Saturday, February 15, 2014

အောင်မြင် လိုသူများ အတွက် လက်မှတ် ထိုးနည်းများ အပိုင်း(၂)

 
တစ်ချို့လက်မှတ်တွေကို ကြည့်လိုက်တဲ့ အခါ ထူးထူးခြားခြား ပုံလေးတွေလို မြင်ရတယ်။ 
 
ဥပမာကွာ ပုံ (၁) ကို ကြည့်ကြည့်လိုက်။ အဲဒီပုံလေးဟာ ငှက်ကလေးတစ်ကောင် ပျံဝဲနေတဲ့ ပုံလေးနဲ့တူတယ်။ အဲဒီလို လက်မှတ်ထိုးတဲ့ သူတွေ ဒါမှမဟုတ် ကိုယ့်လက်မှတ် တစ်နေရာရာမှာ အဲဒီလို ငှက်ကလေး ပျံဝဲနေတဲ့ပုံလေး ပါမယ်ဆိုရင် အဲဒီလက်မှတ် ပိုင်ရှင်တွေဟာ ခရီးသွား ၀ါသနာပါတတ်တယ်။ 

 ပြည်တွင်းခရီးရော ပြည်ပခရီးရော မကြာခန သွားရောက်ရတတ်တယ်။ အထူးသဖြင့် ကတော့ လေယာဉ်ပျံ နဲ့ ခရီးသွား ရခြင်းကို ပိုပြီး နှစ်သစ်တတ် တယ်။ လောယဉ်မောင် လေယာဉ် မယ် လေကြောင်း ၀န်ထမ်းတွေ လေတပ်သားတွေ နောက် နိုင်ငံခြားမှာ သွားရောက်လုပ်ကိုင်နေတဲ့ သူ နိုင်ငံခြား နဲ့ ပါတ်သက်တဲ့ ဆက်သွယ်လုပ်ကိုင်ရတဲ့ လုပ်ငန်းများလုပ်ကိုင်တဲ့ သူတွေဟာ ဒီလို လက်မှတ်တွေ ထိုးလေ့ရှိကြတယ်။ ခရီးသွားလုပ်ငန်း လုပ်သူတွေပေါ့။ 

နောက် နံပါတ်(၂)ပုံကို ကြည့်ကြည့်လိုက်။ အဲဒီပုံကိုကြည့်တဲ့ အခါကြတော့ လှေလိုလို သင်္ဘောလိုလို ရွတ်တိုင်လိုလို ကျောက်ဆူးပုံစံလိုလို တွေ့ရတယ်။ အဲဒီလို လက်မှတ်ထိုးလေ့ ထိုးထရှိတဲ့ လက်မှတ် ပိုင်ရှင်တွေဟာ ရေကြောင်း ခရီးသွား ၀ါသနာပါတတ်တယ်။ ငါးဖမ်းစက်လှေ၊  နိုင်ငံခြား သင်္ဘော၊  ရေကြောင်းဆိုင်ရာ လုပ်ငန်း ၊ ရေတပ်စတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်လေ့ရှိတယ်။ သူတို့ ဟာ ရေလမ်းခရီး သွားရခြင်းကို နှစ်သက်လေ့ရှိတယ်။

နောက် နံပါတ်(၃) ပုံကို ကြည့်လိုက်တဲ့ အခါကြတော့ အဲဒီလက်မှတ်ဟာ မော်တော်ကားလိုလို ဆိုက်ကားလိုလို ပုံစံမျိုး  ဖြစ်နေတယ်။ အဲဒီလက်မှတ် ပိုင်ရှင်တွေဟာ ကုန်လမ်း ခရီးသွားရတာကို ၀ါသနာပါတယ်။ ကားမောင်း ဆိုက်ကားနင်း မြင်းလှည်းမောင်း စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ရ တတ်တယ်။ ကုန်လမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ကုန်းလမ်း သွားလာ ရောင်းဝယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရလေ့ ရှိတယ်။ များသောအားဖြင့်တော့ လိုင်းကားထောင် တဲ့ လူ ဆိုက်ကားထောင် တဲ့ လူတွေ အဖြစ်များတယ်။

နံပါတ်(၄) လက်မှတ်ကို ကြည့်လိုက်မယ်ဆိုရင် မီးရထားတစ်စင်းနဲ့ အတော်လေးကို တူတယ်ကွ။ ဒီလို လက်မှတ်ပိုင်ရှင် တွေဟာလည်း များသောအားဖြင့် ကုန်းလမ်းခရီးနှင့် တစ်နည်းမဟုတ် တစ်နည်း ပါတ်သက်နေတတ်တယ်။ မီးရထားဝန်ထမ်း၊ ခရီးဝေးကားကြီးမောင်း၊ တက္ကစီမောင်း၊ မီးရထားပေါ်မှာ လိုက်ပါပြီး ကုန်သည်လုပ်တဲ့သူ ဖြစ်တတ်ကြတယ်။

နံပါတ်(၅) ပုံကို ကြည့်လိုက်ရင်တော့ အဲဒီလက်မှတ်ဟာ ရှင်းလင်းနေတယ်။ အဲဒီလို လက်မှတ်ပိုင်ရှင်တွေဟာ စိတ်လည်း ရှင်းတယ်။ လူလည်း ရှင်းတယ်။ များသော အားဖြင့် ခေါင်းရှုပ် မခံတတ်ကြဘူး။ ဘာပဲလုပ်လုပ် မှန်မှန်ကန်ကန် ရိုးရိုးသားသား လုပ်ကိုင်ချင်ကြတယ်။ အားလုံးနဲ့ အဆင်ပြေအောင် ပြောဆို ပေါင်းသင်း နေထိုင် လုပ်ကိုင်လေ့ရှိတယ်။ သူတစ်ပါးအပေါ်မှာလည်း အငြိုး အတေး မထားတတ်ဘူး။ စကားပြောရင် ပွင့်ပွင့်လင်းလင်း ရှိတယ်။ ဟန်မဆောင်တတ်ဘူး။ ဘာမဆို လျှို့ဝှက်မထားတတ်ဘူး။ ဒါကြောင့် ဘ၀မှာ အောင်မြင် တိုးတက် ကျော်ကြား အဆင်ပြေကြ သူများ ပျော်ရွှင်မှု့ သုခ ပြည့်စုံကြသူတွေ ဖြစ်တယ်။

နံပါတ် (၆) လက်မှတ်ကြတော့ ကြည့်လိုက်တာနဲ့ တော်တော်လေး ရှုပ်ထွေးနေတယ်။ အဲဒီလက်မှတ် ပိုင်ရှင်တွေဟာ အလွန်ပဲ စိုးရိမ်ကြီးမယ်။ ကြောက်တတ်တယ်။ ပန်ဝန်းကျင်းကို ယုံကြည်စိတ် မရှိဘူး။ သူလည်းပဲ လျှို့ဝှက်တတ်တယ်။ မပွင့်လင်းဘူး။ သံသယစိတ် အားကြီးမယ်။ လူရှုပ်ရှုပ် စိတ်ရှုပ်ရှုပ် အမြဲဖြစ်နေမယ်။ ဘ၀မှာ  သာယာပျော်ရွှင်မှု့ အားနည်းမယ့် လက်မှတ်ပိုင်ရှင်တွေပဲ ဖြစ်တယ်။

နံပါတ်(၇) လက်မှတ်ကြတော့ လက်မှတ်စာ လုံးလေးတွေကို ၀ိုင်းဝိုင်းစက်စက်လေး ထိုးထားတယ်။ အဲဒီလို လက်မှတ်ပိုင်ရှင်တွေကြတော့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု့ ရှိတယ်။ ဘာကိုပဲလုပ်လုပ် အရမ်း လည်း စိတ်ရှည်ကြတယ်။ အလုပ်လုပ်ရင်လည်း ဇွဲကောင်းကောင်းနဲ့ လုပ်ကိုင်လေ့ရှိတယ်။ အရာရာကို သည်းခံတတ်တဲ့ စိတ်ထားရှိတယ်။ ရုတ်တရက် ဒေါသထွက်လေ့ ထွက်ထ မရှိဘူး။ ဘာကိုပဲ လုပ်လုပ် သေသေ သတ်သတ် လုပ်လေ့လုပ်ထရှိတယ်။  ဒီလိုလူတွေ စကားပြောရင် သိတ်ပြီးတော့ နားထောင်လို့ ကောင်းတယ်။ ယဉ်ယဉ်ကျေးကျေး ပြောဆို ဆက်ဆံတတ်တယ်။ သူတို့ စကားပြော ရင်တော့ မနည်း အားစိုက် နားထောင်ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စကားပြောရင် အသံနည်းနည်း တိုးတတ်လို့ပဲ။ စကားပြောရင် ဖြေးဖြေးဆေးဆေး ချင့်ချင့်ချိန်ချိန် ပြောဆိုတတ်တယ်။ ငွေကြေး စုဆောင်းနိုင်တဲ့ အရည်အချင်းရှိတယ်။

နောက်တစ်ခု ကြည့်လိုက်။ ပုံ (၈) ကို ။ အဲဒီလက်မှတ်ကြတော့ စာလုံးတွေ မပီပြင်ဘူး။ မသတ်ရပ်ဘူး။ ဒီလက်မှတ်ပိုင်ရှင်တွေကြတော့ အရာရာကို စိတ်မြန်လက်မြန် ရှိကြတယ်။ သွားလည်း မြန်မြန် ၊ စားလဲ မြန်မြန် ၊ ကြည့်လိုက်ရင် လှုပ်ရှားတက်ကြွနေတဲ့ လူစားမျိုးတွေ အဖြစ်များတယ်။ သူတို့တွေဟာ ဘာပဲလုပ်လုပ် မစေ့စပ် မသေချာဘူ။ ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ စိတ်အပြောင်း အလဲကလည်း သိတ်မြန်တဲ့ လူစားမျိုးတွေပေါ့။ ငွေအသုံးအဖြန်းကလည်း ကြီးသေးတယ်။ ချွေတာစုဆောင်း သူဋ္ဌေးလောင်းဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက်လို လုံးဝ ချွေတာမှု့ စုဆောင်းမှု့ မရှိတတ်ဘူး။ 
 အလုပ်တစ် ခုခုကို လုပ်ရင် ဇွဲလုံးလ ၀ိရိယ မရှိကြဘူး။ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဟိုယောင်ယောင် ဒီယောင်ယောင် လူစားမျိုးတွေ အဖြစ်များတယ်။ နောက် သူတို့ဟာ သိတ်အပြောကြီးတယ်။ အပြော သမားတွေ ဖြစ် တယ်။ လေပေါ် တိုက်အိမ်ဆောက်ချင်တဲ့ လူစားမျိုးပေါ့။ ပြောနေ ရတာ နဲ့ လေကြီးနေ ရ တာနဲ့ အချိန်ကုန်တယ်။ လုပ်တယ်ဆိုတာကို မရောက်တော့ဘူး။ တစ်ခု ရှိသေးတယ်။ ဒီလူတွေဟာ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်ရမယ့် အလုပ်ဆိုရင် လုံးဝကို စိတ်မ၀င်စားတဲ့ လူစားတွေပဲ။

ကျွန်ုပ်သည် အထက်ပါအတိုင်း လက်မှတ်ထိုးရာတွင် တွေ့ကြုံရသော ထူးဆန်းသော ပုံလေးများ အကြောင်းကို သားကြီးတို့ သုံးဦးအား အေးဆေးဆေးဆေး ပြောပြလိုက်လေ၏။ ထိုအချိန်တွင် ထွန်းထွန်းက ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေ၏။ ဆရာပြောပြတဲ့ လက်မှတ် ထိုးနည်းလေးတွေ ကောင်း ပါ တယ်။ ကျေးဇူးတင်ပါတယ်။ 
ဒီနေ့ ဆရာ့ဆီလာခဲ့တာ လာရကျိုးနပ်ပါတယ်။ ဒါနဲ့ ဆရာ  ကျွန်တော် ဆရာ့ကို တစ်ခုလောက် ပြော စရာရှိတယ်ဆရာ။ အဲဒါ ဘာလဲဆိုတော့ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ နေပြီး အလုပ်လာ လုပ်နေကြ တဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဘ၀ဟာ နေ့စဉ်နှင့်အမျှ အခက် အခဲတွေ ပြဿနာတွေ စိန်ခေါ်မှု့တွေကလည်း အများသားပဲ ဆရာ။ ပြီးနိုင်တယ်လို့ကို မရှိဘူးနော်။ ဘယ်တော့များမှ ဘ၀မှာ အခက်အခဲကင်းကင်း အေးအေးချမ်းချမ်း အဆင်ပြေပြေ နေ ထိုင်ရမလဲ ဆရာရယ်ဟု ပြောလေ၏။

ထိုအခါ သက်မာကလည်း ဟုတ်တယ်နော် ဆရာ။ ကျွန်မလည်း တစ်ခါတစ်လေ စဉ်းစားမိတယ်။ ဒီလူ့လောကကြီးမှာ လူတိုင်းနီးပါး အခက်အခဲတွေ ရှိကြတယ် ဆိုကြပေမယ့် ကျွန်မတို့လို ရွေ့ပြောင်း အလုပ်သမားတွေကတော့ အခက်အခဲတွေ ပိုများသလားတောင် မသိပါဘူး။ ထိုင်းနိုင်ငံ မှာ ရောက် လာတာကို က ကံများ ဆိုးနေ သလား မသိတော့ပါဘူး ဆရာရယ်ဟု ပြောလေ၏။ ထိုကြောင့် ကျွန်ုပ်က

အင်း သားကြီးတို့ သက်မာတို့ပြောသလို အခက်အခဲတွေ စိန်ခေါ်မှု့တွေဆိုတာက တကယ်ကို ရှိပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ လူသားတိုင်း အတွက် အခက်အခဲတွေ ရှိနေတာပါ။ မင်းတို့တွေ ပြောသလို  ငါတို့ ထိုင်းနိုင်ငံရောက်နေတဲ့ လူတွေအတွက်တင် ရှိတာ မဟုတ်ပါ ဘူး။ နေရာတိုင်းမှာ အခက်အခဲတွေ ပြဿနာတွေ အဆင်မပြေမှု့တွေ ရှိနေကြတာပါ။ မဟုတ်ဘူးလား။ အရေးကြီးတာက ဘ၀မှာ ကြုံတွေ့ရတဲ့ အခြေအနေ အမျိုးမျိုးမှာ ရသင့်ယူသင့်တဲ့ သင်ခန်းစာ ကိုတော့ မင်း တို့ငါတို့တွေက ယူရမယ်။ အဲဒီ သင်ခန်းစားတွေကို မယူမိရင် ဒါမှမဟုတ် မယူမချင်း အဲဒီလို အခက်အခဲမျိုးတွေ နောက်တစ်ခါလည်း ထပ်ကြုံနိုင်တာပဲ။ ထပ်တွေ့နိုင်တာပဲ။

တစ်ချို့လူတွေက ဘ၀အတွေ့အကြုံထဲက သင်ခန်းစာကို မယူကြဘူး။  အဲဒီတော့ ဘာဖြစ်လဲ။ ကြုံနေကြ အခက်အခဲ တွေ့နေကျ စိတ်ဆင်းရဲမှု့တွေကို ထပ်ခါ ထပ်ခါ တွေ့ကြုံနေ ရနေ ရတယ်။ နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ ကြုံနေရပေမယ့် အဲဒါကို သင်ခန်းစာ မယူကြ ဘူး။ ပြုပြင်သင့်တာကို မပြုပြင်ကြဘူး။ ကံဆိုးပါတယ်လေ ဆိုပြီး ကံကိုပဲ ပုံချကြတယ်။ ကံကို ပုံချတယ် ဆိုတဲ့ အဓိပ္ပါယ်က ငါ့ကိုငါ မပြုပြင်ချင်ဘူး။ မပြုပြင်နိုင်ဘူး။ ငါ့ကိုငါ တာဝန်မယူချင်ဘူး။ ငါ့ချို့ယွင်းချက်ဟာ ငါ့တာဝန် မဟုတ်ဘူးလို့ ဆိုလိုတာနဲ့ အတူတူပဲ။ ပြုပြင်ချင်တဲ့ ဆန္ဒရှိရင် ပြုပြင်လို့ ရပါတယ်။

မင်းတို့ငါတို့တွေက ဘ၀မှာ ကြုံတွေ့လာရတဲ့ သင်ခန်းစာတစ်ခုကို နားလည်သွားပြီ သဘောပေါက် သွားပြီ ကျေညက် သွားပြီဆိုရင် နောက်သင်ခန်းစာ တစ်ခုကို တက်ရပြီ။ တစ်တန်းအောင် သွား ရင် နောက် တစ်တန်း တက်ရပြီ။ ပိုပြီး အဆင့်မြင့်တဲ့ ပိုပြီးနက်နဲတဲ့ ဥာဏ်ရဖို့ အခြေ အနေ နဲ့ တွေ့ ရပြီ မဟုတ်လား။ မင်းတို့ငါတို့ ဘ၀မှာ တွေ့ကြုံရတဲ့ လောကဓံတွေက ဘ၀ကို ဘယ်လို အသိ ဥာဏ်နဲ့ ရင်ဆိုင်ရမယ်။ 
ဘယ်လို သဘောထားနဲ့ တုန့်ပြန်ရမယ် ဆိုတာကို သင်ပေးလိုက်တာ ပါပဲ။  ဒီအချက်ကိုတော့ မင်းတို့ငါတို့တွေ လေးလေးနက်နက် စဉ်းစားတွေးခေါ်ရ မယ်။  ပြောချင်တာ ကတော့ လောကဓံ တရားနဲ့ ကြုံတွေ့ရတာ ကိုယ့်အတွက် အခွင့်အရေးပဲ။ ကိုယ်က ယူတတ်ရင် ပညာတွေတောင် အများ ကြီး ရပါသေးတယ်ကွာ။

နောက်တစ်ခု မင်းတို့ စဉ်းစားကြည့်။ ဘ၀မှာ သင်ခန်းစာ ယူစရာမရှိတဲ့ အချိန်အခါ အသက်အရွယ် အပိုင်းအခြားဆိုတာ မရှိဘူးနော်။ အသက်ရှင်နေသေးသရွေ့ သင်ခန်းစာ ယူစရာတွေ ရှိနေသေး တယ်။ မင်းတို့ငါတို့ ဘ၀အခြေအနေတွေ အမြဲတမ်း ပြောင်းလဲသွားနေတာဖြစ်လို့ အသိအမြင် သစ်တွေ  အမြဲတမ်း ရနေမှ ဖြစ်မယ်။ မင်းတို့ငါတို့ရဲ့ ဘ၀အခြေအနေတွေကို ဘယ်လို ဖြစ်လာအောင် လုပ်တယ်ဆိုတာ မင်းတို့ငါတို့ အပေါ်မှာပဲ မူတည်နေတာပါ။ 
ကိုယ့်ဘ၀ ကောင်းတာ မကောင်းတာ ကိုယ့်အပေါ်မှာ မူတည်နေတယ်။ ဒါကြောင့် အရေးကြီးတာက ဘ၀မှာ အခြေအနေ ဘယ်လောက် ဆိုးနေဆိုးနေ  ငါတတ်နိုင်တာကို ငါ အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ ကိုယ့်ကိုကိုယ် တာဝန်ပေးအပ်ထားရမယ်။ 
အဲဒီလို တွေးခေါ်စဉ်းစားမယ်ဆိုရင် ဘ၀မှာ ကြုံတွေ့နေရတဲ့ အခက် အခဲတွေ လောကဓံတရားတွေ အဆင်မပြေမှု့တွေ စိန်ခေါ်မှု့တွေကို မကြောက်တော့ဘူး။ မတွေဝေတော့ ဘူး။ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြတ်သန်း သွားနိုင်မှာပေါ့ကွာဟု ကျွန်ုပ်က ပြန်ပြော လိုက်လေတော့၏။
  ထံမှ မျှဝေဖေါ်ပြသည်...

No comments:

Post a Comment