Thursday, January 23, 2014

မလေးရှားနိုင်ငံရောက် သားများမှ မြန်မာပြည်မှ မိဘများ ထံသို့ ပေးစာ

မလေးရှားနိုင်ငံရာက် သားများမှ မြန်မာပြည်မှ မိဘများထံသို့ ပေးစာ  သို့ ...........  အဖေနဲ့အမေ  သားရိုသေစွာစာရေးလိုက်ပါတယ်။သားအခု အဆင်ပြေပါတယ် အဖေနဲ့အမေ။သားတို့တွေအခု မသေသေးဘူးဗျ။ အသက်ရှိနေသ၍ မျှော်လင့်ချက်ရှိနေသေးတယ် ဆိုတဲ့စကားလည်း ရှိသေးတာပဲလေ။အခုဟာက စီမံချက်ဗျ။  သားတို့တင်မဟုတ်ဘူး နိုင်ငံခြားသားအကုန်လုံးကို ဖမ်းတာ။အေးအေးဆေးဆေးပါပဲ သကြိုးအရှည်ကြီးနဲ့ လူလေးငါးယောက်ကိုတွဲခတ်တယ် ကေဘယ်တိုက်နဲ့ချည်တယ်။ အဲလိုလေးပဲ ဖမ်းတာပါ အဖေနဲ့အမေ။ တချို့ဆို တောထဲကိုထွက်ပြေးကြရတယ်။မြွေမကြောက် ကင်းမကြောက်(အုန်းတောထဲဆို  မြွေဟောက်ကပေါတယ်)၊ဖိနပ်မပါပဲ ပြေးကြရတယ်။ လိုက်များလာနေပြီလားလို့ နောက်ကိုကြည့်ကြရင်း  နေ့လည်စာ ညစာ ဆိုတာ ဘယ်လိုပုံစံလဲ အိပ်မက်မမက်ရဲကြဘူး။ ဒါပေမဲ့ သားတို့မသေသေးဘူးလေဗျာ။ ဘာမှ စိတ်မပူနဲ့။  ဟုတ်တယ်အဖေနဲ့အမေ။သူတို့ပြောတာမှန်တယ်။ဘယ်သူမှ ရိုက်လွှတ်လို့ သွားခဲ့တာမဟုတ်ဘူး။ ကိုယ့်အခြေအနေကိုယ်သိလို့ ချေးငှားပြီး သူများနိုင်ငံထွက် ရသမျှလစာလေးနဲ့ ဈေးပေါတဲ့ ခေါက်ဆွဲခြောက်ထုပ်တို့  ကြက်ဥတို့ကို စပါရှယ်စားပြီး အိမ်အတွက် ပိုက်ဆံပို့ပေးကြတာ သားတို့မှားလား။  သားတို့တွေ လူသတ် မုဒိမ်းကျင့် အက်စစ်လောင်း မီးရှို့တာတွေ လုပ်ဖူးလို့လား။  အလုပ်ချိန် ၁၂ နာရီအပြင် အပိုဝင်ငွေရအောင် ပတ်တိုင်းလေးတွေဆင်းတာ သားတို့မှားလား။  ပြန်လာဖို့ခေါ်တော့ အရင်းမကျေလို့မပြန်တာ အိမ်စီးပွားရေးကျပ်တည်းနေသေးလို့မပြန်တာ အဲဒါတွေက  သားတို့မှားလား။သားတို့ကပိုချစ်တတ်ပါတယ်ဗျာ။ နှလုံးသားတွေ နိုင်ငံခြားရင်း ရင်းခဲ့ရတဲ့ဘဝတွေပါ။  နိုင်ငံတိုင်း နိုင်ငံတိုင်းက လူတွေက တခြားနိုင်ငံကို အလုပ်သွားလုပ်ဖူးကြမှာပဲလေဗျာ။  ဘာလို့သားတို့ကိုကျမှ ပြောကြရတာလဲ။ဘယ်သူကကော မိဝေးဖဝေး တခြားနိုင်ငံမှာ  သွားလုပ်ချင်မှာတုန်း။ ကိုယ့်အမိမြေမှာပဲ မိသားစုနဲ့အိုးမကွာ အိမ်မကွာ နေချင်တယ်ပေါ့ဗျာ။  သူတို့တွေ ပြောရက်တယ်ဗျာ။  အခုအဆင်ပြေသေးတယ်လေဗျာ။ သားတို့ကို သူတို့မသတ်ပါဘူးဗျာ။ ဘာမှ စိတ်မပူကြပါနဲ့။  အဖေနဲ့အမေသာ ကျန်းမာရေးကိုဂရုစိုက်ကြပါ။နေကောင်းအောင်နေကြပါ။  ယောက်ျားလေးဆိုတာ ထောင်အပြင်တန်းမရှိဘူး အဖေနဲ့အမေရ။ဒါပေမဲ့ အခု  မိန်းမတွေအတွက်လည်း အဲဒီစကားကအကျုံးဝင်နေပြီလေ။ အခုကိစ္စက  ဒီနိုင်ငံအစိုးရကို အပြစ်ပြောလို့မရဘူးဗျ။အဲဒါက စီမံချက်။ သူ့တို့ကတာဝန်အရလုပ်တာလေဗျာ။  ကဲကဲ .... အဖေနဲ့အမေ ဘာမှဖြစ်မနေကြနဲ့။စိတ်ပူမနေ့နဲ့။  အဖေနဲ့အမေတို့သာ နေကောင်းအောင်နေ။ သားအတွက် စိတ်မပူနဲ့။  သားတို့အဆင်ပြေသေးတယ်။ သားတို့တွေ မသေသေးပါဘူးဗျာ………:)   Ref:  1. နယုန်စစ်        2. Htet Akar Soe        3. Sanmin Oo  Admin Nay Zaw Lin1 Free Online Radio Media (Malaysia) Website - www.malaysiaonlineradiomedia.com Facebook Page - www.facebook.com/pages/Nayzawlin1/29253007413172
 သို့ ........... အဖေနဲ့ အမေ သားရိုသေစွာ စာရေးလိုက်ပါတယ်။
သားအခု အဆင်ပြေပါတယ် အဖေနဲ့ အမေ။သားတို့တွေ အခု မသေသေးဘူးဗျ။ အသက်ရှိနေ သ၍ မျှော်လင့်ချက် ရှိနေသေးတယ် ဆိုတဲ့စကားလည်း ရှိသေးတာပဲလေ။
အခုဟာက စီမံချက်ဗျ။ သားတို့တင်မဟုတ်ဘူး နိုင်ငံခြားသား အကုန်လုံးကို ဖမ်းတာ။အေးအေးဆေးဆေး ပါပဲ ။သံကြိုးအရှည်ကြီးနဲ့ လူလေးငါးယောက်ကိုတွဲခတ်တယ် ကေဘယ်တိုက်နဲ့ချည်တယ်။ အဲလိုလေးပဲ ဖမ်းတာပါ အဖေနဲ့အမေ။ တချို့ဆို တောထဲကို ထွက်ပြေးကြရတယ်။မြွေမကြောက် ကင်းမကြောက် (အုန်းတောထဲဆို မြွေဟောက်ကပေါတယ်)၊ဖိနပ်မပါပဲ ပြေးကြရတယ်။လိုက်များလာနေပြီလားလို့ နောက် ကိုကြည့်ကြရင်း နေ့လည် စာ ညစာ ဆိုတာ ဘယ်လိုပုံစံလဲ အိပ်မက်မမက်ရဲကြဘူး။ 

 
ဒါပေမဲ့ သားတို့ မသေသေးဘူးလေဗျာ။ ဘာမှ စိတ်မပူနဲ့။ ဟုတ်တယ်အဖေနဲ့ အမေ။ သူတို့ပြောတာမှန်တယ်။ ဘယ်သူမှ ရိုက်လွှတ်လို့ သွားခဲ့တာမဟုတ်ဘူး။ ကိုယ့်အခြေအနေကိုယ်သိ လို့ ချေးငှားပြီး သူများနိုင်ငံထွက် ရသမျှ လစာလေးနဲ့ ဈေးပေါတဲ့ ခေါက်ဆွဲခြောက်ထုပ် တို့ ကြက်ဥတို့ကို စပါယ်ရှယ်စားပြီး အိမ်အတွက် ပိုက်ဆံပို့ပေးကြတာ သားတို့မှားလား။ 
သားတို့တွေ လူသတ် မုဒိမ်းကျင့် အက်စစ်လောင်း မီးရှို့တာတွေ လုပ်ဖူးလို့လား။ အလုပ်ချိန် ၁၂ နာရီအပြင် အပို ဝင်ငွေရအောင် ပတ်တိုင်းလေးတွေ ဆင်းတာ သားတို့မှားလား။ ပြန်လာဖို့ခေါ်တော့ အရင်းမကျေ လို့မပြန်တာ အိမ်စီးပွားရေး ကျပ်တည်းနေသေးလို့မပြန်တာ အဲဒါတွေက သားတို့မှားလား။ သားတို့ကပို ချစ်တတ် ပါတယ်ဗျာ။ နှလုံးသားတွေ နိုင်ငံခြားရင်း ရင်းခဲ့ရတဲ့ဘဝတွေပါ။ နိုင်ငံတိုင်း နိုင်ငံတိုင်းက လူတွေက တခြားနိုင်ငံကို အလုပ်သွားလုပ်ဖူးကြမှာပဲလေဗျာ။ ဘာလို့ သားတို့ကိုကျမှ ပြောကြရတာလဲ။ 
ဘယ်သူကကော မိဝေးဖဝေး တခြားနိုင်ငံမှာ သွားလုပ်ချင်မှာတုန်း။ ကိုယ့် အမိမြေမှာပဲ မိသားစုနဲ့ အိုးမကွာ အိမ်မကွာ နေချင်တယ်ပေါ့ဗျာ။ သူတို့တွေ ပြောရက်တယ်ဗျာ။ အခုအဆင်ပြေသေးတယ်လေဗျာ။ သားတို့ကို သူတို့ မသတ်ပါဘူးဗျာ။ ဘာမှ စိတ်မပူကြပါနဲ့။ အဖေနဲ့အမေသာ ကျန်းမာရေးကိုဂရုစိုက်ကြပါ ။နေကောင်းအောင်နေကြပါ ။ 
 ယောက်ျားလေး ဆိုတာ ထောင်အပြင်တန်း မရှိဘူး အဖေနဲ့အမေရ။ ဒါပေမဲ့ အခု မိန်းမတွေ အတွက်လည်း အဲဒီစကားက အကျုံးဝင်နေပြီလေ။ အခုကိစ္စက ဒီနိုင်ငံ အစိုးရကို အပြစ်ပြောလို့မရဘူးဗျ။ အဲဒါက စီမံချက်။ သူ့တို့ကတာဝန်အရ လုပ်တာလေဗျာ။ 
ကဲကဲ .... အဖေနဲ့အမေ ဘာမှဖြစ်မနေကြနဲ့။ စိတ်ပူမနေ့နဲ့။ အဖေနဲ့အမေတို့သာ နေကောင်းအောင်နေ။ သားအတွက် စိတ်မပူနဲ့။ သားတို့အဆင်ပြေသေးတယ်။ သားတို့တွေ မသေသေးပါဘူးဗျာ………:) 
Ref: 1. နယုန်စစ် 2. Htet Akar Soe 3. Sanmin Oo Admin Nay Zaw Lin1 Free Online Radio Media (Malaysia) Website - www.malaysiaonlineradiomedia.com 

No comments:

Post a Comment