလုံးရောဂါရှိသည့်အပြင် ဓာတ်လှေကား အပေါ်ဘောင်နှင့် အရှိန်ပြင်းစွာညပ်မိသည့် ဒဏ်ကြောင့် ဓာတ်လှေကားညပ်လျက်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကာ မိနစ်လေးဆယ်ကြာမျှ ညပ်လျက် အနေအထားဖြင့် ရှိနေပြီး တာဝန်ရှိသူများ ရောက်ရှိလာသည့်အချိန်မှသာ သေဆုံးသူကို ဆွဲထုတ်နိုင် ခဲ့ခြင်း ဖြစ်သည်။

“ဓာတ်လှေကား ရပ်သွားအောင် မိန်းကို အရင်ပိတ်ပြီးမှ တတိယထပ်ကနေ ဆွဲထုတ်နိုင်တာပါ” ဟု ဆေးရုံဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ ဓာတ်လှေကားမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၁၉၈၄ ခုနှစ်တွင် တာဝန်ယူ တည်ဆောက် တပ် ဆင်ပေးခဲ့ခြင်းဖြစ်ပြီး သက်တမ်းအားဖြင့် (၂၉)နှစ် ရှိပြီ ဖြစ်သည်။ အဆိုပါ ဓာတ်လှေကားကို လစဉ်ပုံမှန် စစ်ဆေး မှုများ ပြုလုပ်လျက်ရှိနေပြီး ယင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို မည်ကဲ့သို့မျှ နားမလည်နိုင်ေ ကြာင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာတစ်ဦးကဆိုသည်။


“ဘာကြောင့် ဒီဖြစ်စဉ်ဖြစ်ပွားခဲ့ရလဲဆိုတာ ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ သာမန်မတော်တဆမှုတွေနဲ့ မတူဘဲ လုံးဝကွဲပြားပါတယ်။ ဘာက ဘယ်လို ချို့ယွင်းသွားတာလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ ၀န်ကြီးဌာနအနေနဲ့ ဒီဖြစ်စဉ်ကို အမြန်ဆုံး စစ်ဆေးသွားပါမယ်”ဟု အဆိုပါ အင်ဂျင်နီယာက ပြောသည်။


အဆိုပါ မတော်တဆမှုဖြစ်စဉ်တွင် သေဆုံးသွားခဲ့သည့် လူနာရှင်မိသားစုနှင့် တွေ့ဆုံမေးမြန်းခွင့်ကို ဆေးရုံမှ တာဝန်ရှိသူများက ပိတ်ပင်ခဲ့သည်။


“လူနာရှင်တွေနဲ့ မတွေ့တာပဲ ကောင်းပါတယ်။ သေဆုံးသွားခဲ့တဲ့ လူနာအတွက်တော့ ဆေးရုံက တာဝန် ယူပြီး သင်္ဂြုံဟ်ပေးမှာပါ။ ကျန်တာဝန်ယူမှုအပိုင်းကတော့ အသေးစိတ် ပြောလို့ မရသေးဘူး”ဟု ဆေး ရုံအုပ်ကြီး ဒေါက်တာမြသောင်းက ပြန်လည် ဖြေကြားခဲ့သည်။


အဆိုပါဖြစ်စဉ်ကို လမ်းမတော်မြို့နယ် မြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေး မှုအဖြေ ထွက်ပေါ်မှသာ အဓိကတာဝန်ရှိသူကို အရေးယူသွားမည်ဖြစ်ကြောင်း တာဝန်ကျရဲအရာရှိ တစ်ဦး က ပြောသည်။


ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးအတွင်း ဓာတ်လှေကားအချို့မှာ သက်တမ်းကြာမြင့်နေပြီး ၀ိုင်ယာကြိုးများ ရှော့ခ်ဖြစ်ကာ ယင်းပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါဓာတ်လှေကား များ ပြင်ဆင်ပေးခဲ့ဖူးသည့် ဓာတ်လှေကားဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။


အဆိုပါ ဆေးရုံကြီးရှိ ဓာတ်လှေကားများမှာ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနေရသောကြောင့် အများပြည် သူ အသုံးပြုခွင့် ပိတ်ပင်ထားပြီး လူနာများ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများ၊ ပါမောက္ခ၊ ဌာနမှူးနှင့် ဆရာဝန်ကြီးများသာ အသုံးပြုရန် ဆေးရုံအုပ်ကြီးက ကြေညာချက် ထုတ်ပြန်ထားသည်။


ဓာတ်ပုံ- နစ်ကီ
From... 7Day News Journal
 

No comments:

Post a Comment