Saturday, December 14, 2013

blogger များသိထားသင့်သည့် အချက်တစ်ချို့




ကျွန်တော်( လေလွင့်နေတဲ့လူ) အပါအ၀င် တက်သစ်စ ဘလော့ကာ များသိထားသင့်လို့ မျှဝေလိုက်ပါတယ် ခင်ဗျာ ။

1.
ကျွန်တော်တို့Blogတစ်ခုမပြုလုပ်ခင်မှာအရင်းမိမိတင်ပြချင်တဲ့အကြောင်းအရာကိုအရင်စဉ်းစားရပါမည်။ ဘာအကြောင်းတင်ပြချင်တာလဲတင်ပြချင်တဲ့အကြောင်းအရာတွေကိုဘယ်ကနေရနိုင်သလဲရနိုင်တဲ့နေ ရာတွေကို အရင် ရှာဖွေထားရပါမည်။ ဒါမှ မိမိတင်ပြချင်တာကို အလွယ်တကူ တင်ပြနိုင်မှာဖြစ်ပါတယ်။
 

2.ဒီ တစ်ချက်က အရေးကြီးပါတယ်.မိမိရေးထားတဲ့ Blog လေးကို hackခံရရင် မိမိရေးထားတဲ့ Post တွေ မရူံးဆုံးရအောင်Exportလုပ်ထားရပါမည်။

Exportလုပ်နည်း

ဘလော့ရဲ.  Settings ကိုဝင် other ကိုကလစ်ပါ


Import Blog,   Export BlogDelete Blog ဆိုတာ တွေ့ရမယ်။

 Export Blog ကို ကလစ်ပြီး   Download ထားလိုက်ပါ(ရရှိလာတဲ့ ဖိုင်ကိုသေချာသိမ်းထားပါ)။ 

တစ်ပတ်ကို တစ်ကြိမ် Export လုပ်(ဖိုင်ကို Download) ထားသင့်ပါတယ်
 blog ဟက်ခံရတာဖြစ်ဖြစ်..အကြောင်းတခုခုကြောင့်ပျက်သွားလို့Blogအသစ်ပြန်လုပ်ရတယ်ဆိုရင်

ဒေါင်းထားတဲ့ ဖိုင်(Export Blog ကို ကလစ်ပြီး    down ထားတဲ့ ဖိုင်)လေးကို Import Blog ကို ကလစ်ပြီး. ပြန်တင်လိုက်တာ နဲ့ အရင် blog မှာတင်ထားတဲ့ ပိုစ့်တွေ ပြန်လည်ရရှိမှာဖြစ်ပါတယ်..


3.
မိမိ Blog မှ Sidebar မှ Widget တွေကို notepad ထဲမှာ ထည့်ထားဖို့ မမေ့ပါနဲ့ ။ မိမိဆိုဒ် အဘန်းခံရတာမျိုး Passowrd အခိုးခံလိုက်ရတာမျိုးဖြစ်ခဲ့ရင်တောင် မိမိကို ပြုလုပ်တဲ့လူ မျက်စီလည်အောင် မှုလအတိုင်း ပြန်ရှိနေသလိုမျိုး နာရီပိုင်းအတွင်း ပြန်လည် ပြုလုပ်နိုင်ပါတယ်။

4. မိမိ Blog မှာ ကြောငြာ Blog မဖြစ်ဖို့လိုပါတယ်။ လုပ်လို့ရတဲ့ နည်းလမ်းတွေကို အကုန် မထည့်ထားပါနဲ့ဘာလို့လဲဆိုတော့မိမိတို့ဆိုဒ်ကိုဖွင့်တဲ့လူကိုအနှောက်အယှက်ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် ရှင်းလင်းနေပါစေ။ အင်တာနက်လိုင်းမကောင်းရင် ဟိုနေရာက မပေါ် ဒီနေရာက မပေါ်ဖြစ်နေပါလိမ့်မည်။

5. မိမိဆိုဒ်ကို အမြဲ updateဖြစ်အောင် တစ်ပတ်ကို တစ်ကြိမ်တော့ အနည်းဆုံး post အသစ် တင်ပေးနိုင်အောင် လုပ်ပါ။ တစ်နေ့ ၀င်ကြည့်လဲ ဒါ နောက်နေ့ဝင်ကြည့်လဲ ဒါဆို မကောင်းပါဘူး။ မိမိ မအားရင်လဲ မအားတာကို တင်ပြထားသင့်ပါတယ်။

6. မိမိBLOGမှာ လာပြီးလေ့လာသူများ စာဖတ်သူများရဲ့ တောင်းဆိုမှုကို အလေးထားပါ။
အကြံညဏ်တောင်းပါ။


www.designerkave.blogspot.com


လေလွင့်နေတဲ့လူ..လည်း ပိုစ့်တင်တာ...ပုံမမှန်ဘူးဖြစ်နေတယ်..ပိုစ့်နေစဉ်တင်နိုင်အောင် ကြိုးစားနေပါတယ်.အကြံပြုချက်များ ပေးပို့ ဝေဖန် နိုင်ပါတယ်...


 From...လေလွင့်နေတဲ့လူ
 

No comments:

Post a Comment