Sunday, February 2, 2014

တရုတ်နှစ်သစ်ကူး ဆိုတာ




တရုတ်နှစ်သစ်ကူး သည် တရုတ်လူမျိုးများ အဖို့ တစ်နှစ်အတွင်း အရေးပါသည့် ရိုးရာ ပွဲတော်တစ်ရပ်ဖြစ်သည်။ 


တရုတ်ပြက္ခဒိန်မှာ နွေဦးရာသီဖြင့် စတင်သောကြောင့် နှစ်ကူးပွဲ၏ တရုတ်ဘာသာမှာ 春節 (ချွန်းဂျယ်) ဖြစ်ပြီး တိုက်ရိုက်ဘာသာပြန်လျှင် နွေဦးရာသီပွဲတော် ဟုခေါ်သည်။



တရုတ် အသိုင်းအ၀ိုင်းများကြား ကျင်းပ ဆင်နွှဲလေ့ရှိသော နှစ်သစ်ကူးပွဲတွင်နှစ်ဆန်း ၁ ရက်နေ့ မတိုင် မီ တစ်နှစ် အတွင်း မကောင်းသည့် အရာများ အညစ်အကြေးများ ကို ဆေးကြော ရှင်း လင်း ကာ အိမ်တံခါး တစ်ဖက်တစ်ချက် နှင့် အပေါ် တွင် လာဘ် လာဘကောင်းစေသော စာများပါသည့် စက္ကူနီ များ ကပ်ကာ တန်ဆာဆင်ကြသည်။ 


ထို စက္ကူများကို 春聯 (ချွန်းလျန်) ဟုခေါ်သည်။ ထို့ပြင် လူကြီးများ က ကလေးများအား နှစ်သစ်မှာ ကျန်းမာ ချမ်းသာစေဖို့ ရည်ရွယ်ပြီး အန်ပေါင်း (ဟုမ်ပေါင်း) ပေးလေ့ ရှိသည်။

တရုတ်ရိုးရာအယူအဆအရ ယခုနှစ် (၂၀၁၄) ဟာ  မြင်းနှစ်  လို့ဆိုပါတယ်။




>> REF: my.wikipedia <<
သုတဘဏ် 

From...Myanmar CNN

No comments:

Post a Comment