Wednesday, February 5, 2014

မိခင် ကို ခုတ်ထစ် သတ်ဖြတ်ပြီး အတွင်း အင်္ဂါတွေ ကို အစိမ်းလိုက် စားခဲ့တဲ့ ညီအစ်ကို သုံးယောက်


ဖိလစ်ပိုင်လူမျိုး ညီအစ်ကို သုံးယောက်ဟာ သူတို့ ရဲ့ မိခင်ကို ခုတ်ထစ်သတ်ဖြတ်ပြီး အတွင်း အင်္ဂါတွေကို အစိမ်းလိုက် စားခဲ့ကြတယ်လို့ ဖိလစ်ပိုင်ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတ်ဖြတ် မှုဟာ ရိုးရာဓလေ့ထုံးတမ်း တစ်ခုနဲ့ ဆက်နွယ်     နေတယ် လို့ လည်း ပြောကြားခဲ့ပါတယ်။
 

ဖိလစ်ပိုင်နိုင်ငံ၊ အမ်ပါတူယန်မြို့ အပိုင် ကျေးရွာတစ်ခုရဲ့  အိမ်မှာ အသက် ၅၆ နှစ်အရွယ်၊ မူဆာလာအမီးလ် ရဲ့ ရုပ်အလောင်းကို ရှာမတွေ့ မီ ရက်အနည်းငယ်က အဲဒီ့မိသားစုအိမ်ကနေ ထူးဆန်းတဲ့ ဆူညံသံတစ်ချို့  ကြားခဲ့ ရကြောင်း အိမ်နီးချင်းတွေက သတင်းပို့ ခဲ့ပါတယ်။

 
ရဲတွေ ရှာဖွေတွေ့ ရှိတဲ့ အချိန်မှာ အလောင်းဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ကိုယ်အင်္ဂါ အစိတ် အပိုင်းတွေ ပျောက် ဆုံးနေ တဲ့အပြင် သွေးထုတ်ယူခံထားရတယ်လို့ လည်း သိရပါတယ်။
 

 ဒန်တီ ၃၅ နှစ်၊ ပါရွိုင်း ၂၁ နှစ်နဲ့ အီဘရာဟင် ၁၈ နှစ်တို့ ဟာ သူတို့ အမေရဲ့ ကိုယ်အစိတ် အပိုင်းတွေ ကို အစိမ်းလိုက် စားခဲ့ကြတယ်လို့  စုံစမ်းရေးအရာရှိတွေက စွဲချက်တင်ခဲ့တာပါ။ ဒါပေမယ့်လည်း ညီအစ်ကိုသုံးယောက်လုံးကတော့ သူတို့ အမေကို မသတ်ခဲ့ဘူး လို့ ငြင်း ဆန်နေကြပါတယ်။
 

သူတို့ ပြောကြားချက်အရ သူတို့ အမေဟာ မကောင်းတဲ့ ၀ိညာဉ်ကြောင့် ဖျားနာနေတယ် လို့  ယုံကြည်ပြီး နှင်ထုတ် ဖို့ ကြိုးပမ်းခဲ့ယုံတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 

ရဲတွေဟာ ဒီမိသားစု မှာ စိတ်ဖောက်ပြန်မှုနောက်ကြောင်းရာဇ၀င် ရှိခဲ့သလား ဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ဒါပေမယ့် ဒီသတ်ဖြတ်မှုမှာ မူးယစ်ဆေးအလွဲသုံးမှုအပိုင်းကို ထည့်သွင်း စဉ်းစားရမယ်လို့ ဆိုပါတယ်။
 

အကြီးတန်းစုံစမ်းစစ်ဆေးရေးအရာရှိ ရော်နယ်ဒီလီယွန် က သံသယရှိသူသုံးယောက်စလုံးဟာ မူးယစ်ဆေးဝါး စစ်ဆေးမှုတွေကို ခံယူရမယ်လို့ ပြောကြားခဲ့ပါတယ်။ဒီညီအစ်ကိုသုံးယောက်ဟာ မိုရို တိုင်းရင်းသား မူဆလင် လူမျိုးစုနွယ်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။
 

သံသယရှိသူ သုံးယောက်လုံးဟာ အမ်ပါတူယန်မြို့ နယ်အတွင်း ပူရော့ခ် နာဘဒ်တော့ဂ်ျ ရွာက မိသားစုလယ်မြေ မှာ သူတို့ အမေနဲ့ အတူ အခြေချနေထိုင်နေကြတာပါ။ဒေသခံ လူထုခေါင်းဆောင်တွေ ကတော့ ဒီလူသုံးယောက်ဟာ သူတို့ အမေကို သတ်ခဲ့ကြပြီး သားရိုင်း တိရိစ္ဆာန်တွေလို သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက် ပွဲတော် တည်ခဲ့ကြတယ် လို့  ပြောကြားခဲ့ကြပါတယ်။
 

ဒီရွာဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ရွာတစ်ရွာဖြစ်ပြီး ၂၀၀၉ ခုနှစ်က လူ ၅၈ ယောက် အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။



ညီအစ်ကိုသုံးယောက်ဟာ ဒီအိမ်အတွင်းမှာ သူတို့ အမေကို ဓားကောက် တစ်မျိုးနဲ့ ခုတ်ထစ် သတ်ဖြတ်ပြီး ကိုယ်တွင်း အင်္ဂါတွေကို အစိမ်းလိုက်စားသုံးခဲ့ကြတယ်လို့ ယူဆထားပါတယ်။




Ref: Dailymail
Trend Myanmar
From...Search Myanmar

No comments:

Post a Comment