Thursday, December 12, 2013

ရက်ရော ၊ ပေးကမ်းမှု မြန်မာ ဒုတိယအဆင့်

December 12, 2013


 

ကမ္ဘာပေါ်မှာ စစ်တမ်း အချက်အလက်များကို အမျိုးမျိုး ကောက်ယူနေကြပါ၏ ။ 
ဥပမာ – အချမ်းသာဆုံးနိုင်ငံ များ ၊ အဆင်းရဲဆုံးနိုင်ငံများ ၊ ခြစားမှု အများဆုံးနိုင်ငံ များ စသည်တို့ဖြစ်ကာ ယခု ကမ္ဘာပေါ်တွင် ရက်ရောမှု – ပေးကမ်းမှု နိုင်ငံများ စာရင်း – The World Giving Index 2013 ကို Charities Aid Foundation ( CAF ) က ထုတ်ပြန်လိုက်ပါသည်။


၎င်းစာရင်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ် တွင် ဒုတိယမြောက် ရက်ရော ပေးကမ်းမှု အများဆုံး နိုင်ငံ အဖြစ် ဖော်ပြထား၏ ။ ယင်းမှ မြန်မာနိုင်ငံ သားတို့၏ အကျင့်စရိုက် ၊ စိတ်နေစိတ်ထား ကို ခန့်မှန်းနိုင်ရန် အခွင့်အလမ်း တစ်ခုပင် ။

 မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ အဖြစ်လည်းကောင်း ခြစားမှု များသည့် နိုင်ငံ အဖြစ်လည်းကောင်း ၊ ပြည်တွင်း စစ် ပဋိပက္ခ အရှည်ကြာဆုံး နိုင်ငံတစ်ခု အဖြစ်လည်း ကောင်း ၊ မကြာ ခဏ ဖော်ပြခံရသလို တစ်ချိန် တည်းမှာ ရက်ရောမှု ပေးကမ်းမှု အများဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခံရသည်မှာ မြန်မာနိုင်ငံသားများ အနေဖြင့်မှု အလွန်နားလ ည်ရခက်သည့် ကိစ္စမဟုတ်ပါ။

ပုဂံခေတ်က သာမညောင်ည မုဆိုးမ များ တည်ခဲ့သည့် စေတီပုထိုးများ ယခုတိုင် တွေ့နိုင်ပြီး “တစ်မူးရှိလို့ တစ်ပဲ လှူ ဒို့ ရှမ်းတောင်သူ လှူနိုင်ရိုးလား” ဆိုသည့် မြန်မာနိုင်ငံသား များ၏ စရိုက်ကို အမေ လူထု ဒေါ်အမာ က “ဒီလို ပေးကမ်း လှူဒါန်းတဲ့ စရိုက်ရှိတဲ့ ဒို့လူမျိုးတွေဟာ ဘယ်တော့မှ မတိမ်ကောဘူး” ဟုပင် ပြောသွားခဲ့ဘူးပါတယ်။

LYT
Credit:Popular Myanmar News Journal

From...Myanmar Latest News


No comments:

Post a Comment