Friday, December 27, 2013

Cherry QQ ကားများကြောင့် တက္ကစီစလစ်များ ဈေးနှုန်းကျဆင်း

 
 
 
Cherry QQ ကားများကို အပ်နှံခွင့်ပေးလိုက်ပြီး နောက်တက္ကစီ စလစ်ဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ရောင်းများ ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ဆန်းပိုင်းက Cherry QQ ကားများကို အပ်နှံခွင့်ပေးလိုက်ပြီး နောက်ပိုင်း ထိုကားများ ၏ ဈေး ကွက် မှာ မြင့်တက်သွားခဲ့ပြီး ကကြီးတန်းကားများမှာ ဈေးနှုန်းများ ကျဆင်းသွားခဲ့သည်။ အလားတူ တက္ကစီ စလစ်ဈေးကွက်၌ QQ ကားများပါဝင်လာခြင်းကြောင့် လည်းအငှားယာဉ် စလစ်ဈေးများလည်း ကျဆင်းသွား ခဲ့သည်။


ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စလစ်ဈေးကွက်နှင့် ပတ်သက်၍ ကားဝယ်/ရောင်းတစ်ဦးက “လဆန်းပိုင်း လောက်က Cherry QQ တွေကို အပ်နှံခွင့်ပေးတယ်ဆိုတာ အတိအကျ မသိကြသေးတဲ့ အတွက် စလစ်ဈေးအလှုပ်အခတ်မဖြစ်ခဲ့ပါဘူး၊ ဒါပေမဲ့ Cherry QQ တွေကို တရားဝင်အပ်နှံခွင့်ပြုတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ တက္ကစီစလစ်ဈေးကွက် ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်၊ 

အရင်ကသိန်းငါးဆယ်ဝန်းကျင်မှာရှိတဲ့ Cherry QQ ကားတွေကသိန်း ခြောက်ဆယ်နားကပ်သွားပြီး ၆၈သိန်း ၀န်းကျင်မှာရှိတဲ့ ကကြီးတန်းကားတွေက ၆၃သိန်း နားကပ်သွားခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာ Cherry QQ ကားတွေဘယ်လောက်ထိအပ်နှံကြမလဲဆိုတာမသိသေးတဲ့အတွက် တက္ကစီစလစ်ဈေး ကခန့်မှန်းလို့ မရ ဖြစ်နေပါတယ်” ဟုဆိုခဲ့သည်။
 
 Cherry QQ ကားများအပ်နှံခွင့်ပေးခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော တက္ကစီစလစ်ဈေးများမှာ Cherry QQ ကားသည် ၆၁သိန်းဝန်းကျင်၊ ကကြီးတန်းကားသည် ၆၃သိန်းဝန်းကျင်နှင့် အမည်ပေါက်တက္ကစီစလစ် တစ်စောင် သည် ကျပ် ၆၈သိန်း ၀န်းကျင် ပေါက်ဈေး ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Automobile Journal
 Myanmar Latest News

No comments:

Post a Comment