Saturday, December 28, 2013

" အမြတ်ကြီးကြီး ရချင်သူများ အတွက်ပါ "

" အမြတ်ကြီးကြီး ရချင်သူများ အတွက်ပါ " Saturday, December 28, 2013  ယခုခေတ်မှာ သူတော်သူမြတ်တွေ နည်းပါးသွားခြင်းက သူတော်ကောင်းတရားရဲ့ အားနည်းချက်တော့ မဟုတ်ပါဘူး ။ သူတော်ကောင်းတရားကို လိုက်နာ ကျင့်သုံးသူတွေ နည်းပါးသွားလို့ သူတော်ကောင်းတွေ နည်းပါးသွားရခြင်း ဖြစ်ပါတယ် ။ သူတော်ကောင်း တရားမှာ အားနည်းချက်ရှိလို့ မဟုတ်ဘူး ။ သူတော်ကောင်းတရားမှာ ချွင်းချက်မရှိ ကောင်းမြတ်ပြည့်စုံပါတယ် ။  သူတော်ကောင်းတရားမှာ အားနည်းချက်ဆိုတာ မရှိဘူး ။  အားသာချက်ပဲ ရှိတယ် ။ သူတော်ကောင်းတရားမှာ အရှုံးဆိုတာ မရှိဘူး ။ အမြတ်ပဲ ရှိတယ် ။ သူတော်ကောင်းတရား အားထုတ်လို့ ရှုံးသွားတယ် ဆိုတာ မရှိဘူး ။ သူတော်ကောင်းတရားကို နည်းနည်း အားထုတ်လိုက်တာ နဲ့ အမြတ်တွေ အများကြီး ရရှိသွားတော့တယ် ။ သူတော်ကောင်းတရားအပေါ် အရှုံးအမြတ်တွက်ပြီး အလုပ်လုပ်တယ်ဆိုတာ တကယ့် မသင့်မြတ်တဲ့ လုပ်ရပ်ကြီးပါ ။  သူတော်ကောင်းတရား အားထုတ်ပြီ ဆိုကတည်းက အရှုံးအမြတ် မတွက်သင့်ပါဘူး ။ သူတော်ကောင်းတရားကို အားထုတ်ရင်း မျက်စိ ၊ နား ၊ နှာ ၊ နှာခေါင်းတွေ ၊ ကိုယ်အင်္ဂါ ခြေလက်တွေ ပျက်စီး ဆုံးရှုံးသွားပါစေ ရှုံးတယ်လို့  မဆိုသာဘူး ။ နောက်ဆုံး တရားအားထုတ်ရင်း အသက်ပင်ပါသွားပါစေ  အရှုံးဆိုတာ မရှိဘူး ။ ဘယ်လောက်ပင် အားထုတ်ထုတ် မရှုံးပါဘူး ။  သူတော်ကောင်း တရား အားထုတ်တယ် ဆိုတာ နည်းနည်းအားထုတ်တာ နှင့် အများကြီးမြတ်တဲ့ ကိစ္စပါ ။ စည်းစိမ်  ဥစ္စာတွေ ၊ ဘဝတွေ ၊ အသက်တွေ ၊ အလွန်ချစ်မြတ်နိုးရတဲ့ သူတွေ  (သို့) သက်ရှိ သက်မဲ့ အားလုံးကို စွန့်ပစ်ပြီး အားထုတ်လည်း မရှုံးဘူး ။ စွန့်လွတ်နိုင်ဖို့ရာသာ ပဓာနပါ ။ စွန့်ထားခဲ့ရလို့ သင် မရှုံးပါဘူး ။  သင့်ဘက်က အမြတ်ပဲ ရှိတယ် ။  သက်ရှိ သက်မဲ့ အားလုံးကို စွန့်ထားခဲ့ပြီး သူတော်ကောင်းတရားကို အားထုတ်ကြတဲ့ အလောင်းတော်များကို ကြည့်ရင် အဲဒီ သူတော်ကောင်းတရားက သက်ရှိ သက်မဲ့ အားလုံးတို့ထက် မြတ်လို့ပါပဲ ။ အမြတ်ကြီးကြီး ရချင်သူများအတွက်တော့ သူတော်ကောင်း တရားကို မဖြစ်မနေ အရေးတကြီး အားထုတ်ဖို့ လိုပါတယ် ။ ခုပဲ အားထုတ်ရင် ခုပဲ အမြတ်ရပါတယ် ။ စပြီး အားထုတ်ကြည့်ပါ ။  ခွင့်သာတဲ့ လူ့ဘဝရခိုက်လေးမှာ အမြတ်တွေ အများကြီး ထုတ်ပိုးပြီး ယူသွားနိုင်ကြပါစေ ။  (ဆရာတော် သုန္ဓရေ ဤမြေပံသု သိလာထုလည်း ဖေ့ဘွတ်မှရေးသားချက်) နှလုံးသားအာဟာရ

Saturday, December 28, 2013

ယခုခေတ်မှာ သူတော်သူမြတ်တွေ နည်းပါးသွားခြင်းက သူတော်ကောင်းတရားရဲ့ အားနည်းချက်တော့ မဟုတ် ပါဘူး ။ သူတော်ကောင်းတရားကို လိုက်နာ ကျင့်သုံးသူတွေ နည်းပါးသွားလို့ သူတော်ကောင်းတွေ နည်းပါးသွားရခြင်း ဖြစ်ပါတယ် ။ သူတော်ကောင်း တရားမှာ အားနည်းချက်ရှိလို့ မဟုတ်ဘူး ။ သူတော်ကောင်း တရားမှာ ချွင်းချက်မရှိ ကောင်းမြတ်ပြည့်စုံပါတယ် ။


သူတော်ကောင်းတရားမှာ အားနည်းချက်ဆိုတာ မရှိဘူး ။ အားသာချက်ပဲ ရှိတယ် သူတော်ကောင်းတရားမှာ အရှုံးဆိုတာ မရှိဘူး ။ အမြတ်ပဲ ရှိတယ် ။ သူတော်ကောင်းတရား အားထုတ်လို့ ရှုံးသွားတယ် ဆိုတာ မရှိဘူး ။ သူတော်ကောင်းတရားကို နည်းနည်း အားထုတ်လိုက်တာ နဲ့ အမြတ်တွေ အများကြီး ရရှိသွားတော့တယ် ။ သူတော်ကောင်းတရားအပေါ် အရှုံးအမြတ်တွက်ပြီး အလုပ်လုပ်တယ်ဆိုတာ တကယ့် မသင့်မြတ်တဲ့ လုပ်ရပ်ကြီးပါ ။

သူတော်ကောင်းတရား အားထုတ်ပြီ ဆိုကတည်းက အရှုံးအမြတ် မတွက်သင့်ပါဘူး ။ သူတော်ကောင်း တရားကို အားထုတ်ရင်း မျက်စိ ၊ နား ၊ နှာ ၊ နှာခေါင်းတွေ ၊ ကိုယ်အင်္ဂါ ခြေလက်တွေ ပျက်စီး ဆုံးရှုံးသွားပါစေ ရှုံးတယ်လို့ မဆိုသာဘူး ။ နောက်ဆုံး တရားအားထုတ်ရင်း အသက်ပင်ပါသွားပါစေ အရှုံးဆိုတာ မရှိဘူး ။ ဘယ်လောက်ပင် အားထုတ်ထုတ် မရှုံးပါဘူး ။

သူတော်ကောင်း တရား အားထုတ်တယ် ဆိုတာ နည်းနည်းအား ထုတ်တာ နှင့် အများကြီးမြတ်တဲ့ ကိစ္စပါ ။ စည်းစိမ် ဥစ္စာတွေ ၊ ဘဝတွေ ၊ အသက်တွေ ၊ အလွန်ချစ်မြတ်နိုးရတဲ့ သူတွေ  (သို့) သက်ရှိ သက်မဲ့ အားလုံးကို စွန့်ပစ်ပြီး အားထုတ်လည်း မရှုံးဘူး ။ စွန့်လွတ်နိုင်ဖို့ရာသာ ပဓာနပါ ။ စွန့်ထားခဲ့ရလို့ သင် မရှုံးပါဘူး ။ သင့်ဘက်က အမြတ်ပဲ ရှိတယ် ။

သက်ရှိ သက်မဲ့ အားလုံးကို စွန့်ထားခဲ့ပြီး သူတော်ကောင်းတရားကို အားထုတ်ကြတဲ့ အလောင်းတော်များကို ကြည့်ရင် အဲဒီ သူတော်ကောင်းတရားက သက်ရှိ သက်မဲ့ အားလုံးတို့ထက် မြတ်လို့ပါပဲ ။ အမြတ်ကြီးကြီး ရချင်သူများအတွက်တော့ သူတော်ကောင်း တရားကို မဖြစ်မနေ အရေးတကြီး အားထုတ်ဖို့ လိုပါတယ် ။ ခုပဲ အားထုတ်ရင် ခုပဲ အမြတ်ရပါတယ် ။ စပြီး အားထုတ်ကြည့်ပါ ။

ခွင့်သာတဲ့ လူ့ဘဝရခိုက်လေးမှာ အမြတ်တွေ အများကြီး ထုတ်ပိုးပြီး ယူသွားနိုင်ကြပါစေ ။

(ဆရာတော် သုန္ဓရေ ဤမြေပံသု သိလာထုလည်း ဖေ့ဘွတ်မှရေးသားချက်)
နှလုံးသားအာဟာရ
 
From... Myanmar Online News
 

No comments:

Post a Comment