Tuesday, December 31, 2013

ကားတင်သွင်းခွင့် အတွက် ယာဉ်အမျိုးအစားနှင့် နှစ်အလိုက် သတ်မှတ်ချက်များ ထုတ်ပြန်

ကားတင်သွင်းခွင့်အတွက် ယာဉ်အမျိုးအစားနှင့် နှစ်အလိုက် သတ်မှတ်ချက်များ ထုတ်ပြန်

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ပြီး လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံး ယာဉ်များနှင့် ယန္တရားယာဉ်များ တင်သွင်းခွင့်ကို ယာဉ်အမျိုးအစား နှစ်အလိုက် သတ်မှတ်ချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းသတ်မှတ်ချက်များတွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် လျှောက်ထားမှု၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပအလုပ်သမားများ၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်/ခရီး လုပ်ငန်းရှင်များ မော်တော်ယာဉ် လျှောက်ထားမှု၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် တက္ကစီ လျှောက်ထားမှု၊ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ် ပါမစ်လျှောက်ထားမှု)၊ အစိုးရ ဌာနများမှ မော်တော်ယာဉ် လျှောက်ထားမှုတို့ အတွက် ပါဝင်ကြောင်း သိရသည်။

ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် လျှောက်ထားမှု (Consignment စနစ် အပါအ၀င်) အတွက် လူစီးမော်တော်ယာဉ်များမှာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ တင်သွင်းပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊ ကုန်တင်ယာဉ် ဖြစ်ပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ် ဖြစ်ပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း တင်သွင်းမှု သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပအလုပ်သမားများ၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်/ခရီး လုပ်ငန်းရှင်များ မော်တော်ယာဉ် လျှောက်ထားမှုအတွက် လူစီးမော်တော်ယာဉ် (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ကုန်တင်ယာဉ်များ (၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ခရီးသည်တင်ယာဉ် (Express) များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း-ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းပြေးဆွဲ ယာဉ်များ၊ Mini Bus၊ City Bus (ဘယ်မောင်း) များ (၂၀၀၄ ခုနှစ် မှ ၂၀၁၄ ခုနှစ်အတွင်း) လျှောက်ထားနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် တက္ကစီ လျှောက်ထားမှုတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းရှိ လူစီးမော်တော်ယာဉ်များကို လျှောက်ထားနိုင်ကြောင်း သိရသည်။

ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှု) တွင်မူ လူစီးမော်တော်ယာဉ်များ အတွက် ၂၀၀၉ မှ ၂၀၁၄ ခုနှစ်အတွင်း၊ လုပ်ငန်းသုံး ယန္တရားများ အတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ် အတွင်း၊ မီးသတ်ကား၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်များအတွက် ၁၉၉၈ မှ ၂၀၁၄ ခုနှစ်အတွင်း၊ သာသနာရေးဆိုင်ရာ ယာဉ်များအတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်များ (Express) အတွက် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင် ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ၊ Mini Bus, City Bus များအတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း (ဘယ်မောင်း)များကို တင်သွင်းခွင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

အစိုးရဌာနများမှ မော်တော်ယာဉ် လျှောက်ထားပါက ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်/ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်/ယန္တရားများကို လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုသို့ယာဉ် တင်သွင်းခွင့်အတွက် နှစ်သတ်မှတ်ချက်များကို ထုတ်ပြန်ရာတွင် နိုင်ငံတော်အတွက် လှူဒါန်းသည့် မီးသတ်ကားနှင့် လူနာတင်ယာဉ်များ လျှောက်ထားရာတွင် Model Year လျှော့ပေါ့ လျှောက်ထားပါက ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(ပြည်ပမှ တင်သွင်းလာသော ကားများအား သီလ၀ါဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း))
ပြည်ပမှ တင်သွင်းလာသော ကားများအား သီလ၀ါဆိပ်ကမ်းတွင် တွေ့ရစဉ်

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ပြီး လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံး ယာဉ်များနှင့် ယန္တရား ယာဉ် များ တင်သွင်းခွင့်ကို ယာဉ်အမျိုးအစား နှစ်အလိုက် သတ်မှတ်ချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းသတ်မှတ်ချက်များတွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် လျှောက်ထားမှု၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ် ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ သင်္ဘော သားများ၊ ပြည်ပအလုပ်သမားများ၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်/ခရီး လုပ်ငန်းရှင် များ မော်တော်ယာဉ် လျှောက်ထားမှု၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် တက္ကစီ လျှောက်ထားမှု၊ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်း သည့် မော်တော်ယာဉ် ပါမစ်လျှောက်ထားမှု)၊ အစိုးရ ဌာနများမှ မော်တော်ယာဉ် လျှောက်ထားမှုတို့ အတွက် ပါဝင်ကြောင်း သိရသည်။

ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် လျှောက်ထားမှု (Consignment စနစ် အပါအ၀င်) အတွက် လူစီးမော်တော်ယာဉ်များမှာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ တင်သွင်းပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊ ကုန်တင်ယာဉ် ဖြစ်ပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ် အတွင်း၊ ခရီးသည်တင်ယာဉ် ဖြစ်ပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း တင်သွင်းမှု သတ်မှတ်ပေး ခဲ့ကြောင်း သိရသည်။

နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပအလုပ်သမားများ၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်/ခရီး လုပ်ငန်းရှင်များ မော်တော်ယာဉ် လျှောက်ထားမှုအတွက် လူစီးမော်တော်ယာဉ် (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ကုန်တင် ယာဉ်များ (၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ခရီးသည်တင်ယာဉ် (Express) များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း-ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းပြေးဆွဲ ယာဉ်များ၊ Mini Bus၊ City Bus (ဘယ်မောင်း) များ (၂၀၀၄ ခုနှစ် မှ ၂၀၁၄ ခုနှစ်အတွင်း) လျှောက်ထားနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် တက္ကစီ လျှောက်ထားမှုတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းရှိ လူစီးမော်တော်ယာဉ်များကို လျှောက်ထားနိုင်ကြောင်း သိရသည်။
ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ် ပါမစ် လျှောက်ထားမှု) တွင်မူ လူစီးမော်တော်ယာဉ်များ အတွက် ၂၀၀၉ မှ ၂၀၁၄ ခုနှစ်အတွင်း၊ လုပ်ငန်းသုံး ယန္တရားများ အတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ် အတွင်း၊ မီးသတ်ကား၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်များအတွက် ၁၉၉၈ မှ ၂၀၁၄ ခုနှစ်အတွင်း၊ သာသနာရေးဆိုင်ရာ ယာဉ်များအတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း၊ ခရီးသည် တင်ယာဉ်များ (Express) အတွက် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည် တင် ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ၊ Mini Bus, City Bus များအတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း (ဘယ်မောင်း)များကို တင်သွင်းခွင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

အစိုးရဌာနများမှ မော်တော်ယာဉ် လျှောက်ထားပါက ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း လူစီးမော်တော်ယာဉ် များ၊ လုပ်ငန်းသုံးယာဉ်/ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်/ယန္တရားများကို လျှောက်ထားနိုင်ကြောင်း သိရသည်။
ထိုသို့ယာဉ် တင်သွင်းခွင့်အတွက် နှစ်သတ်မှတ်ချက်များကို ထုတ်ပြန်ရာတွင် နိုင်ငံတော်အတွက် လှူဒါန်း သည့် မီးသတ်ကားနှင့် လူနာတင်ယာဉ်များ လျှောက်ထားရာတွင် Model Year လျှော့ပေါ့ လျှောက်ထား ပါက ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
December 31, 2013

Credit: EMG
From...Search Myanmar

No comments:

Post a Comment