Saturday, January 18, 2014
" အော် …အေး "
"  အော် … အေး  "  ဓမ္မနယ်ပယ်မှာထင်ရှားကြော်ကြားလှတဲ့ဆရာ တော်ကြီးတစ်ပါးရှိခဲ့ဘူးပါတယ်။ဆရာတော် ဘုရားကြီးဟာအနေရိုး အပြောရိုးလှတဲ့အပြင် သီလ သမာဓိ ပညာအကျင့်တွေအားကောင်း လှတာမို့ကြည်ညိုတဲ့ဒကာ ဒကာမတွေလည်း အလွန်များပြားလှပါတယ်။ဆရာတော်ဘုရား ကြီးရဲ့ဘဝအချိန်တော်တော်များများမှာတရား အားထုတ်ချိန်နဲ့ တရားဟောချိန်သာရှိတယ်လို့  အနီးနေဒကာ ဒကာမများထံမှကြားသိရတာမို့ တဆင့်ကြားနဲ့တောင်ကြည်ညိုလို့မဆုံးနိုင် အောင်ဖြစ်ရပါတယ်။  အဲဒီဆရာတော်ဘုရားကြီးဟာတစ်နေ့တော့ အသားနည်းနည်းဝါလာတာမို့ဆေးစစ်ကြည့် လိုက်တော့ အသည်းကင်ဆာဖြစ်နေပြီဆိုတာ သိလိုက်ရပါတယ်။ဆရာဝန်ဆီကကြားလိုက် ရတဲ့အဖြေကြောင့်ဒကာ ဒကာမတွေဟာ စိတ် မကောင်းစွာနဲ့ဆရာတော်ကြီးကိုအသိပေးရပါ တယ်။ညှိုးငယ်တဲ့မျက်နှာထားနဲ့မဝံ့မရဲနဲ့ အသည်းကင်ဆာဖြစ်နေတဲ့အကြောင်းကို လျှောက်ထားကြတဲ့ဒကာ ဒကာမတွေကို ဆရာတော်ဘုရားကြီးကအေးဆေးတည်ငြိမ် စွာနဲ့ စကားတစ်ခွန်းပြန်မိန့်တော်မူပါတယ်။ " အော်…အေး "  ကိုယ့်အသက်ကိုအသေသတ်တော့မယ့်ရောဂါ ဆိုးတစ်ခုကိုယ့်မှာဖြစ်နေတဲ့အကြောင်းကြားရ တာကိုသာမာန်ဆွမ်းစားဖို့ပင့်သလိုဘာမှ မထူးခြားစွာနဲ့"အော်…အေး "လို့ပြန်မိန့်တော် မူနိုင်တဲ့ဆရာတော်ကြီးရဲ့စိတ်ဓာတ်တော်နဲ့ တုန့်ပြန်မှုဟာမိမိအ တွက်တော့အလွန် ကြည်ညိုဖို့ကောင်းလှပါတယ်။ ဟုတ်ပါတယ်လေ။ကိုယ်ကြုံဘူးတဲ့သူတွေနဲ့ တော့ဘယ်တူပါ့မလဲ။မိမိအပါအဝင် အများစု ကတော့ သာမာန်ဖျားတာနာတာ သွားကိုက် တာလေးကိုတောင်မခံနိုင်တဲ့သူတွေကများနေတာကိုး။  ကင်ဆာဖြစ်နေပါတယ်လိုများပြောလိုက်ရင် ကမ္ဘာပျက်မတတ်ထိတ်လန့်ကြောက်ရွံ့စွာနဲ့ ငိုကာရီကာတွေဖြစ်ကြရတော့တာမို့ သီလ သမာဓိ ပညာအကျင့်တွေနဲ့ထုံမွှန်းထားတဲ့ ဆရာတော်ကြီးနဲ့တော့ဘယ်ယှဉ်သာပါ့မလဲ။  အဲဒီနောက်ပိုင်းနှစ်လလောက်မှာဒကာ ဒကာမတွေကအမူအရာပျက်နေသလောက် ဆရာတော်ကြီးကတော့ဘာမှမထူးခြားသလို တရားနှလုံးသွင်းလိုက် တရာဟောလိုက်နဲ့ ခါတိုင်းပုံမှန်နေသလိုသာသီတင်းသုံးတော်မူခဲ့ပါတယ်။နှစ်လလောက်ကြာတော့တစ်ခါစက်အသေးလေးနဲ့ultra sound ပြန်ရိုက်ကြည့် တဲ့အခါအသည်းကင်ဆာဟာအံ့သြဖွယ် ကောင်းလောက်အောင်ပျောက်ကင်းနေတာမို့ ဒကာ ဒကာမတွေကအာရဝမ်းသာဆရာတော် ဘုရားကြီးကိုကင်ဆာရောဂါမရှိတော့တဲ့အ ကြောင်းလျှောက်ထားကြတဲ့အခါဆရာတော် ဘုရားကြီးကစကားတစ်ခွန်းပြန်မိန့်တော်မူပါ တယ်။  " အော်  …အေး "  မိမိတို့သာဆိုရင်ထခုန်မိမတတ်ဝမ်းသာအားရ ဖြစ်ရမဲ့စကားကိုဆရာတော်ကြီးကတော့ တစ်ချက်ကလေးမှထူးပြီးဝမ်းသာခြင်းဖြစ် တော် မမူပါဘူး။ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ တော့ဆရာတော်ဘုရားကြီးရဲ့အခြေအနေဟာ ပိုပြီးဆုတ်ယုတ်လာတာမို့တစ်လလောက်အ ကြာမှာတစ်ခါထပ်ပြီး ultra sound ရိုက် ကြည့်တော့အသည်းကင်ဆာဟာအလွန်ကြီး နေတဲ့အပြင်တစ်ခြားအင်္ဂါအစိတ်အပိုင်းတွေ ကိုပါပြန့်နေပါပြီ။ထုံးစံအတိုင်းဘဲပြန့်နေတဲ့ ကင်ဆာရောဂါအကြောင်းကိုဆရာတော်ဘု ရားကြီးကိုလျှောက်ထားကြတဲ့အခါဆရာတော် ကြီးကလည်းထုံးစံအတိုင်းဘဲစကားတစ်ခွန်း ပြန်မိန့်တော်မူပါတယ်။ " အော်…အေး "တဲ့။ မှတ်မှတ်ရရ စကားတစ်ခွန်းတော့ပြောလိုက်ပါ သေးတယ်။" လက်စသပ်တော့ငါ့ကိုဒီလောက် နှိပ်စက်နေတာငါ့အထဲမှာဒီကောင်ရှိနေလို့ကိုး"  ဆရာဝန်တွေ အတွေ့အကြုံရှိတဲ့သူတွေဆိုရင် ပိုသိပါတယ်။ကင်ဆာရောဂါကြောင့်နာတဲ့အ နာဟာအလွန်ဆိုးပါတယ်။တစ်ချက်ကလေးမှ သက်သာတယ်မရှိလောက်အောင်ဆက်တိုက် အလွန်ပြင်းထန်စွာမနားမနေနာတာပါ။           ကင်ဆာpain ကိုမခံနိုင်လွန်းလိုကိုယ်ကိုယ် ကိုမြန်မြန်သေအောင်နံရံနဲ့ခေါင်းနဲ့ဆောင့်တဲ့ ကုတင်ပေါ်ကလှိမ့်ချပြီးသေကြောင်းကြံတဲ့လူ နာတွေကိုတောင်တွေ့ဘူးပါတယ်။အဲဒီ လောက်ဆိုးတဲ့နာကျင်မှုကိုတစ်ချက်မငြီးဘဲ သည်းခံတော်မူနိုင်တဲ့ဆရာတော်ကြီးရဲ့ဥာဏ် တော်ဟာမိမိအတွက်တော့အံ့မခန်းကြီးကျယ် မြင့်မြတ်တော်မူလှပါတယ်။  အဲဒီနောက်ပိုင်းမှာလည်းဆရာတော်ကြီးဟာ ထုံးစံအတိုင်းမောရင်နားပြီးတရားနှလုံးသွင်း လိုက် သက်သာလာတဲ့အခါ အနားနေ တပည့်ဒကာ ဒကာမတွေကို တရားဟော လိုက်နဲ့အချိန်တွေကိုကုန်လွန်တော်မူစေခဲ့ ပါတယ်။မျက်နှာတော်တစ်ချက်မညှိုးခဲ့ပါဘူး။အသံတစ်ချက်မညည်းခဲ့ပါဘူး။နောက်နှစ်လ လောက် အကြာမှာဘဲ"အော်…အေး"ဆိုတဲ့ စကားနှစ် ခွန်းနဲ့အသည်းကင်ဆာလိုရောဂါ ဆိုးကြီးကိုအလွန်မြင့်မြတ်တဲ့ ဥာဏ်တော်ကြီး နဲ့သည်းခံပြီး ရင်ဆိုင်ခဲ့တဲ့ ဆရာတော် ဘုရားကြီးဟာ နောက်ဆုံးနေ့အထိ ဒကာ ဒကာမတွေကို တရားတွေဟောသွားရင်းနဲ့ ခန္ဓာဝန်ချသွား တော်မူခဲ့ပါတယ်။ အနီးနေဒကာ ဒကာမတွေ ဘယ်သူမှ ဆရာတော်ဘုရာကြီးရဲ့ညှိုးနွမ်းတဲ့ အသွင်အပြင်နဲ့ ညည်းငြူတဲ့အသံကိုမမြင်ဘူး မကြားဘူးလိုက်ကြရပါဘူး။  မြင့်မြတ်လှသူတွေရဲ့သေခြင်းတရားကိုရင် ဆိုင်သွာကြပုံဟာ ကြက်သီးမွေးညှင်းထ လောက်အောင်ကြည်ညိုဖို့ကောင်းလှပါတယ်။ စိတ်ထဲမှာအနှစ်သက်ရဆုံးစကားကတော့   "အော်…အေး "ပါပဲ။ ဘာလို့လည်းဆိုတော့မိမိမှာအဲဒီလို"အော်… အေး"နိုင်တဲ့အရည်အသွေးမရှိလို့ပါပဲ။ကိုယ် မထားရှိနိုင်တဲ့မြင့်မြတ်တဲ့အကြောင်းအရာတွေ ကိုကြားသိရတိုင်းအဲဒီစကားဟာမိမိအတွက် အလွန်နှစ်သက်စွာအတုယူရမဲ့စကားတစ်ခွန်း ဖြစ်နေတတ်ပါတယ်။  ပူပူနွေးနွေးဖြစ်ခဲ့တာပါ။မိမိတို့ပုထုဇဉ်တွေမှာ မသိသာပေမဲ့အလွန်ကြီးမားအားကောင်းတဲ့ ကိလေသာကြီးတစ်ခုရှိနေပါတယ်။အဲဒါက တော့အစစ အရာရာအလွန်အဆင်ပြေစေချင် တဲ့လောဘကိလေသာပါ။အကြောင်းကိစ္စတွေချောမွေ့ အဆင်ပြေနေတဲ့အချိန်လောဘနဲ့ ကျေနပ်နေခဲ့တာမို့ရှိလို့ရှိမှန်းတောင်မသိခဲ့ပါဘူး။အထစ်အငေါ့တွေဖြစ်ပြီးအဆင်မပြေတော့ မှသာစိတ်တွေပင်ပန်းလာရတာမို့ဒီကိလေသာရှိနေမှန်းရိပ်မိရတာပါ။  စာအုပ်ထုတ်ဝေဖို့ကိစ္စနဲ့ရန်ကုန်ကိုဆင်းခါနီး အခြစ်ရာအစင်းရာတွေနဲ့ကြည့်မကောင်း တော့တဲ့မျက်မှန်ကိုအသစ်လုပ်လိုက်တာက စပြီးအဆင်မပြေမှုတွေစလာခဲ့တာပါပဲ။ကား ထွက်မဲ့ညနေမှရတာမို့အရင်ပါဝါအတိုင်းဘဲ အသစ်တတ်လာခဲ့တဲ့မျက်မှန်ဟာကြည့်နေရင်း အမြင်တွေဝါးလာပါတယ်။မူးနောက်နောက်နဲ့ အန်ချင်လာပါတယ်။ကားပေါ်ကျမှပါဝါမကိုက် ဘူးဆိုတာနားလည်ရပါတယ်။အခုမှတော့ ဘယ်တတ်နိုင်ပါ့ မလဲ။မူးပေါ့။ အန်ချင်လည်းအန်ပေါ့။  ဒီလိုနဲ့မရောက်တာ(၁၅)နှစ်လောက်ရှိပြီဖြစ်တဲ့ ရန်ကုန်ကိုပါဝါမကိုက်တဲ့မျက်မှန်တစ်လက်နဲ့ ဝါးတားတား မူးတူးတူးရောက်လာခဲ့ပါတယ်။ Taxiစီးတဲ့အချိန်မှာဘဲအလွန်လျှင်မြန်စွာ သက်စွန့်ဆံဖျားမောင်းနေတဲ့taxiကားဟာ ကိုယ့်အတွက်ဒုတိယအဆင်မပြေမှုဖြစ်ခဲ့ပါ တယ်။ကားချင်းတိုက်မလိုလည်း ဖြစ်ခဲ့ပါ သေးတယ်။ကိုယ်အသားကျနေတဲ့ အေးဆေး တဲ့ ပါတ်ဝန်းကျင်မဟုတ်တော့ပါဘူး။ အရာရာဟာအရင်စလိုနိုင်လွန်းနေပါတယ်။   အေးလေ…သူ့အရပ်နဲ့သူ့ဇတ် မောင်းပေါ့။ တိုက်စရာရှိတော့လည်းတိုက်ပေါ့။  တစ်ညလုံးကားစီးလာရတာမို့ငယ်ငယ်က ဒဏ် ဖြစ်ဘူးတဲ့ခါးနာရောဂါကလည်းပြန်ပေါ်လာပါ တယ်။တကယ်နာရင်လမ်းလျှောက်ဖို့တောင် မလွယ်လောက်အောင်ခက်ခဲတတ်တာမို့ အရေးထဲအရာပေါ်သလိုပါပဲ။     အင်းလေ…ဒါလည်းဘယ်တတ်နိုင်ပါ့မလဲ။ နာစရာရှိတာနာပေါ့။  စပြီဆိုကထဲကကိုယ်ဘာမှမတတ်နိုင်တဲ့အ ဆင်မပြေမှုတွေဟာဆက်တိုက်လိုလိုအဖေါ် တွေစုပြီးရောက်လာခဲ့ပါတယ်။စာစီစာရိုက် တွေစစ်ရတဲ့အချိန်ကစလို့ပိုဆိုးလာပါတော့ တယ်။နှစ်ရက်လုံးလုံးပါဝါမကိုက်တဲ့မျက်မှန် တစ်လက်နဲ့စာအမှားတွေကိုအိပ်ချိန်သုံးနာရီ လောက်နဲ့ပြီးအောင်စစ်ရပါတော့တယ်။မူးရစ် နေတဲ့ခေါင်းမမြင်တစ်ချက်မြင်တစ်ချက်စာစစ် ရတာအလွန်ပင်ပန်းပါတယ်။ခေါင်းမူးနေတာ လည်းပိုဆိုးလာတာမို့ဖိစီးမှုတွေအားကောင်း လာတဲ့အခါစိတ်တွေဟာစကားပြော လာပါ တော့တယ်။ဒါတော့မမှားသင့်ဘူး။တစ် ပိုဒ် လုံးကျန်ပြန်ုပြီ။တော်တော်ဆိုးတာပဲ။သေချာ မလုပ်ဘူး။စိတ်ထဲမှာဟင်တွေဟာတွေများစွာ နဲ့မကျေမနပ်ဖြစ်ရင်းBallpen ကိုစားပွဲပေါ် ကိုဒေါသနဲ့ပစ်တင်မိတော့မဲ့အချိန်မှာသတိ တစ်ချက်ဝင်လာတာဟာမိမိအတွက်တော့ အလွန်သက်သာသွားရပါတယ်။  ဟုတ်ပါတယ်။လူရှေ့မှာဖြစ်ဖြစ် လူမမြင်ကွယ် ရာမှာဘဲဖြစ်ဖြစ် ကိလေသာစိတ်အရင်းခံနဲ့ ပြုသမျှပြောသမျှဟာ ဝီတိက္ကမကိလေသာ တွေပါပဲ။ ရှောင်လွှဲလို့မရနိုင်တဲ့အဆက်မပြတ်ဖြစ်လာတဲ့အဆင်မပြေမှုတွေဟာကိုယ့်ကိုအခါမလပ် နှိပ်စက်နေတာမို့လူကိုရောစိတ်ကိုပါပင်ပန်းစေ ပါတယ်။နောက်ဆုံးတစ်ချိန် limit တွေကုန် ဆုံးလို့ မနိုင်တော့တဲ့အခါ ကိုယ့်ရဲ့အရည် အသွေးတွေကို အလွန်ကျဆင်းသွားစေတတ် ပါတယ်။ လွန်ကြူးတာတွေမဖြစ်ရင်တောင်မှ စိတ်မှာ ကိလေသာအရောင်တွေနဲ့ စွန်းထင်း နေတာမို့ ကောင်းတဲ့အရည်အသွေးတွေကို ထိခိုက်စေတတ်ပါတယ်။သတိဖြစ်တယ်ဆိုရင် တောင် အလွန်အားနည်းတတ်ပါတယ်။           တခြားသူတွေသိတာမသိတာအသာထား ကိုယ့်ရဲ့ ကာယကံ ဝစီကံတွေ အရည်အသွေး မပြည့်မီတာဟာစိတ်ထဲမှာအလွန်ထင်ရှားလှပါတယ်။ဆုံတဲ့အာရုံတွေအပေါ်တဖြည်းဖြည်း ကိလေသာတွေနဲ့ဘဝင်မကျတာတွေကိုစုလာရင်းနဲ့စိတ်နာနေမိတာမို့ ဒါဟာကိုယ့်ရဲ့ အားနည်းချက်တစ်ခုသာဖြစ်ပါတော့တယ်။  ဘာမဟုတ်တာလေးတွေအပေါ်မှာတောင် မအော်နိုင်မအေးနိုင်ခဲ့တာကိုယ့်ရဲ့လိုအပ်ချက် ပါ။ဒီခံစစ်မှာမလွန်ကြူးမိတာတစ်ခုကလွဲပြီး အဖတ်ဆယ်စရာမရှိခဲ့တာကိုယ့်ရဲ့သတိဥာဏ် မပြည့်စုံမှုပါ။လောက်လောက်လားလားအသိ ဥာဏ်တွေမရှိသေးတဲ့ပုထုဇဉ်တစ်ယောက်ရဲ့ စိတ်အရည်အသွေးတွေဟာ အလွန်အတက် အကျမြန်လှပါတယ်။အလွန်မခိုင်မြဲတဲ့သဘာဝ တွေသာရှိနေတတ်ပါတယ်။ဘာမှကိုဘာမှ စိတ်ချရတယ်မရှိပါဘူး။အာရုံတွေရဲ့လွှမ်းမိုးမှု ကိုတစ်ခါမဟုတ်တစ်ခါတော့ခံရတော့တာပါပဲ။ဒါကြောင်းလည်း အခုအချိန်အထိကိုယ့်ကိုယ် ကိုကြည်ညိုလို့ မရနိုင်တာပါ။  ဘဝထဲမှာသတိပဋ္ဌာန်တရားအားထုတ်ရတာကိုမိမိအလွန် နှစ်သက်ရတဲ့အကြောင်းရင်း တစ်ခုရှိပါတယ်။ အဲဒါကတော့အာရုံတွေနဲ့ဆုံတိုင်းကိုယ့်စိတ် အခြေအနေတွေကိုအမှန်အတိုင်းသိနေရတာမို့ကိုယ့်အကြောင်းကို အမြဲအမှန်အတိုင်း နားလည်ခွင့် ရစေပါတယ်။ အနည်းဆုံးကိုယ့်ကိုယ်ကို တဏှာ မာန ဒိဋ္ဌိ တွေနဲ့အထင်ကြီးတစ်ခွဲသား နဲ့ထင်ချင်သလို ထင်တတ်တဲ့အဖြစ်ကနေပြီး သက်သာမှုရစေ ပါတယ်။  ဒီတစ်ခေါက်ခရီးထွက်ရတာမိမိအတွက်တော့  အလွန်တန်ဘိုးရှိလှပါတယ်။ကိုယ့်ကိုယ်ကိုပိုပြီး နားလည်လာရသလို ဆရာတော်ကြီးတစ်ပါး ရဲ့"အော်…အေး" နိုင်တော်မူခဲ့တဲ့ဥာဏ်တော် ကိုကြားနာကြည်ညိုခွင့်ရခဲလို့ပါ။ဆုံသမျှ  လောကဓံဟူသမျှနဲ့ ကိုယ့်အနေအထားနဲ့ လျော်ညီစွာ "အော်…အေး"နိုင်ဖို့ သတိပဋ္ဌာန် အကျင့်မြတ်ကိုအခုထက်အဖေါ်ပြု ရင်း ဆုံသမျှအာရုံနဲ့ စိတ်မနာတတ်အောင်၊  အဆင်မပြေသော်လည်းစိတ်ကောင်းကလေး မပျောက်အောင်၊များစွာဖြည့်ကျင့်လို့ သင်ယူရ ပါအုံးမယ်။                              မေတ္တာဖြင့် Photo credit-young buddhust's association.
" အော် … အေး " 
 ဓမ္မနယ်ပယ်မှာထင်ရှားကြော်ကြားလှတဲ့ဆရာ တော်ကြီး တစ်ပါးရှိခဲ့ဘူးပါတယ်။ဆရာတော် ဘုရားကြီးဟာ အနေရိုး အပြောရိုးလှတဲ့ အပြင် သီလ သမာဓိ ပညာအကျင့်တွေအားကောင်း လှတာမို့ ကြည်ညိုတဲ့ဒကာ ဒကာမတွေလည်း အလွန်များပြားလှပါတယ်။
ဆရာတော်ဘုရား ကြီးရဲ့ဘဝအချိန်တော်တော်များများ မှာတရား အားထုတ်ချိန်နဲ့ တရားဟောချိန်သာရှိ တယ် လို့ အနီးနေဒကာ ဒကာမများ ထံမှကြားသိရတာမို့ တဆင့်ကြားနဲ့တောင် ကြည်ညိုလို့ မဆုံးနိုင် အောင်ဖြစ် ရပါတယ်။ အဲဒီဆရာတော်ဘုရားကြီးဟာတစ်နေ့တော့ အသားနည်းနည်းဝါလာတာ မို့ဆေးစစ်ကြည့် လိုက်တော့ အသည်းကင်ဆာဖြစ်နေပြီဆိုတာ သိလိုက်ရပါတယ်။ဆရာဝန်ဆီကကြားလိုက် ရတဲ့ အဖြေကြောင့်ဒကာ ဒကာမတွေဟာ စိတ် မကောင်းစွာနဲ့ဆရာတော်ကြီးကို အသိပေးရပါ တယ်။ 
ညှိုးငယ်တဲ့မျက်နှာထားနဲ့ မဝံ့မရဲနဲ့ အသည်းကင်ဆာဖြစ်နေတဲ့ အကြောင်းကို လျှောက်ထားကြတဲ့ဒကာ ဒကာမတွေကို ဆရာတော်ဘုရားကြီး ကအေးဆေးတည်ငြိမ် စွာနဲ့ စကားတစ်ခွန်းပြန်မိန့်တော်မူပါတယ်။ 
" အော်…အေး " ကိုယ့်အသက်ကို အသေသတ်တော့မယ့်ရောဂါ ဆိုးတစ်ခုကိုယ့်မှာဖြစ်နေတဲ့ အကြောင်း ကြား ရတာကို သာမာန်ဆွမ်းစားဖို့ပင့်သလို ဘာမှ မထူးခြားစွာနဲ့ "အော်…အေး "လို့ပြန်မိန့်တော် မူနိုင် တဲ့ ဆရာတော်ကြီးရဲ့စိတ်ဓာတ်တော်နဲ့ တုန့်ပြန်မှုဟာ မိမိအ တွက်တော့အလွန် ကြည်ညိုဖို့ကောင်းလှပါတယ်။ ဟုတ်ပါတယ်လေ။ကိုယ်ကြုံဘူးတဲ့သူတွေနဲ့ တော့ဘယ်တူပါ့မလဲ။မိမိအပါအဝင် အများစု ကတော့ သာမာန် ဖျားတာနာတာ သွားကိုက် တာလေးကိုတောင်မခံနိုင်တဲ့သူတွေကများနေတာကိုး။ 
ကင်ဆာဖြစ်နေပါတယ်လို့များပြောလိုက်ရင် ကမ္ဘာပျက်မတတ် ထိတ်လန့်ကြောက်ရွံ့စွာနဲ့ ငိုကာရီ ကာတွေဖြစ် ကြရတော့ တာမို့ သီလ သမာဓိ ပညာ အကျင့်တွေနဲ့ထုံမွှန်းထားတဲ့ ဆရာတော်ကြီးနဲ့တော့  ဘယ်ယှဉ်သာပါ့မလဲ။ အဲဒီနောက်ပိုင်းနှစ်လလောက်မှာ ဒကာ ဒကာမတွေက အမူအရာပျက်နေသလောက် ဆရာတော်ကြီး ကတော့ဘာမှမထူးခြားသလို တရားနှလုံးသွင်းလိုက် တရာဟောလိုက်နဲ့ ခါတိုင်းပုံမှန်နေ သလို သာသီတင်းသုံးတော်မူခဲ့ပါတယ်။
နှစ်လလောက်ကြာတော့ တစ်ခါ စက်အသေးလေးနဲ့ultra sound ပြန်ရိုက်ကြည့် တဲ့အခါအသည်းကင်ဆာ ဟာအံ့သြဖွယ် ကောင်းလောက်အောင်ပျောက်ကင်းနေတာမို့ ဒကာ ဒကာမတွေက အားရဝမ်းသာ ဆရာတော် ဘုရားကြီးကိုကင်ဆာရောဂါ မရှိတော့တဲ့အ ကြောင်းလျှောက်ထားကြတဲ့အခါဆရာတော် ဘုရားကြီးက စကားတစ်ခွန်းပြန်မိန့်တော်မူပါ တယ်။ " အော် …အေး " 
မိမိတို့သာ ဆိုရင်ထခုန်မိ မတတ်ဝမ်းသာအားရ ဖြစ်ရမဲ့စကားကို ဆရာတော်ကြီးကတော့ တစ်ချက်ကလေးမှ ထူးပြီးဝမ်းသာခြင်းဖြစ် တော် မမူပါဘူး။ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ တော့ဆရာတော် ဘုရားကြီးရဲ့အခြေ အနေ ဟာ ပိုပြီးဆုတ်ယုတ်လာတာ မို့တစ်လလောက်အ ကြာမှာ တစ်ခါထပ်ပြီး ultra sound ရိုက် ကြည့်တော့ အသည်းကင်ဆာဟာ အလွန်ကြီး နေတဲ့အပြင်တစ်ခြား အင်္ဂါအစိတ်အပိုင်းတွေ ကိုပါပြန့်နေ ပါပြီ။ 
ထုံးစံအတိုင်း ဘဲပြန့်နေတဲ့ ကင်ဆာရောဂါအကြောင်းကို ဆရာတော်ဘု ရားကြီးကိုလျှောက်ထားကြတဲ့ အခါဆရာတော် ကြီးကလည်း ထုံးစံအတိုင်းဘဲစကားတစ်ခွန်း ပြန်မိန့်တော်မူပါတယ်။ " အော်…အေး "တဲ့။ မှတ်မှတ်ရရ စကားတစ်ခွန်းတော့ပြောလိုက်ပါ သေးတယ်။" လက်စသပ်တော့ ငါ့ကို ဒီလောက် နှိပ်စက်နေ တာ ငါ့အထဲမှာဒီကောင်ရှိနေလို့ကိုး" ဆရာဝန်တွေ အတွေ့အကြုံရှိတဲ့သူတွေဆိုရင် ပိုသိပါတယ်။ ကင်ဆာရောဂါကြောင့် နာတဲ့အ နာဟာအလွန်ဆိုးပါတယ်။
တစ်ချက်ကလေးမှ သက်သာတယ် မရှိလောက်အောင် ဆက်တိုက် အလွန်ပြင်းထန်စွာ မနားမနေနာတာပါ။ ကင်ဆာ pain ကိုမခံနိုင်လွန်းလို့ ကိုယ့်ကိုယ် ကိုမြန်မြန်သေအောင်နံရံ နဲ့ခေါင်းနဲ့ဆောင့်တဲ့ ကုတင်ပေါ်က လှိမ့်ချပြီးသေကြောင်းကြံ တဲ့လူ နာတွေကိုတောင်တွေ့ဘူးပါတယ်။ 
အဲဒီ လောက်ဆိုးတဲ့ နာကျင်မှုကိုတစ်ချက်မငြီးဘဲ သည်းခံတော်မူနိုင်တဲ့ ဆရာတော်ကြီးရဲ့ ဥာဏ် တော်ဟာ မိမိအတွက်တော့ အံ့မခန်းကြီးကျယ် မြင့်မြတ်တော်မူလှပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ဆရာတော်ကြီး ဟာ ထုံးစံအတိုင်းမောရင် နားပြီးတရားနှလုံးသွင်း လိုက် သက်သာလာတဲ့အခါ အနားနေ တပည့်ဒကာ ဒကာမတွေကို တရားဟော လိုက်နဲ့ အချိန်တွေကိုကုန်လွန်တော်မူစေခဲ့ ပါတယ်။ 
မျက်နှာတော် တစ်ချက်မညှိုးခဲ့ပါဘူး။ အသံတစ်ချက် မညည်းခဲ့ပါဘူး။နောက်နှစ်လ လောက် အကြာမှာ ဘဲ"အော်…အေး"ဆိုတဲ့ စကားနှစ် ခွန်းနဲ့ အသည်းကင်ဆာလိုရောဂါ ဆိုးကြီးကိုအလွန်မြင့်မြတ်တဲ့ ဥာဏ်တော်ကြီး နဲ့သည်းခံပြီး ရင်ဆိုင်ခဲ့တဲ့ ဆရာတော် ဘုရားကြီးဟာ နောက်ဆုံးနေ့အထိ ဒကာ ဒကာမတွေ ကို တရားတွေဟောသွားရင်း နဲ့ ခန္ဓာဝန်ချသွား တော်မူခဲ့ပါတယ်။ အနီးနေဒကာ ဒကာမတွေ ဘယ်သူမှ ဆရာတော်ဘုရာကြီးရဲ့ ညှိုးနွမ်းတဲ့ အသွင်အပြင်နဲ့ ညည်းငြူတဲ့ အသံကိုမမြင်ဘူး မကြားဘူးလိုက်ကြရပါ ဘူး။ 
 မြင့်မြတ်လှသူတွေ ရဲ့သေခြင်းတရားကိုရင် ဆိုင်သွာကြပုံဟာ ကြက်သီးမွေးညှင်း ထ လောက်အောင်ကြည် ညို ဖို့ကောင်းလှပါတယ်။ စိတ်ထဲမှာအနှစ်သက်ရဆုံး စကားကတော "အော်…အေး "ပါပဲ။ 
ဘာလို့လည်းဆိုတော့ မိမိမှာအဲဒီလို"အော်… အေး"နိုင်တဲ့ အရည်အသွေးမရှိလို့ပါပဲ။ကိုယ် မထားရှိနိုင် တဲ့မြင့်မြတ် တဲ့အကြောင်းအရာတွေ ကိုကြားသိရတိုင်း အဲဒီစကားဟာမိမိအတွက် အလွန်နှစ်သက်စွာအတု ယူရမဲ့စကားတစ်ခွန်း ဖြစ်နေတတ်ပါတယ်။ ပူပူနွေးနွေးဖြစ်ခဲ့တာပါ။ မိမိတို့ ပုထုဇဉ်တွေမှာ မသိသာပေမဲ့ အလွန်ကြီးမားအားကောင်းတဲ့ ကိလေသာကြီးတစ်ခုရှိနေပါတယ်။အဲဒါက တော့အစစ အရာရာအလွန် အဆင်ပြေစေချင် တဲ့လောဘကိလေသာပါ။
အကြောင်း ကိစ္စတွေချောမွေ့ အဆင်ပြေနေတဲ့ အချိန်လောဘနဲ့ ကျေနပ်နေခဲ့ တာမို့ရှိလို့ရှိမှန်းတောင် မသိခဲ့ ပါဘူး။ အထစ်အငေါ့တွေဖြစ်ပြီး အဆင်မပြေတော့ မှသာ စိတ်တွေပင်ပန်းလာရတာမို့ ဒီကိလေသာရှိနေမှန်း ရိပ်မိရတာပါ။ စာအုပ် ထုတ်ဝေဖို့ကိစ္စနဲ့ ရန်ကုန်ကိုဆင်းခါနီး အခြစ်ရာ အစင်းရာတွေနဲ့ကြည့် မကောင်း တော့ တဲ့မျက်မှန်ကို အသစ်လုပ်လိုက်တာက စပြီးအဆင်မပြေမှုတွေစလာခဲ့တာပါပဲ။ 
ကား ထွက်မဲ့ညနေမှ ရတာမို့အရင်ပါဝါ အတိုင်းဘဲ အသစ်တတ် လာခဲ့တဲ့ မျက်မှန်ဟာကြည့်နေရင်း အမြင်တွေဝါး လာပါတယ်။ မူးနောက်နောက်နဲ့ အန်ချင်လာပါတယ်။ကားပေါ်ကျမှ ပါဝါမကိုက် ဘူးဆိုတာ နားလည် ရပါတယ်။အခုမှတော့ ဘယ်တတ်နိုင်ပါ့ မလဲ။ မူးပေါ့။ အန်ချင်လည်း အန်ပေါ့။ ဒီလိုနဲ့ မရောက် တာ(၁၅)နှစ်လောက်ရှိပြီဖြစ်တဲ့  ရန်ကုန်ကိုပါဝါ မကိုက်တဲ့မျက်မှန် တစ်လက်နဲ့ ဝါးတားတား မူးတူး တူးရောက် လာခဲ့ပါတယ်။ 
တစ်ညလုံး ကားစီးလာရတာမို့ ငယ်ငယ်က ဒဏ် ဖြစ်ဘူးတဲ့ ခါးနာရောဂါ ကလည်းပြန်ပေါ်လာပါ တယ်။ တကယ်နာရင် လမ်းလျှောက်ဖို့တောင် မလွယ်လောက်အော င်ခက်ခဲတတ်တာမို့ အရေးထဲ အရာပေါ်သလိုပါ ပဲ။ အင်းလေ…ဒါလည်းဘယ်တတ်နိုင်ပါ့မလဲ။ နာစရာရှိတာ နား ပေါ့။ 
စပြီ ဆိုကထဲက ကိုယ်ဘာမှမတတ်နိုင်တဲ့ အ ဆင်မပြေမှုတွေဟာ ဆက်တိုက်လိုလို အဖေါ် တွေစုပြီးရောက် လာခဲ့ပါတယ်။ စာစီစာရိုက် တွေစစ်ရတဲ့ အချိန်ကစလို့ ပိုဆိုးလာပါတော့ တယ်။နှစ်ရက်လုံးလုံး ပါဝါမကိုက် တဲ့မျက်မှန် တစ်လက်နဲ့ စာအမှားတွေကို အိပ်ချိန်သုံးနာရီ လောက်နဲ့ပြီးအောင် စစ်ရပါတော့တယ်။ မူးရစ် နေ တဲ့ခေါင်း မမြင်တစ်ချက်မြင်တစ်ချက်စာစစ် ရတာအလွန်ပင်ပန်းပါတယ်။ခေါင်းမူးနေတာ လည်းပိုဆိုး လာတာ မို့ဖိစီးမှုတွေအားကောင်း လာတဲ့အခါ စိတ်တွေဟာစကားပြော လာပါ တော့တယ်။ 
ဒါတော့မမှား သင့်ဘူး။ တစ် ပိုဒ် လုံးကျန်ပြန်ုပြီ ။တော်တော်ဆိုးတာပဲ ။သေချာ မလုပ်ဘူး။ လို့စိတ်ထဲမှာ ဟင်တွေ ဟာတွေ များစွာ နဲ့မကျေ မနပ်ဖြစ်ရင်း Ballpen ကိုစားပွဲပေါ် ကိုဒေါသနဲ့ပစ်တင် မိတော့မဲ့ အချိန်မှာ သတိ တစ်ချက်ဝင်လာတာဟာ မိမိအတွက်တော့အလွန်သက်သာသွားရပါတယ်။ဟုတ်ပါတယ်။လူရှေ့ မှာဖြစ်ဖြစ် လူမမြင်ကွယ် ရာမှာဘဲဖြစ်ဖြစ် ကိလေသာစိတ် အရင်းခံနဲ့ ပြုသမျှပြောသမျှဟာ ဝီတိက္ကမ ကိလေသာ တွေပါပဲ။
 ရှောင်လွှဲလို့ မရနိုင်တဲ့ အဆက်မပြတ်ဖြစ်လာတဲ့ အဆင်မပြေမှုတွေဟာ ကိုယ့်ကို အခါမလပ် နှိပ်စက်နေတာ မို့လူကိုရောစိတ်ကိုပါပင်ပန်းစေ ပါတယ်။နောက်ဆုံးတစ်ချိန် limit တွေကုန် ဆုံးလို့ မနိုင်တော့တဲ့ အခါ ကိုယ့်ရဲ့ အရည် အသွေးတွေကို အလွန်ကျဆင်းသွားစေ တတ် ပါတယ်။ လွန်ကြူးတာတွေမဖြစ်ရင်တောင်မှ စိတ်မှာ ကိလေသာအရောင်တွေနဲ့ စွန်းထင်း နေတာမို့ ကောင်းတဲ့ အရည်အသွေးတွေကို ထိခိုက်စေတတ် ပါတယ်။သတိဖြစ်တယ်ဆိုရင် တောင် အလွန်အားနည်းတတ်ပါတယ်။ 
တခြားသူတွေ သိတာမသိတာ အသာထား ကိုယ့်ရဲ့ ကာယကံ ဝစီကံတွေ အရည်အသွေး မပြည့်မီ တာဟာ စိတ်ထဲမှာ အလွန်ထင်ရှားလှပါတယ်။ ဆုံတဲ့အာရုံတွေ အပေါ်တဖြည်းဖြည်း ကိလေသာတွေနဲ့ ဘဝင်မကျ တာတွေကို စုလာရင်းနဲ့စိတ်နာနေမိတာမို့ ဒါဟာကိုယ့်ရဲ့ အားနည်းချက်တစ်ခုသာဖြစ်ပါတော့တယ်။ 
ဘာမဟုတ် တာလေးတွေအပေါ်မှာတောင် မအော်နိုင် မအေးနိုင်ခဲ့တာ ကိုယ့်ရဲ့လိုအပ်ချက် ပါ။ ဒီခံစစ်မှာ မလွန်ကြူးမိတာ တစ်ခုကလွဲပြီး အဖတ်ဆယ်စရာ မရှိခဲ့တာကိုယ့်ရဲ့သတိဥာဏ် မပြည့်စုံမှုပါ ။လောက်လောက် လားလားအသိ ဥာဏ်တွေမရှိသေးတဲ့ ပုထုဇဉ်တစ်ယောက်ရဲ့ စိတ်အရည်အသွေးတွေ ဟာ အလွန်အတက် အကျမြန်လှ ပါတယ်။အလွန်မခိုင်မြဲတဲ့ သဘာဝ တွေသာရှိနေတတ်ပါ တယ်။            
ဘာမှကို ဘာမှ စိတ်ချရတယ် မရှိပါဘူး။ အာရုံတွေရဲ့လွှမ်းမိုးမှု ကိုတစ်ခါမဟုတ် တစ်ခါတော့ခံရတော့တာ ပါပဲ။ ဒါကြောင်းလည်း အခုအချိန်အထိ ကိုယ့်ကိုယ် ကိုကြည်ညိုလို့ မရနိုင်တာပါ။ ဘဝထဲမှာသတိပဋ္ဌာန် တရား အားထုတ်ရတာကို မိမိအလွန် နှစ်သက်ရတဲ့ အကြောင်းရင်း တစ်ခုရှိပါတယ်။ 
အဲဒါကတော့ အာ ရုံတွေ နဲ့
                                                                                                                                                                                                                                                                                                                                                                                             ဆုံတိုင်း ကိုယ့်  စိတ် အခြေအနေတွေ ကို အမှန်အတိုင်း သိနေရတာမို့ ကိုယ့်အကြောင်းကို အမြဲအမှန် အတိုင်း နားလည်ခွင့် ရစေပါတယ်။ အနည်းဆုံး ကိုယ့်ကိုယ်ကို တဏှာ မာန ဒိဋ္ဌိ တွေနဲ့အထင်ကြီးတစ်ခွဲသား နဲ့ ထင်ချင်သလို ထင်တတ်တဲ့အဖြစ်ကနေပြီး သက်သာမှုရစေ ပါတယ်။ ဒီတစ်ခေါက်ခရီးထွက်ရတာမိမိအတွက်တော့ အလွန်တန်ဘိုးရှိလှပါတယ်။ကိုယ့်ကိုယ်ကိုပိုပြီး နားလည်လာရသလို ဆရာတော်ကြီးတစ်ပါး ရဲ့"အော်…အေး" နိုင်တော်မူခဲ့တဲ့ဥာဏ်တော် ကိုကြားနာကြည်ညိုခွင့်ရခဲလို့ပါ။ဆုံသမျှ လောကဓံဟူသမျှနဲ့ ကိုယ့်အနေအထားနဲ့ လျော်ညီစွာ "အော်…အေး"နိုင်ဖို့ သတိပဋ္ဌာန် အကျင့်မြတ်ကိုအခုထက်အဖေါ်ပြု ရင်း ဆုံသမျှအာရုံနဲ့ စိတ်မနာတတ်အောင်၊ အဆင်မပြေသော်လည်း စိတ်ကောင်းကလေး မပျောက်အောင်၊ များစွာဖြည့်ကျင့်လို့ သင်ယူရ ပါအုံးမယ်။ 
 မေတ္တာဖြင့်..... Photo credit-young buddhust's association.
No comments:
Post a Comment