Monday, January 27, 2014

အကောင်းဆုံးနည်း .

အကောင်းဆုံးနည်း ... Monday, January 27, 2014  လူတိုင်းလူတိုင်း တစ်ခါတစ်လေ  ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ  ဘယ်လိုပဲ ပေါင်းသင်းနေထိုင် ပြုပြင်ပေမယ့် ပြုပြင်လို့ မရသူများ၊  လိုက်လျောလို့ မရသူများ၊   အဆင်ပြေအောင် ဆက်ဆံလို့ မရသူများ ရှိတတ်ပါတယ်။ အဲဒီသူတွေကြောင့် ကိုယ့်မှာ စိတ်ပန်းလူပန်း ဖြစ်ကြရပြီး  နေ့စဉ်နှင့်အမျှ သူတို့ကို အကြောင်းပြုကာ  အကုသိုလ်များသာ ဖြစ်နေကြတာကို ကြုံဖူးကြမှာ ဖြစ်ပါတယ်။  ပုထုဇဉ်တွေရဲ့ သဘာဝအရ အဆင်မပြေ  ဖြစ်ကြပြီဆိုရင် တဘက်သူ ဘာပဲလုပ်လုပ်၊  ဘာပဲပြောပြော အကောင်းမြင်တတ်တဲ့  သဘောမရှိဘဲ မကောင်းဘက်ကပဲ တွေးနေမိတတ်ပါတယ်။  မကောင်းအမြင်နဲ့ မကောင်းတွေးထင်နေရင်  မကောင်းတဲ့ အကုသိုလ်ပဲ ဖြစ်နေကြမှာ ဖြစ်တဲ့အတွက်  မချစ်မနှစ်သက်သူ၊   အဆင်မပြေသူများနဲ့ ရှောင်လွဲမရ  အတူတကွ နေထိုင်ရသူများ အနေနဲ့  နေ့စဉ်နှင့်အမျှ အကုသိုလ် ဖြစ်ဖို့ပဲ များနေကြမှာ ဖြစ်ပါတယ်။ အဲဒီလို အခါမျိုးမှာ တဘက်သူကို ကိုယ့်အလိုကျ၊  ကိုယ့်စိတ်တိုင်းကျ ဖြစ်စေဖို့ ကြိုးစားမနေဘဲ  ကိုယ်ကိုယ်တိုင် အကုသိုလ်မဖြစ်ဘဲ နေနိုင်အောင်ပဲ ကြိုးစားသင့်ပါတယ်။  အဆင်မပြေသူ၊ မချစ်မနှစ်သက်သူ၊  ဆုံးမပြုပြင်လို့ မရသူများကို အကုသိုလ်မဖြစ်အောင် ကြိုးစားရာမှာ အကောင်းဆုံးနည်းကတော့  ဥပေက္ခာပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။  သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှ  ဘယ်လိုအကြောင်းအရာပဲ ဖြစ်ဖြစ် လိုက်ပြီး  ခံစားမနေဘဲ လျစ်လျူရှုကာ   သဗ္ဗေသတ္တာ ကမ္မဿကာလို့ နှလုံးသွင်း နေလိုက်ခြင်းကသာ ကုသိုလ်မရပေမယ့်  အကုသိုလ်မဖြစ်တဲ့ အမှန်ကန်ဆုံး၊  အကောင်းဆုံး နည်းတစ်ခုပဲ ဖြစ်ပါတယ်။  - [မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)] Dhamma Danã Source ► Young Buddhist's Association
 
လူတိုင်းလူတိုင်း တစ်ခါတစ်လေ
ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ
ဘယ်လိုပဲ ပေါင်းသင်းနေထိုင်
ပြုပြင်ပေမယ့် ပြုပြင်လို့ မရသူများ၊
လိုက်လျောလို့ မရသူများ၊
အဆင်ပြေအောင် ဆက်ဆံလို့ မရသူများ ရှိတတ်ပါတယ်။
 
အဲဒီသူတွေကြောင့် ကိုယ့်မှာ စိတ်ပန်းလူပန်း ဖြစ်ကြရပြီး
နေ့စဉ်နှင့်အမျှ သူတို့ကို အကြောင်းပြုကာ
အကုသိုလ်များသာ ဖြစ်နေကြတာကို
ကြုံဖူးကြမှာ ဖြစ်ပါတယ်။


ပုထုဇဉ်တွေရဲ့ သဘာဝအရ အဆင်မပြေ
ဖြစ်ကြပြီဆိုရင် တဘက်သူ ဘာပဲလုပ်လုပ်၊
ဘာပဲပြောပြော အကောင်းမြင်တတ်တဲ့
သဘောမရှိဘဲ မကောင်းဘက်ကပဲ တွေးနေမိတတ်ပါတယ်။
မကောင်းအမြင်နဲ့ မကောင်းတွေးထင်နေရင်
မကောင်းတဲ့ အကုသိုလ်ပဲ ဖြစ်နေကြမှာ ဖြစ်တဲ့အတွက်
မချစ်မနှစ်သက်သူ၊

အဆင်မပြေသူများနဲ့ ရှောင်လွဲမရ
အတူတကွ နေထိုင်ရသူများ အနေနဲ့
နေ့စဉ်နှင့်အမျှ အကုသိုလ် ဖြစ်ဖို့ပဲ များနေကြမှာ ဖြစ်ပါတယ်။
အဲဒီလို အခါမျိုးမှာ တဘက်သူကို ကိုယ့်အလိုကျ၊
ကိုယ့်စိတ်တိုင်းကျ ဖြစ်စေဖို့ ကြိုးစားမနေဘဲ
ကိုယ်ကိုယ်တိုင် အကုသိုလ်မဖြစ်ဘဲ နေနိုင်အောင်ပဲ
ကြိုးစားသင့်ပါတယ်။

အဆင်မပြေသူ၊ မချစ်မနှစ်သက်သူ၊
ဆုံးမပြုပြင်လို့ မရသူများကို အကုသိုလ်မဖြစ်အောင်
ကြိုးစားရာမှာ အကောင်းဆုံးနည်းကတော့
ဥပေက္ခာပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။
သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှ
ဘယ်လိုအကြောင်းအရာပဲ ဖြစ်ဖြစ် လိုက်ပြီး
ခံစားမနေဘဲ လျစ်လျူရှုကာ

သဗ္ဗေသတ္တာ ကမ္မဿကာလို့ နှလုံးသွင်း
နေလိုက်ခြင်းကသာ ကုသိုလ်မရပေမယ့်
အကုသိုလ်မဖြစ်တဲ့ အမှန်ကန်ဆုံး၊
အကောင်းဆုံး နည်းတစ်ခုပဲ ဖြစ်ပါတယ်။

- [မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]
Dhamma Danã Source ►
Young Buddhist's Association
From... Myanmar Online News
 

No comments:

Post a Comment