Monday, January 27, 2014

~ဘ၀နေနည်း~

~ဘ၀နေနည်း~  ဘ၀မှာနေတဲ့အခါမှာ စိတ်ဓါတ်ရေးရာမှာကောင်းတာကို အတုယူရမယ်။ လူဆိုတာစီးပွားရေးမျက်စိလည်းရှိရမယ်။ ဓမ္မာရေးရာအသိလည်းရှိရမယ်။ လူ့အသိုင်းအ၀ိုင်းမှာနေတဲ့အခါမှာ စီးပွားရေးမျက်စိမရှိလို့လည်းမဖြစ်ဘူး နော်။ တရားသဖြင့်သာစီးပွားရှာရမယ်နော်၊ ဓမ္မအသိရှိတဲ့အတွက်လည်း စီးပွားရှာတဲ့အခါမှာ မကောင်းတာမှန်သမျှမလုပ်မိအောင် တရားနဲ့ထိန်း သွားနိုင်ရမယ်။ ထိုပုဂ္ဂိုလ်ရလာတဲ့အကျိုးစီးပွားကိုလည်း ဓမ္မိယလဒ္ဓ တရားသဖြင့်ရတဲ့ အကျိုးစီးပွားလို့ဒီလိုဆိုထားတယ်နော်။  အဲဒီတရားသဖြင့်ရလာတဲ့ အကျိုးစီးပွားနဲ့ခုနက ဓမ္မအသိဥာဏ်နဲ့ ၂-ခု ပေါင်းပြီးတော့ မိမိကိုယ်တိုင်လည်း ချမ်းသာအောင်နေတယ်။ မိမိပါတ်ဝန်း ကျင်ကိုလည်း ချမ်းသာအောင်ထားတယ်။ မိဘကိုလည်းကျွေးမွေးစောင့် ရှောက်တယ်။ဆွေမျိုးသားချင်းတွေကိုလည်းထောက်ပံ့တယ်။ မိမိကိုးကွယ် တဲ့ဘာသာတရားကိုလည်း ထောက်ပံ့တယ်ဆိုတဲ့အလုပ်တွေလုပ်တာဟာ ဘ၀မှာကောင်းတာတွေကိုလုပ်တဲ့လုပ်နည်းဖြစ်တယ်။  နေ့စဉ်ဘ၀တစ်ခုမှအခြေခံအားဖြင့် အကျိုးရှိအောင်နေဖို့ဆိုတာ အကုသိုလ် နည်းအောင်နေဖို့အတွက်ပဲဖြစ်တယ်။ လူရယ်လို့ဖြစ်လာရင်စီးပွားရှာရမှာပဲ။ စီးပွားရှာတဲ့အခါမှာလည်း တရားမျှတစွာနဲ့ ကုသိုလ်စိတ်မွေးပြီးရှာဖွေကြရမှာ စိတ်ဖြူစင်အောင်ထားပြီး ဆောင်ရွက်ကြရမယ်၊ ငါလုပ်တဲ့အလုပ်တွေဟာ အများအတွက်ဖြစ်ပါစေ၊ အများအတွက်ငါလုပ်သမျှတွေဟာ အကျိုးဖြစ်ပါစေ၊ဒီလိုစိတ်ထားမျိုးထားပြီးတော့ လုပ်ကိုင်ပေးရမယ်။ ဒါဟာဘ၀မှာအကျိုးရှိအောင်နေနည်း တစ်ခုပေါ့။  လောကမှာ နေနည်းနှစ်မျိုးကိုပြန်ကြည့်ရင် ပညာရှိတို့ရဲ့နေနည်းနဲ့ ပညာမဲ့ တို့ရဲ့နေနည်း ဒီလိုကွဲပြားသွားတယ်နော်။  ပညာမဲ့တို့ရဲ့နေနည်းကတော့ဒီဘ၀မှာကောင်းစားရရင်ပြီးရောဆိုပြီးတော့ အကျိုးအကြောင်း အဆိုးအကောင်းကိုမသိဘူး၊ စားဖို့သောက်ဖို့ကလွဲပြီး ဘာမှမစဉ်းစားတော့ဘူး၊ ဒီဘ၀ကောင်းဖို့အတွက်ပဲ တွေးမိတယ်လေ။ အသက်မွေးတဲ့အထဲမှာ ပညာနဲ့အသက်မွေးတာအကောင်းဆုံးပဲ။  ပညာနဲ့နေတာကျတော့ စဉ်းစားပြီးတော့လုပ်ကိုင်ဆောင်ရွက်တာ၊ ဘယ်လိုများ နေ့တွေညတွေ ကုန်သွားသလဲဆိုပြီးတော့ စဉ်းစားမိတာနော်။ ကိုယ့်ကိုယ်ကိုစစ်ဆေးပြီးတော့ပညာနဲ့အသက်ရှင်တာနော်၊ ကောင်းတဲ့နည်းနဲ့ နေ့တွေရက်တွေကိုကုန်အောင်အသုံးချပြီးတော့ အသက်မွေးသွားတာ။  (ဒေါက်တာနန္ဒမာလာဘိဝံသ) (ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်တရားတော်)  နှင်းဆီဖူးလေးများ  Aye Chan Mon# Credit To :မြန်မာ့ရောင်စဉ်> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ဘ၀မှာနေတဲ့အခါမှာ စိတ်ဓါတ်ရေးရာ မှာကောင်းတာကို အတုယူရမယ်။
  လူဆိုတာစီးပွားရေး မျက်စိ လည်းရှိရမယ်။ ဓမ္မာရေးရာ အသိလည်းရှိရမယ်။
 
လူ့အသိုင်း အ၀ိုင်းမှာနေတဲ့ အခါမှာ စီးပွားရေးမျက်စိ မရှိလို့လည်းမဖြစ်ဘူး နော်။ တရားသဖြင့်သာစီးပွားရှာ ရမယ်နော်၊ ဓမ္မအသိရှိတဲ့အတွက်လည်း စီးပွားရှာတဲ့အခါမှာ မကောင်းတာမှန်သမျှမလုပ်မိအောင် တရား နဲ့ ထိန်းသွားနိုင်ရမယ် ။ 
 
ထိုပုဂ္ဂိုလ်ရလာတဲ့အကျိုးစီးပွားကိုလည်း ဓမ္မိယလဒ္ဓ တရားသဖြင့်ရတဲ့ အကျိုးစီးပွား လို့ ဒီလိုဆိုထား တယ်နော်။


အဲဒီ တရားသဖြင့်ရလာတဲ့ အကျိုးစီးပွားနဲ့ ခုနက ဓမ္မအသိဥာဏ်နဲ့ ၂-ခု ပေါင်းပြီးတော့ မိမိကိုယ်တိုင်လည်း ချမ်းသာအောင်နေတယ်။မိမိပါတ်ဝန်းကျင်ကိုလည်းချမ်းသာအောင်ထားတယ်။မိဘကိုလည်းကျွေးမွေးစောင့်
ရှောက်တယ်။ဆွေမျိုးသားချင်းတွေကိုလည်းထောက်ပံ့တယ်။ 
 
မိမိကိုးကွယ်တဲ့ ဘာသာတရား ကို လည်း ထောက် ပံ့ တယ်ဆိုတဲ့ အလုပ်တွေလုပ် တာဟာဘ၀ မှာကောင်း တာတွေကိုလုပ်တဲ့လုပ်နည်းဖြစ်တယ်။

နေ့စဉ်ဘ၀တစ်ခုမှအခြေခံအားဖြင့် အကျိုးရှိအောင်နေဖို့ဆိုတာ အကုသိုလ်နည်းအောင်နေဖို့ အတွက်ပဲဖြစ် တယ်။ လူရယ်လို့ဖြစ်လာရင်စီးပွားရှာရမှာပဲ။
 
 စီးပွားရှာတဲ့ အခါမှာလည်း တရားမျှ တစွာနဲ့ ကုသိုလ် စိတ်မွေးပြီးရှာဖွေကြရမှာ စိတ်ဖြူ စင်အောင် ထားပြီး ဆောင်ရွက်ကြရမယ်၊ ငါလုပ်တဲ့ အလုပ်တွေဟာ အများ အတွက်ဖြစ် ပါစေ၊ အများအတွက် ငါလုပ်သမျှတွေဟာ အကျိုးဖြစ်ပါစေ၊ဒီလိုစိတ်ထားမျိုးထားပြီးတော့ လုပ်ကိုင်ပေးရမယ်။ ဒါဟာဘ၀ မှာအကျိုးရှိအောင်နေနည်း တစ်ခုပေါ့။

လောကမှာ နေနည်းနှစ်မျိုးကိုပြန်ကြည့်ရင် ပညာရှိတို့ရဲ့နေနည်းနဲ့ ပညာမဲ့ တို့ရဲ့နေနည်း ဒီလို ကွဲပြားသွား တယ်နော်။

ပညာမဲ့တို့ရဲ့နေနည်း ကတော့ဒီဘ၀မှာကောင်းစားရရင်ပြီးရော ဆိုပြီးတော့ အကျိုးအကြောင်း အဆိုး အကောင်းကိုမသိဘူး၊ စားဖို့သောက်ဖို့ကလွဲပြီး ဘာမှမစဉ်းစားတော့ဘူး၊ ဒီဘ၀ကောင်းဖို့ အတွက် ပဲ တွေးမိတယ်လေ။ အသက်မွေးတဲ့အထဲမှာ ပညာနဲ့အသက်မွေးတာ အကောင်းဆုံးပဲ။

ပညာနဲ့နေတာကျတော့ စဉ်းစားပြီးတော့လုပ်ကိုင်ဆောင်ရွက်တာ၊ ဘယ်လိုများ နေ့တွေညတွေ ကုန်သွား သလဲဆိုပြီးတော့ စဉ်းစားမိတာနော်။ ကိုယ့်ကိုယ်ကို စစ်ဆေးပြီးတော့ ပညာနဲ့အသက် ရှင်တာနော် ၊ ကောင်းတဲ့နည်းနဲ့ နေ့တွေရက်တွေကိုကုန်အောင်အသုံးချပြီးတော့ အသက်မွေးသွားတာ။

(ဒေါက်တာနန္ဒမာလာဘိဝံသ)
(ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်တရားတော်)

နှင်းဆီဖူးလေးများ

Aye Chan Mon# Credit To :မြန်မာ့ရောင်စဉ်> ပြန်လည် မျဝေခြင်း ဖြစ်ပါသည် ။



No comments:

Post a Comment