Thursday, January 30, 2014

ရုရှားနိုင်ငံမှ ကမ္ဘာ့ အအေးဆုံးမြို


ရုရှားနိုင်ငံမှ ကမ္ဘာ့အအေးဆုံးမြို   ရုရှားနိုင်ငံ မော်စကိုမြို့ နဲ့ သိပ်မဝေးတဲ့ နေရာက မြို့ တစ်မြို့ ဖြစ်ပြီး Yukutsk လို့ အမည်ရပါတယ်။ ကမ္ဘာ့အအေးဆုံး ရေခဲတိုက် အာတိတ်စက်ဝိုင်းရဲ့ တောင်ဘက် မိုင် ၂၈၀ အကွာမှာသာ ရှိနေတဲ့ မြို့ တစ်မြို့  ဖြစ်ပါတယ်။   ပျမ်းမျှ အပူချိန် အနုတ် ၄၀ ဒီဂရီစင်တီဂရိတ် ရှိပြီး ကမ္ဘာ့အအေးဆုံး မြို့ အဖြစ် စံချိန်တင်စေပါတယ်။ စံချိန်တင် အနေနဲ့ အနုတ် ၆၄.၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းပြီး လာမယ့် ဖေဖော်ဝါရီလအတွင်းလည်း အဲ့ဒီထက် ကျဆင်းအုံးမယ်လို့ ခန့်မှန်းထားကြ ပါတယ်။ ယခု ရက်ပိုင်းအတွင်းက အနုတ် ၄၈ ဒီဂရီ ရှိပါတယ်။ - ၅၂ ဒီဂရီ ရှိတဲ့ နေ့တွေမှာ ကျောင်းကို ယာယီပိတ်ထားရ ပါတယ်။ မြို့က မသေးပါဘူး။ လူဦးရေ ၂သိန်း၇သောင်း နေထိုင်ပြီး ဆိုက်ဘေးရီးယားနိုင်ငံ လူဦးရေရဲ့  လေးပုံပုံ တစ်ပုံ ဖြစ်ပါတယ်။   မြို့ ရဲ့ နေရာတိုင်းမှာ ရေခဲများ ဖုံးလွမ်းနေပြီး နေ့ရော၊ ညပါ လမ်းမတွေပေါ် အဝေးမမြင်ရအောင် ဖုံးလွမ်းနေပါတယ်။ ယင်းအအေးဒဏ်ကို အမြဲခံစားနေတဲ့ မြို့ခံ လူများအတွက်ကတော့ မထူးဆန်း တော့ ပါဘူး။ လူငယ်များကတော့ ညဘက်မှာ နိုက်ကလပ်၊ ဘားများသို့ သွားပြီး ကခုန်ကြပါတယ်။ ကမ္ဘာ့ အအေးဆုံးမြို့ လို့ စံချိန်တင်ထားတဲ့ ရုရှားနိုင်ငံ Yukutsk မြို့ က အလှဓာတ်ပုံများကို အောက်ပါ Link မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။    http://www.dailymail.co.uk/news/article-2548176/Feeling-cold-Share-thought-residents-coldest-city-earth-currently-MINUS-50C.html  အောင်ခမ်း ( ရိုးရာလေး )  http://www.yoyarlay.com/international-news/europe/39859-the-world-most-coldest-city  . 

ရုရှားနိုင်ငံ မော်စကိုမြို့ နဲ့ သိပ်မဝေးတဲ့ နေရာက မြို့ တစ်မြို့ ဖြစ်ပြီး Yukutsk လို့ အမည်ရပါတယ်။ ကမ္ဘာ့ အအေး ဆုံး ရေခဲတိုက် အာတိတ်စက်ဝိုင်းရဲ့ တောင်ဘက် မိုင် ၂၈၀ အကွာမှာသာ ရှိနေတဲ့ မြို့ တစ်မြို့ ဖြစ်ပါတယ်။

ပျမ်းမျှ အပူချိန် အနုတ် ၄၀ ဒီဂရီစင်တီဂရိတ် ရှိပြီး ကမ္ဘာ့အအေးဆုံး မြို့ အဖြစ် စံချိန် တင်စေပါတယ်။ စံချိန်တင် အနေနဲ့ အနုတ် ၆၄.၄ ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းပြီး လာမယ့် ဖေဖော်ဝါရီလအတွင်းလည်း အဲ့ဒီထက် ကျဆင်းဦးမယ်လို့ ခန့်မှန်းထားကြ ပါတယ်။
 
 
ယခု ရက်ပိုင်းအတွင်းက အနုတ် ၄၈ ဒီဂရီ ရှိပါတယ်။ - ၅၂ ဒီဂရီ ရှိတဲ့ နေ့တွေမှာ ကျောင်းကို ယာယီ ပိတ်ထားရ ပါတယ်။ မြို့က မသေးပါဘူး။ လူဦးရေ ၂သိန်း၇သောင်း နေထိုင်ပြီး ဆိုက်ဘေးရီးယားနိုင်ငံ လူဦးရေရဲ့  လေးပုံပုံ တစ်ပုံ ဖြစ်ပါတယ်။

မြို့ ရဲ့ နေရာတိုင်း မှာ ရေခဲများ ဖုံးလွမ်းနေပြီး နေ့ရော၊ ညပါ လမ်းမတွေပေါ် အဝေးမမြင်ရအောင် ဖုံးလွမ်းနေပါတယ်။ ယင်းအအေးဒဏ်ကို အမြဲခံစားနေတဲ့ မြို့ခံ လူများ အတွက်ကတော့ မထူးဆန်း တော့ ပါဘူး။ လူငယ်များကတော့ ညဘက်မှာ နိုက်ကလပ်၊ ဘားများသို့ သွားပြီး ကခုန်ကြပါတယ်။ ကမ္ဘာ့ အအေးဆုံးမြို့ လို့ စံချိန်တင်ထားတဲ့ ရုရှားနိုင်ငံ Yukutsk မြို့ က အလှ ဓာတ်ပုံများကို အောက်ပါ Link မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.dailymail.co.uk/news/article-2548176/Feeling-cold-Share-thought-residents-coldest-city-earth-currently-MINUS-50C.html

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/international-news/europe/39859-the-world-most-coldest-city


No comments:

Post a Comment