Friday, February 14, 2014

ကိုယ်ဝန်ဆောင် သူငယ်ချင်းကို သတ်၊ ကလေးကို သားအိမ် ထဲက ထုတ်ယူပြီး သူမ ကလေး အဖြစ် မွေးစားခဲ့တဲ့ မိန်းမ






အသက် ၃၉ နှစ်အရွယ် ၊ ဂျူလီကိုရေး ဆိုသူ မိန်းမတစ်ယောက်ဟာ အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင် သူငယ်ချင်းဖြစ်သူ ဒါလိန်းဟေးနက်စ် ကို သတ်ပြီး ဗိုက်ထဲက ရှစ်လသားအရွယ် ကလေးလေးကို ထုတ်ယူခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။

ကိုရေးဟာ သူမ သူငယ်ချင်းကို ရိုက်ပုတ်ကာ သေတဲ့အထိ လည်မျို ညှစ်သတ်ခဲ့တယ်လို့  စွဲချက်တင် ခံထားရပါတယ်။  ဒီအဖြစ်အပျက်ဟာ ကိုရေးတစ်ယောက် ကိုယ်ဝန်ပျက်ကျပြီး သုံးလအကြာမှာ ဖြစ်ပွားခဲ့တာပါ။

ဟေးနက်စ်ရဲ့ အလောင်းကို သူမတိုက်ခန်း အ၀တ်ဗီရိုထဲ ထည့်ဖွက်ထားတာကို ၂၀၀၉ ခုနှစ်၊ ဂျူလိုင်လ မှာ ရဲတွေက တွေ့ ရှိခဲ့ရပြီး လည်ပင်းမှာ လျှစ်စစ်ဝါယာကြိုးနဲ့ ရစ်ပတ် ညှစ်သတ် ခံထားရတဲ့ သဲလွန်စတွေ တွေ့  ရှိခဲ့ရတာပါ။




ဟေးနက်စ် ရဲ့ အလောင်းဟာ ၀မ်းဗိုက် ပွင့်နေပြီး မမွေးဖွားရသေးတဲ့ ကလေးဟာ ပျောက်ဆုံးနေ ခဲ့ပါ တယ်။ ကိုရေးဟာ အခုထိ ဟေးနက်စ်ကို သတ်ခဲ့တဲ့ အမှုမှာ သူမ လုံးဝမပါဝင် ခဲ့ကြောင်း ငြင်း ဆိုနေပေ မယ့် ၊ ဂျူရီ လူကြီးတွေရဲ့ နှစ်ရက်နဲ့ ၁၀ နာရီကြာမြင့်တဲ့ သုံးသပ်မှု အပြီးမှာ Worcester အထက်တရားရုံးက ပထမအဆင့် လူသတ်မှုအဖြစ် စွဲချက်တင်ခဲ့ပါတယ်။

ကိုရေးရဲ့ ရည်းစားဖြစ်သူ အဲလက်စ် က သူ့ ရည်းစား ကိုယ်ဝန်ရှိနေတာ ကို သိရှိခဲ့ပြီး ၊ ဒီ ကလေးလေး ကို အိမ်ခေါ် လာတဲ့အချိန်မှာ သူ့ ကလေး လို့ ထင်နေမိခဲ့ကြောင်း သက်သေ ထွက် ဆို ခဲ့ပါတယ်။

အင်္ဂါနေ့ မှာ ကိုရေးအမှုကို စီရင်ချက်ချ မှာဖြစ်ပြီး သူမ ရဲ့ ရှေ့ နေတွေကတော့ အယူခံဝင် ဖို့ ပြင် ဆင် ထားကြောင်း ပြောဆိုခဲ့ပါတယ်။

ဟေးနက်စ်ရဲ့ ၀မ်းဗိုက်ထဲက ခွဲထုတ်ယူခဲ့တဲ့ ကလေးဟာ သက်ရှိ ထင်ရှားရှိနေပြီး အခုဆို အသက်လေးနှစ် အရွယ် ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒီကလေးမလေးကို သူမရဲ့ အဖေ (ဟေးနက်စ်ရဲ့ ရည်းစား) က စောင့်ရှောက်ထားပါတယ်။

Trend Myanmar.
From...Search Myanmar

No comments:

Post a Comment