Saturday, January 18, 2014

ဂျပန်က မြန်မာနိုင်ငံသားများ ကို Multiple- entry ဗီဇာ ခွင့်ပြုပေးမည်

 
 
Friday, January 17, 2014

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို ဗီဇာခွင့်ပြုချက် ဖြေလျော့ပေးတဲ့အနေနဲ့ မကြာမီ Multiple- entry ဗီဇာ အမျိုးအစားကိုပါ ခွင့်ပြုပေးတော့မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်အရ သိရ ပါတယ်။

JapanVisaဒီ Multiple- entry ဗီဇာ ရဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှာ သီးသန့် လျှောက်ထားရမှာ ဖြစ်ပြီး ဗီဇာ ရရှိသူဟာ ၁ ကြိမ်ကို ၁၅ ရက်နဲ့ ၃ နှစ်တာ ကာလအတွင်း ဂျပန်ကို အကြိမ်ကြိမ် ၀င်ထွက်ခွင့် ရရှိမှာ ဖြစ် ပါတယ်။



ဒီလို Multiple- entry အပြန် အလှန်ပေးဖို့ နှစ်နိုင်ငံ သဘောတူ ထားပြီ ဖြစ်ပေမယ့် ဗီဇာရဖို့ ဘယ်လို အရည်အချင်းနဲ့ ပြည့်မီရမယ်၊ ဘယ်လိုလူတွေ လျှောက်ထားနိုင်တယ်၊ ဘယ်အချိန်မှာ ဗီဇာ စ ထုတ်ပေးနိုင် မလဲ ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ရန်ကုန် ဂျပန်သံရုံး ဗီဇာဌာန တာဝန်ရှိသူ တယောက်က ဖြေကြားပါတယ်။

လက်ရှိဂျပန်ကိုသွားတဲ့ မြန်မာနိုင်ငံသားတွေဟာတကြိမ်အတွက်တကြိမ်ဗီဇာ လျှောက်ထားကြရတာ ဖြစ်ပါ တယ်။

  ဒီဗွီဘီ

From...Thit Htoo Lwin 

 

 

 

No comments:

Post a Comment