Friday, January 24, 2014

ထူးခြားသည့် ရေချမ်းစင်

 

ပွင့်လင်းခြောက်သွေ့သည့် ရာသီသို့ ရောက်လာသောအခါ လမ်းဘေး အရိပ် အာဝါသကောင်းသည့်နေရာ များ၌ ရေချမ်းစင်လေးများ ဆောက်လုပ်လှူဒါန်းပြီး ကုသိုလ်ယူကြသည်မှာ မြန်မာလူမျိုးတို့၏ ချစ်စရာ ဓလေ့စရိုက် ပင်ဖြစ်သည်။  

ထိုသို့ ဆောက်လုပ်လှူဒါန်းကြသည့် ရေချမ်းစင်များမှာ အများအားဖြင့် လေးတိုင်စင်၊ ဝါးပေါက်စိပ်တိုင် တို့ဖြင့် ဆောက်လုပ်လေ့ရှိကြသည်။



ထူးခြားသည့်ရေချမ်းစင်လေး တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မင်ရွာကျေးရွာ ၌ တွေ့ရှိခဲ့ သည်။ 


အခြားရေချမ်းစင် များနှင့်မတူဘဲ ရှေးမြန်မာ အမျိုးသားကြီး တစ်ယောက်က သောက်ရေအိုးနှစ်လုံးကို ဆိုင်းထမ်းဖြင့် ထမ်းထား သည့်ပုံနှင့် ဆောက်လုပ် လှူဒါန်းထားသည်မှာ အမြင်တစ်မျိုး ထူးခြား ဆန်းသစ်နေပြီး ဆောက်လုပ် လှူဒါန်းသည့် ရွာသူရွာသား တို့၏ စိတ်ကူးကောင်း ပုံကိုလည်း လေးစား ဂုဏ်ယူမိသည်။

ငွေသိန်း(မှော်ဘီ)
The Mirror Daily


No comments:

Post a Comment