Thursday, December 26, 2013

ဖိုက်တာ တစ်ယောက်ရဲ့အကြင်နာ

ဖိုက်တာတစ်ယောက်ရဲ့အကြင်နာ 

















 ခရစ္စမတ်နေ့မတိုင်မီ ကမ္ဘာတစ်လွှား မှာခရစ္စမတ် ပါတီပွဲတွေ ဆင်နွှဲနေကြ ပြီး ဗြိတိန်လက်ဝှေ့အကျော် အမော် ရစ်ကီဟက်တန်ကလည်း သူ့ရဲ့အကြင်နာကို မန်ချက်စတာမြို့ လမ်းမတွေထက် ထုတ်ပြခဲ့ပါတယ်။ ဗြိတိန်က အိမ်ခြေမဲ့တွေကို ကူညီထောက်ပံ့ပေးနေတဲ့ ဘာနာဘတ်စ် လူမှုအဖွဲ့အစည်းကို ဦးဆောင်နေတဲ့ ရစ်ကီဟက်တန်ဟာ ခရစ္စမတ်ကာလ ကောင်းမှုကုသိုလ် အဖြစ် မန်ချက်စတာက အိမ်ခြေမဲ့တွေကို အစားအစာတွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။


အိမ်ခြေမဲ့တွေအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်နဲ့ ပတ်သက်ပြီး ရစ်ကီဟက်တန်က “ ခရစ္စမတ်နေ့ကျရင် ကျွန်တော်က မိသားစုနဲ့အတူ ညစာစားနေနိုင်မှာပါ။ ဒါပေမဲ့ အဲဒီလူတွေ (အိမ်ခြေမဲ့များ) ကတော့ အပြင်ဘက်လမ်းပေါ်မှာပဲ ရှိနေရမှာပါ။ ဒါက စိတ်မသက်သာစရာပါ”လို့ ပြောပါတယ်။ 

မန်ချက်စတာက အိမ်ခြေမဲ့တွေ ကို စားစရာတွေ လှူဒါန်းတာ ရစ်ကီဟက်တန်အတွက် ပထမဆုံး ကောင်းမှု ကုသိုလ် မဟုတ်ပါဘူး။ (၂၀၁၁)ခုနှစ်တုန်းကလည်း ဗြိတိန်တောင်တက်အသင်းခေါင်းဆောင် ဘန်ဝေါ်လေ့စ် တစ်ယောက် အိမ်ခြေမဲ့ဖြစ်တုန်းကလည်း ရှန်ပိန်ပုလင်း၊ ငွေသား ပေါင် ၆၀ အပါအ၀င် လက်ဆောင် ပစ္စည်းတွေ ပေးလှူခဲ့ပါသေးတယ်လို့ သိရပါတယ်။

zaw zaw tun
 25 December 2013 

ရိုးရာလေး 
 
 

No comments:

Post a Comment