Wednesday, January 22, 2014

မတူညီတဲ့ ဘဝများ

မတူညီတဲ့ ဘဝများ *******************  တချို့ဘဝတွေက ကြမ်းတမ်းလွန်း ပါတယ် ။ တချို့ဘဝတွေကျတော့ ပန်းခင်းသောလမ်းမှာလျှောက်လှမ်း နေရပြီး သာယာအေးချမ်းလှပါသည် ။ မြန်မာပြည်မှာ တချို့သောမိဘတွေရဲ့ သားသမီးတွေဟာ ဇိမ်ခံကားကြီးတွေ ကိုစီး ' အဆင့်မြင့်တဲ့ကျောင်းကြီးတွေ မှာနေ ' ကောင်းပေ့ဆိုတဲ့ပေါ်ဆန်း မွှေးလိုဆန်တွေစား ' ခြေဖဝါးကို ဖုန် မတင် ' လိုတရ ဘဝတွေကို ပိုင်ဆိုင် နေကြပေမယ့် တချို့သောကလေး တွေရဲ့ဘဝတွေကျတော့ မိဘမဲ့ဘဝ တွေပဲများပါတယ် ။ ထမင်းတောင် နပ် မှန်အောင်မစားရတဲ့ရက်တွေမနည်း ပါဘူး ။ ကျောင်းနေရဖို့မဆိုထားနဲ့ ဘုန်းကြီးကျောင်းတောင် မနေနိုင်အား တဲ့ကလေးတွေ ဒုနဲ့ဒေးပါ ။ မိဘမဲ့ တွေဆိုတော့ နောက်ဆုံးတော့လည်း ""မိဘမဲ့ ပရဟိတဂေဟာ""သို့သာ ရောက်သွားကြရတာပါ ။ မိဘမဲ့ပရဟိ တဂေဟာတွေဆီကို သွားရောက်ပြီး အလှူဒါန သွားလုပ်တဲ့အခါ ထမင်းစား ခါနီးမှာ ကလေးတွေရဲ့ မေတ္တာပို့တဲ့ အသံလေးတွေက မိမိရဲ့ ရင်ထဲကို မြှား နဲ့ခွင်းလိုက်သလိုပါပဲ ။ အမှန်အတိုင်း ပြောရရင် မိဘမဲ့ကလေးတွေရဲ့ မေတ္တာပို့တဲ့အသံလေးတွေဟာ " ရင်ခွင်း မြှား " တွေပါပဲ ။ ဘဝတွေက မညီမျှပါဘူး ။ မြန်မာပြည်မှာ ဘီးဂိတ် ထက် ချမ်းသာတဲ့သူဌေးကြီးတွေအများ ကြီးရှိပါတယ် ။ မယုံဘူးဆိုရင် စစ်တမ်း ကောက်ကြည့်ကြပါ့လား ။ အဲဒီသူဌေး ကြီးတွေ မိဘမဲ့ပရဟိတ ဂေဟာတွေ မှာ လှူဒါန်းတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး ။ အံ့သြစရာကောင်း လေစွ ။ သူတို့နေ့စဉ်သုံးနေတဲ့ ဘီယာဖိုးတွေထဲက တစ်ပြားတစ်ချပ် လောက် မိဘမဲ့ဂေဟာတွေမှာအသုံး ပြုလိုက်ရရင် ဘယ်လောက်ကောင်း မလဲနော် ။ ရရှိလာတဲ့ဘဝဟာ အမြဲတမ်းတည်မြဲနေတယ်လို့ယူဆနေ ကြတယ် ထင်ပါရဲ့ ။ ဘဝဟာ တိမ် တိုက်တွေလိုပါပဲ ။ အလွန်ဆုံးနေရရင် မိမိတို့ရဲ့သက်တမ်းဟာ (၇၅)ဆိုတာ အများဆုံးပါပဲ ။ လူ့ဘဝလေးမှာ ဧည့်သည်အဖြစ်နဲ့ရောက်တုန်း ရောက်ခိုက် တန်ဖိုးရှိအောင် နေသွား ကြဖို့လိုပါတယ် ။ ဒါ့ကြောင့် မညီမျှ တဲ့ဘဝတွေကို မိမိတို့တတ်နိုင်သ လောက် ညီမျှဘဝလေးတွေဖြစ်သွား အောင် ဝိုင်းဝန်းပြီး ကူညီ ဖေးမမှုတွေ ပေးလိုက်ကြစို့လား ရွှေမြန်မာတို့ရေ  Credit-Ashineindarsarra Mdy

တချို့ဘဝတွေက ကြမ်းတမ်းလွန်း
ပါတယ် ။ တချို့ဘဝတွေ ကျတော့ပန်းခင်းသော လမ်း မှာလျှောက်လှမ်း နေရပြီး သာယာအေးချမ်းလှပါသည် ။
 
မြန်မာပြည်မှာ တချို့သော မိဘတွေရဲ့သားသမီးတွေဟာ ဇိမ်ခံကားကြီးတွေကိုစီး ' အဆင့်မြင့် တဲ့ကျောင်းကြီးတွေ မှာနေ ' ကောင်းပေ့ဆိုတဲ့ပေါ်ဆန်းမွှေးလိုဆန်တွေ စား ' ခြေဖဝါးကို ဖုန်မတင် ' လိုတရ ဘဝတွေကို ပိုင်ဆိုင်နေကြပေမယ့် တချို့သော ကလေးတွေရဲ့ဘဝတွေကျတော့ မိဘမဲ့ဘဝ
တွေပဲများပါတယ် ။ 
 
ထမင်းတောင် နပ် မှန်အောင်မစားရတဲ့ရက်တွေမနည်းပါဘူး ။ ကျောင်းနေ ရဖို့မဆို ထားနဲ့ဘုန်းကြီးကျောင်းတောင် မနေနိုင်အားတဲ့ကလေးတွေ ဒု နဲ့ဒေးပါ ။ မိဘမဲ့
တွေ ဆိုတော့ နောက်ဆုံးတော့လည်း ""မိဘမဲ့ ပရဟိတဂေဟာ""သို့သာရောက် သွားကြရတာပါ ။ 
 
မိဘမဲ့ပရဟိတဂေဟာတွေဆီ ကို သွားရောက်ပြီး အလှူဒါန သွားလုပ်တဲ့အခါ ထမင်းစားခါနီး မှာ ကလေးတွေရဲ့ မေတ္တာပို့တဲ့ အသံလေးတွေက မိမိရဲ့ ရင်ထဲကို မြှားနဲ့ခွင်းလိုက် သလိုပါပဲ ။ အမှန်အတိုင်းပြောရရင် မိဘမဲ့ကလေးတွေရဲ့မေတ္တာပို့တဲ့အသံလေးတွေဟာ" ရင်ခွင်း မြှား " တွေပါပဲ ။ 
 
ဘဝတွေကမညီမျှပါဘူး ။ မြန်မာပြည်မှာ ဘီးဂိတ် ထက် ချမ်းသာတဲ့သူဌေးကြီးတွေအများကြီးရှိ ပါတယ် ။ မယုံဘူးဆိုရင် စစ်တမ်းကောက်ကြည့်ကြပါ့လား ။ အဲဒီသူဌေးကြီးတွေ မိဘ မဲ့ပရဟိတ ဂေဟာတွေ မှာ လှူဒါန်းတယ်ဆိုတာ တစ်ခါမှမကြားဖူးပါဘူး ။ အံ့သြစရာကောင်းလေစွ ။ သူတို့နေ့စဉ် သုံးနေတဲ့ဘီယာ ဖိုးတွေထဲက တစ်ပြားတစ်ချပ်လောက် မိဘမဲ့ဂေဟာတွေမှာအသုံးပြုလိုက်ရရင် ဘယ်လောက်ကောင်း
မလဲနော် ။ 
 
ရရှိလာတဲ့ဘဝဟာ အမြဲတမ်းတည်မြဲနေတယ်လို့ယူဆနေကြတယ် ထင်ပါရဲ့ ။ ဘဝဟာ တိမ်တိုက်တွေ လိုပါပဲ ။ အလွန်ဆုံးနေရရင်မိမိတို့ရဲ့သက်တမ်းဟာ (၇၅)ဆိုတာ အများဆုံးပါပဲ ။ လူ့ဘဝလေးမှာ ဧည့်သည်အဖြစ်နဲ့ရောက်တုန်းရောက်ခိုက် တန်ဖိုးရှိအောင် နေသွားကြဖို့လိုပါတယ် ။ ဒါ့ကြောင့် မညီမျှတဲ့ဘဝတွေကို မိမိတို့တတ်နိုင်သလောက် ညီမျှ ဘဝလေးတွေဖြစ် သွားအောင် ဝိုင်းဝန်းပြီး ကူညီ ဖေးမမှုတွေပေးလိုက်ကြစို့လား ရွှေမြန်မာတို့ရေ.......

Credit-Ashineindarsarra Mdy
From... မောင်(စွယ်စုံကျမ်း) FB



No comments:

Post a Comment