Thursday, December 12, 2013

LG မှ ပထမဆုံး ထုတ်လုပ်လိုက်သည့် G Pad 8.3 မြန်မာနိုင်ငံတွင် ၀ယ်ယူနိုင်ပြီ

 LG မှ ပထမဆုံး ထုတ်လုပ်လိုက်သည့် G Pad 8.3 မြန်မာနိုင်ငံတွင် ၀ယ်ယူနိုင်ပြီ









၈ ဒဿမ ၃ လက်မ အရွယ်ရှိ G Pad ကို မြန်မာနိုင်ငံတွင် ဒီဇင်ဘာလမှ စတင်ပြီး ၀ယ်ယူနိုင်ပြီဖြစ် ကြောင်း LG မှ သိရှိရပါတယ်။

 ဈေးနှုန်းကတော့ ၃၁၉,၀၀၀ ကျပ်ဖြင့် ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


Resolution က 1920 x1200 ဖြစ်ပြီး RAM 2GB ဖြစ်တယ်လို့ သိရပါတယ်။ ထို့ပြင် 16GB built-in storage ပါဝင်ပြီး 64GB အထိ ထပ်မံထိုးချဲ့ အသုံးပြုနိုင်သည့် micro SD card slot လည်း ပါဝင်တယ်လို့ ၎င်းတို့က ဆိုပါတယ်။

အလေးချိန်အားဖြင့် 338 ဂရမ် ရှိပြီး Android ဗားရှင်းကတော့ 4.2.2 (Jelly Bean)ဖြစ်တယ်လို့ သိရ ပါတယ်။ မျက်နှပြင် အရွယ်အစား ကြီးသည့် အတွက် စာကြည့် စာရိုက် ရုပ်ရှင် စသော အရာများကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင် တယ်လို့ ဆိုပါတယ်။

တပ်မတော်ခန်းမတွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့ အထိ ကျင်းပပြုလုပ် ခဲ့သည့် First Mobile and Tablet Fair တွင် လည်း ပြသရောင်းချ ပေးခဲ့တယ် လို့လည်း သိရပါတယ်။ 

 12 December 2013
 ကျော်လင်းနိုင် (ရိုးရာလေး)


 


No comments:

Post a Comment