Sunday, January 26, 2014

Taxi မောင်းသူ တစ်ဦးထံမှ ရတဲ့ အသိပညာတစ်ခု

Taxi မောင်းသူတစ်ဦးထံမှရတဲ့အသိပညာတစ်ခု ******************************* တစ်နေ့ ကျွန်တော် Taxi ငှားစီးခဲ့ပါတယ်။ Taxi မောင်းသူဟာအသက် ၃၀ ၀န်းကျင်လူငယ်လေးပါ။ ၀တ်စားထားတာလည်း T-Shirt အဖြူနဲ့ စတိုင်ပင်အနက်နဲ့ပါ။ နေကာမျက်မှန်လေးတပ်ထားပါတယ်။ မောင်းနေရင်း ဆီဆိုင်မှာ ဆီဝယ်ထည့်ခွင့်တောင်းပြီး ဆီဝင်ထည့်ပါတယ်။ ဆီထည့်ပြီးတော့ ပေးတဲ့ဘောင်ချာကို ဗလာစာအုပ်တစ်အုပ်မှာတွဲချုပ်ထားလိုက်ပါတယ်။ ကားပေါ်မှာအစုံပါလာသဗျာ.. ဒါနဲ့စကားတွေစမိလိုက်ပါတယ်ပေါ့.. အတိုချုပ်ပြောရရင် အဲ့ဒီ့ညီလေးဟာ ၀င်ငွေကို အချိုးချသုံးသူဆိုတာ အံ့ဖွယ်တွေ့လိုက်ရပါတယ်။ စာရင်းစာအုပ်ကလေးမှာ အသေးသုံး ၁၀၀ ကအစ ထည့်ရေးထားပါတယ်။ မသိသူဖတ်မိရင် ဘာတွေမှန်းတောင်မသိမှာပါ။ အကြောင်းအရာတွေကို ထိပ်ဆုံးစာမျက်နှာမှာ + လေးတွေနဲ့မာတိကာထုတ်ထားပါတယ်။ တစ်နေ့ခြင်းစာရင်းသွားပါတယ်။ ဥပမာ- ထမင်းစား ဆိုတာက ပုံမှန်မဖြစ်နေအလုပ်မို့ +++ ပေးထားပါတယ်။ ဆီထည့်ဆိုရင်လည်း +++++ ငါးလုံးပေးထားပါတယ်။ လက်ဖက်ရည်သောက်၊ ကွမ်းစားတွေကိုတော့ ---- အနုတ်လေးလုံးပေးထားပြန်ပါတယ်။ ဒီလိုပဲ သူ့စာအုပ်မှာ + - တွေနဲ့မှတ်တမ်းရေးပါတယ်တဲ့။ ဗဟုသုတရစရာကတော့ မဖြစ်မနေကိစ္စအသုံးတွေကို + ပြပါတယ်။ အပိုသုံးအဖြုန်းတွေကို - ပြပါတယ်။ ညအိမ်ပြန်ရင် တစ်ရက်စာစာရင်းချုပ်လို့ အပေါင်းကတော့ ပုံမှန်ရှိနေတတ်ပြီး -- တွေများလာရင် နောက်နေ့ အစားချေစနစ်နဲ့ အနုတ်တွေကိုညီအောင် မသုံးပဲနေပါတယ်တဲ့။ အတန်းကတော့ ၇ တန်းပဲသင်ဖူးပါတယ်တဲ့ဗျာ။ စာ၇င်းထားတာနဲ့ တွက်တာ Account သမားတွေဆလံသရပါလိမ့်မယ်။ တစ်နေ့ဝင်ငွေကိုလည်း သီးသန့် ကော်လံနဲ့တွက်ထားသဗျာ ၁၅၀၀၀ ၀င်တဲ့ပေါ့ဗျာ - အ၀တ်ပွန်းခ ၅၀၀ - အသက်ရှင်ကြေး ၁၀၀၀ - အချိန်ကုန်ခ ၅၀၀၀ ဒီသုံးခုကို သီးသန့်ပြန်စုထားပါတယ်တဲ့ တစ်နေ့ကို ၆၅၀၀ မရမနေပြန်စုပါတယ်တဲ့။ မပြည့်ရင် + တွေ - တွေကိုအစားချေပါတယ်တဲ့ သန်းထိုက် လိုလူတောင် ထိုင်ကန်တော့ချင်စိတ်ပေါက်မိသွားပါတယ်။ ဆက်ပြောသည်မှာ အ၀တ်ပွန်းခ ၅၀၀ ကိုစုပြီး တစ်လတစ်ကြိမ်အ၀တ်ပြန်ဝယ်ပါတယ်။ အဟောင်းကိုအပေါင်ဆိုင်ပို့ပြီးမရွေးပဲထားလိုက်ပါတယ်တဲ့။ ရောင်းရင် ပေါင်သ လောက်မလွယ်သလို တန်ဖိုးလည်းမရလို့ပါတဲ့။ သူ့မှာအ၀တ်အား ၅ စုံထက်ပိုမထားပါတဲ့။ အသက်ရှင်ကြေး ၁၀၀၀ ကိုစုပြီးတစ်လတစ်ခါ မိဘပြန်ပေးပါတယ်တဲ့။ သူတို့ကြောင့်အသက်ရှင်နေရလို့ပါတဲ့ဗျာ.. အချိန်ကုန်ခ ၅၀၀၀ ကိုတော့ နောက်ဆက်ရမယ့်အချိန်အတွက် ပြန်စုနေပါတယ်တဲ့ အရင်းအနှီးတစ်ခုရရင် ပြန်သုံးပါတယ်တဲ့။ ဒီကားက ကိုယ်ပိုင်ပါတဲ့ဗျာ ဒါဆိုမင်းတွက်တဲ့အထဲပါ Owner ကြေးမတွေ့ပါလားလို့မေးတော့ နောက်တစ်စီးဝယ်ဖို့အတွက် ဆတူအရင်းဆိုတဲ့ ခေါင်းစဉ်မှာ သီးသန့်ထားပါသတဲ့.. အများကြီးပြောချင်ပါသေး၊ စာတစ်အုပ်ရေးလို့ရတယ်ဗျာ အမှတ်တရ  -သန်းထိုက်(ရွှေရိပ်)  Aye Chan Mon# Credit To : စာအုပ်မြို့တော်> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်  Aye Chan Mon ထပ်မှ ထပ်မံမျှဝေခြင်းဖစ်ပါတီ
 တစ်နေ့ ကျွန်တော် Taxi ငှားစီးခဲ့ပါတယ်။ Taxi မောင်းသူဟာအသက် ၃၀ ၀န်းကျင် လူငယ်လေးပါ။ ၀တ်စား ထားတာလည်း T-Shirt အဖြူနဲ့ စတိုင် ပင်အနက်နဲ့ပါ။ နေကာမျက်မှန်လေး တပ်ထားပါ တယ် ။
 
 မောင်းနေရင်း ဆီဆိုင်မှာ ဆီဝယ်ထည့်ခွင့်တောင်းပြီး ဆီဝင်ထည့်ပါတယ်။ ဆီထည့်ပြီးတော့ ပေးတဲ့ဘောင်ချာ ကို ဗလာစာအုပ် တစ်အုပ်မှာတွဲချုပ် ထားလိုက်ပါတယ်။ ကားပေါ်မှာ အစုံပါလာ သဗျာ.. 
 
ဒါနဲ့စကားတွေ စမိလိုက်ပါတယ်ပေါ့.. အတိုချုပ်ပြောရရင် အဲ့ဒီ့ညီလေးဟာ ၀င်ငွေကို အချိုးချ သုံးသူဆိုတာ အံ့ဖွယ်တွေ့လိုက်ရပါတယ်။ စာရင်း စာအုပ်ကလေးမှာ အသေးသုံး ၁၀၀ ကအစ ထည့်ရေး ထားပါတယ်။ မသိသူဖတ်မိရင် ဘာတွေမှန်းတောင် မသိဖြစ်မှာပါ။ 
 
အကြောင်းအရာတွေကို ထိပ်ဆုံး စာမျက်နှာမှာ  +  လေးတွေနဲ့ မာတိကာထုတ်ထားပါတယ်။ တစ်နေ့ခြင်း စာရင်းသွားပါတယ်။
 
 ဥပမာ- ထမင်းစား ဆိုတာက ပုံမှန်မဖြစ်နေအလုပ်မို့ +++ ပေးထားပါတယ်။ 
 
ဆီထည့်ဆိုရင်လည်း +++++ ငါးလုံးပေးထားပါတယ်။ 
 
လက်ဖက်ရည်သောက်၊ ကွမ်းစားတွေကိုတော့  - - - -   အနုတ်လေးလုံးပေးထားပြန်ပါတယ်။
 
 ဒီလိုပဲ သူ့စာအုပ်မှာ  + -  တွေနဲ့ မှတ်တမ်းရေးပါတယ်တဲ့။ ဗဟုသုတရ စရာကတော့ မဖြစ်မနေကိစ္စ အသုံးတွေ ကို + ပြပါတယ်။ အပိုသုံးအဖြုန်းတွေကို  -  ပြပါတယ်။  ညအိမ်ပြန်ရင် တစ်ရက်စာစာရင်းချုပ်လို့ အပေါင်း ကတော့ ပုံမှန်ရှိနေတတ်ပြီး  - -  တွေများလာရင် နောက်နေ့ အစားချေ စနစ်နဲ့ အနုတ်တွေကို ညီအောင် မသုံးပဲနေပါတယ်တဲ့။ 
 
အတန်း ကတော့ ၇ တန်းပဲ သင်ဖူးပါတယ်တဲ့ဗျာ။ စာ၇င်းထားတာ နဲ့ တွက်တာ Account သမားတွေ ဆလံ သရပါလိမ့်မယ်။ တစ်နေ့ဝင်ငွေကိုလည်း သီးသန့် ကော်လံနဲ့ တွက်ထားသဗျာ ၁၅၀၀၀ ၀င်တဲ့နေ့ ပေါ့ဗျာ - အ၀တ်ပွန်းခ  ၅၀၀ - အသက်ရှင်ကြေး  ၁၀၀၀ - အချိန်ကုန်ခ  ၅၀၀၀  ဒီသုံးခုကို သီးသန့်ပြန်စု ထားပါတယ် တဲ့ တစ်နေ့ကို ၆၅၀၀ မရ မနေပြန်စုပါတယ်တဲ့။ မပြည့်ရင် + တွေ  -  တွေကိုအစားချေ ပါတယ်တဲ့ 
 
သန်းထိုက် လိုလူတောင် ထိုင်ကန်တော့ချင်စိတ်ပေါက်မိသွားပါတယ်။ ဆက်ပြောသည်မှာ အ၀တ်ပွန်းခ ၅၀၀ ကိုစုပြီး တစ်လ တစ်ကြိမ်အ၀တ်ပြန် ၀ယ်ပါတယ်။ အဟောင်းကို အပေါင်ဆိုင်ပို့ပြီး မရွေးပဲထားလိုက် ပါတယ် တဲ့။ ရောင်းရင် ပေါင်သ လောက်မလွယ်သလို တန်ဖိုး လည်းမရလို့ပါတဲ့။ သူ့မှာအ၀တ်အား ၅ စုံထက်ပို မထား ပါ တဲ့။ 
 
အသက်ရှင်ကြေး ၁၀၀၀ ကိုစုပြီး တစ်လတစ်ခါ မိဘပြန်ပေးပါတယ်တဲ့။ သူတို့ကြောင့်အသက်ရှင်နေရလို့ပါ တဲ့ဗျာ.. 
 
အချိန်ကုန်ခ  ၅၀၀၀ ကိုတော့ နောက်ဆက် ရမယ့်အချိန် အတွက် ပြန်စုနေပါတယ်တဲ့ အရင်းအနှီးတစ်ခု ရရင် ပြန်သုံး ပါတယ်တဲ့။ ဒီကားက ကိုယ်ပိုင်ပါတဲ့ဗျာ ဒါဆိုမင်းတွက် တဲ့အထဲမှာ Owner ကြေး မတွေ့ ပါလားလို့မေးတော့ နောက်တစ်စီးဝယ်ဖို့ အတွက် ဆတူအရင်း ဆိုတဲ့ ခေါင်းစဉ်မှာ သီးသန့်ထားပါသတဲ့.. အများကြီးပြောချင်ပါသေးတယ်၊ စာတစ်အုပ်ရေးလို့ရတယ်ဗျာ ။
 
အမှတ်တရ -သန်းထိုက်(ရွှေရိပ်) Aye Chan Mon# Credit To : စာအုပ်မြို့တော်> ပြန်လည် မျဝေခြင်း ဖြစ်ပါသည် ။
 
 Aye Chan Mon ထံမှ ထပ်မံ မျှဝေခြင်းဖြစ်ပါသည်...
 

No comments:

Post a Comment